ဦးမန်းဝင်းရဲ့ကျန်းမာရေး တိုး တက် ကောင်းမွန်လာတာကို မြင်တွေ့ခဲ့ရ လို့ မိသားစုနဲ့ထပ်တူဝမ်းသာ ပျော် ရွှင်ခဲ့ရတဲ့ ကောင်းကျော်

ဦးမန်းဝင်းရဲ့ကျန်းမာရေး တိုး တက် ကောင်းမွန်လာတာကို မြင်တွေ့ခဲ့ရ လို့ မိသားစုနဲ့ထပ်တူဝမ်းသာ ပျော် ရွှင်ခဲ့ရတဲ့ ကောင်းကျော်

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဟာသလူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ကောင်းကျော်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်ကတ ည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုများစွာကို ရရှိပိုင်ဆိုင်ခဲ့ပါ တယ်။ကောင်းကျော်ရဲ့ ဟာသစွမ်းရည်တွေကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျပြီး အားပေးကြတဲ့ပရိသတ်တွေရဲ့ဘဝအမောတွေကို ခေတ္တပြေပျောက်သွားစေနိုင်ပါတယ်နော်။

ကောင်းကျော်က ငြိမ်းချမ်း၊ထက်ထက်၊ဝိုင်းချစ် စတဲ့ ဟာသလူရွှင်တော်တွေနဲ့လည်း ခင်မ င်ရင်းနှီးပြီး သူတို့လူရွှင်တော်ညီအစ်ကိုတွေက အတူတူတွဲပြီး အနုပညာအလုပ် တွေလုပ် ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကပြဖျော်ဖြေထားတဲ့ အငြိမ့်တွေကို ပရိသတ်တွေကလည်း တစ်ခဲ နက်အားပေးကြပြီး ယနေ့အချိန်ထိတိုင် သူတို့ရဲ့ဟာသလေးတွေကမရိုးသွားတာဖြစ်ပါ တယ်။ အခုဆိုရင်တော့ ကောင်းကျော်က လူရွှင်တော်ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေကို အိမ်တိုင်ရာရောက် သွားရောက်မေးမြန်းခဲ့တာပါနော်။

ကောင်းကျော်က”ပြည်သူချစ်တဲ့ ရုပ်ရှင်နှင့်ဗီဒီယို ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်း ပရိသတ်၏ ပို့သသော မေတ္တာ များကြောင့် ၎င်း၏ နေအိမ်တွင် ကျန်းမာရေး အထူး တိုးတက်ကောင်းမွန် လာသည်ကိုမြင်တွေ့ခဲ့ရပါသောကြောင့် မိသားစုနှင့်ထပ်တူ ဝမ်းသာ ပျော်ရွှင် မိခဲ့ရသည်ပေါ့ ဗျာ”ဆိုပြီး ကျန်းမာရေးကောင်းလာတဲ့ ဦးမန်းဝင်းနဲ့အတူ ဓာတ်ပုံ လေး ရိုက်ပြီး ချစ်ရတဲ့ပရိသတ်ကြီးအတွက် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ် ပါတယ်နော်။

Source&Photo Credit:U Kaung Kyaw’s Facebook Account

[zawgyi]





Comments are closed.