ချစ်စရာကောင်းအောင် အိုက်တင် မျိုးစုံလုပ်တတ်နေပြီဖြစ်တဲ့ သားသား လေးမြတ်သူကို ကြည့်ပြီး အချစ်တွေ ပို နေတဲ့ ဖေဖေမြင့်မြတ်

ချစ်စရာကောင်းအောင် အိုက်တင် မျိုးစုံလုပ်တတ်နေပြီဖြစ်တဲ့ သားသား လေးမြတ်သူကို ကြည့်ပြီး အချစ်တွေ ပို နေတဲ့ ဖေဖေမြင့်မြတ်

ပရိသတ်ကြီးရေ အကယ်ဒမီစင်မြင့်ထက်မှာ ရွှေစင်ရုပ်ထုကြီးကို ထိုက်တန်စွာရရှိခဲ့တဲ့ သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင် ခဲ့တာပဲဖြစ်ပါတယ်။ အကြမ်း ၊ အနု ဇာတ်စုံကို တိကျပိုင်နိုင်စွာ သရုပ်ဆောင်တက်တဲ့ မြင့်မြတ် က ကျရာဇာတ်ရုပ်ကို ပီပြင်စွာပုံဖော်ရင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါနော်။ မြင့် မြတ်က လတ်တလောမှာတော့ အနုပ ညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး မိသားစုကို အချိန်ပေးကာ ပျော်ရွှင်နေသူတစ်ယောက် လည်းဖြစ်ပါ တယ်…..။

မြင့်မြတ်က မင်းသမီးတစ်ယောက်လို ချောမောလှပပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ ချစ်ဇနီး ချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး သူနဲ့တူတဲ့ သားသားလေး မြတ်သူကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။

မြတ်သူလေးက ချစ်စရာ ကော င်းတဲ့ အမူအရာလေးတွေနဲ့ ဖောင်းကစ်ကစ်ပါးလေးတွေ ကြောင့် မြင်သူတိုင်း အသ ည်းယား အချစ်ပိုနေတာလည်းဖြစ်ပါတယ်။ မြင့်မြတ်က သူရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းနဲ့ သား သားလေးရဲ့ အသည်းယားစရာပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာကနေတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်…….။

ယနေ့မှာတော့ မြင့်မြတ်က သားသားလေး မြတ်သူရဲ့ ချစ်စရာကောင်းစွာ အိုက်တင်မျိုးစုံ လုပ်နေတဲ့ အသည်းယားစရာပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပုံလေးတွေတို င်းက ချစ်စရာကောင်းလွန်းနေတဲ့အပြင် ပါးပါး စတိုင်လုပ်နေတဲ့ ချစ်တုန်း ဆိုပြီး ပြောထားတာ ဖြ စ်လို့

ပရိသတ်တွေ ကြည့်ရင်းအချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက် ပေးလိုက်ပါ တယ်နော်.။ ကဲ…ချစ်ရတဲ့ ပရိသတ်တွေလည်း မြင့်မြတ်ရဲ့ သားသားလေး ပုံတွေကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်……။

Source & Photo credit – Myat Wai Tun’s FB account

Comments are closed.