ဒီနေ့လေးမှာပဲ မင်္ဂလာသက်တမ်း (၁၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဇဏ် ခီ တို့ဇနီးမောင်နှံ

ဒီနေ့လေးမှာပဲ မင်္ဂလာသက်တမ်း (၁၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဇဏ် ခီ တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ဇဏ်ခီတို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကို အတူတကွလုပ် ကိုင်နေကြတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း စိတ်တူကိုယ်တူနဲ့ လုပ်ဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တွေပဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကတော့ သာယာပျော်ရွှင် စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်လည်း ပိုင်ဆိုင်ထားသူတွေဖြစ်ကြပါတယ်။

ဒီနေ့ဇွန်လ(၂၅)ရက်နေ့လေးဟာဆိုရင်တော့ ဇဏ်ခီတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း( ၁၄)နှစ်ပြည့်တဲ့နေ့လေးဖြစ်ပါတယ်။အခုလို မင်္ဂလာသက်တမ်း(၁၄)နှစ်ပြည့်နေ့လေးမှာ တော့ ခရစ်စတီးနားခီက “ Happy 14th Wedding Anniversary!!My best friend, Co-worker, My idol & My everything!!ကိုယ့်အကြောင်းအကုန်သိသူ…အရာအားလုံး ပြောပြချင်တာမှန်သမျှ နားထောင်ပေးဖို့ အတူခံစားပေးဖို့ ကိုယ့်ဘဝထဲဝင်လာသူ…

အလုပ်တွေအတူတူလုပ်ရင်းမှ တပါးသူအတွက်စိတ်ခွန်အားသာပေးပြီး သူ့အတွက်ဘာ အကြောင်းကြောင့်မှ ပူပင်သောကတွေ ဒေါသတွေဖြစ်စရာမလိုပဲ အချိန်တိကျပြီး တာဝန် ယူမှု တာဝန်သိတတ်မှုအပြည့်ရှိသော လုပ်ဖော်ကိုင်ဖက်ကောင်းပီသသူ…

သူ့ သီချင်း၊ စာပေ၊ သရုပ်ဆောင်မှုတွေကိုကြိုက်နှစ်သက်လွန်းလို့ သူဟာ ငါလေးစားရတဲ့ သူပဲ…ငါမော် ကြည့်နိုင်တဲ့သူပဲဖြစ်လာသူ…Anniတိုင်းမှာ သူဘယ်လောက်မလှကြောင်း ပိုက်ဆံမရှိ ခဲ့ကြောင်း အခါခါနှိမ်ချလို့ရေးခဲ့ပေမယ့် သူ့နှလုံးသားနဲ့ ဦးနှောက်တစုံကို တော့ဖြ င့်သူမ ရေးခဲ့ပါ။

ကျမရဲ့သူ သို့ My everything ကို သူ့ရဲ့မေတ္တာတရားကြီးမားတဲ့ နှလုံးသားတစုံရယ် ဉာဏ် ပညာကြီးမားလွန်းတဲ့ ဦးနှောက်ရယ်ကို လေးစားအထင်ကြီးလွန်းလို့ သူဖခင်ဆုံးသွား တဲ့ အချိန်မှာ ချစ်ခြင်းရဲ့ ပူလောင်မှုဒါဏ်ကြောင့်ကိုယ်နောင်ဘဝမလိုချင်တော့ဘူးလို့ သူပြောရုံ နဲ့ပဲ နောင်ဘဝမှာပြန်ဆုံပါရစေကို အဲ့အချိန်ကစပြီး ဆုမတောင်းတော့ပါဘူး။

ဒီဘဝမှာ အချစ် ခံရတာနဲ့ပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ နောက်ထပ်ဆက်ချစ်ပေး ဖို့ကို လည်း မျှော် လင့်ရင်း ဘဝအဆက်ဆက် အေးချမ်းသာယာပါစေ။လိုအင်ဆန္ဒတွေပြည့်ဝ ပါစေလို့ဆု တောင်းပေးပါတယ်နော်။”ဆိုပြီး အမှတ်တရတွေကို ပြောပြထားတာပဲဖြစ်ပါတယ် ။ပရိသတ် ကြီး ကလည်း မင်္ဂလာသက်တမ်း(၁၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဇဏ်ခီတို့ ဇနီးမော င်နှံအ တွက် မင်္ဂလာဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါအုံးနော်..။

Source-Christina Kyi

[zawgyi]







Source-Christina Kyi

Comments are closed.