ဆုံးပါးသွားခဲ့တဲ့ မိခင်ရဲ့ တစ်လပြည့် အနေနဲ့ မွေးရပ်ဌာနေမှာ အလှူ ကြီး တစ်ခုပြုလုပ်ခဲ့တဲ့ တက္ကသိုလ် ဂွမ်းပုံ

ဆုံးပါးသွားခဲ့တဲ့ မိခင်ရဲ့ တစ်လပြည့် အနေနဲ့ မွေးရပ်ဌာနေမှာ အလှူ ကြီး တစ်ခုပြုလုပ်ခဲ့တဲ့ တက္ကသိုလ် ဂွမ်းပုံ

ပရိသတ်ကြီးရေ အနုပညာလောကမှာ ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေဖြင့် ပရိသတ် တွေ ရဲ့ အချစ်တွေနဲ့ နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တဲ့သူကတော့ တက္ ကသိုလ်ဂွမ်းပုံ ပဲဖြစ်ပါတယ်။

တက္ကသိုလ်ဂွမ်းပုံ ကတော့ ဟာသ ဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်ရဲ့ အချစ်တွေကိုရရှိခဲ့ပြီး ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ချက် တွေကို ကြောင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမကတော့ အမြဲလိုလို ပျော်ပျော် ရွှ င်ရွှင် နေတက်ပြီး စိတ်သဘောထားအလွန်းပြည့်ဝတဲ့ အနုပညာရှင်လေးပါနော်…။

တက္ကသိုလ်ဂွမ်းပုံ ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံ ရဲ့ မိခင် ကတော့ မကြာသေးမှီ လပိုင်းလောက်က ဆုံးပါးသွားခဲ့တာကို ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ ။

ဒါ့အပြင် ဆုံးပါးသွားတဲ့ မိခင်ကြီး အားရည်ပြီးတော့ ဇာတိမွေးရပ်မြေ ပုန်းညှက်ရွာ “အောင် တော်မူစေတီ ” ရင်ပြင်တော်ကျောက်ပြားများကိုလည်း လှူဒါန်းပေး ခဲ့တဲ့ ပုံရိပ်လေးတွေ ကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးခဲ့တာကို လည်း တွေ့ရပါတယ်။

ယခုမှာတော့ တက္ကသိုလ်ဂွမ်းပုံ က မိခင်ကြီး တစ်လပြည့်တဲ့နေ့လေးမှာ ဆွမ်းကျွေးအ လှူ နဲ့ စေတီရင်ပြင်တော် အလှူတော်မင်္ဂလာကိုပါ တစ်ပါးတည်း ပြုခဲ့တဲ့ အလှူပုံရိပ်လေး တွေ ကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

ဒီပုံရိပ်လေးတွေနဲ့လည်း တက္က သိုလ်ဂွမ်းပုံ က ” မေမေ့မွေးရပ်ဌာနေ မေမေ့တလပြည့် ဆွမ်း ကျွေးအလှူနှင့် ပုန်းညှက်ရွာ အော င်တော်မူစေတီ ရင်ပြင်တော်ကျောက်ပြားအ လှူတော်မင်္ဂလာ ” ဆိုပြီး ရေးသားထားပါတ ယ်။ ကဲ..ချစ်ပရိသတ်တွေလည်း တကယ့်ကို ကြည်နူးမွန်မြတ်လှတဲ့ အလှူလေးကို ပြုလုပ် ခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ ကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးနော်..

Photo Credit – Goon Sein

Source – Goon Sein’s facebook Page

[zawgyi]

ပရိသတ်ကြီးရေ အနုပညာလောကမှာ ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေဖြင့် ပရိသတ် တွေ ရဲ့ အချစ်တွေနဲ့ နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တဲ့သူကတော့ တက် ကသိုလ် ဂွမ်းပုံ ပဲဖြစ်ပါတယ်။






Photo Credit – Goon Sein


Comments are closed.