ဂျီဟောသူ ဇာတ်လမ်းတွဲရိုက်ကွင်း နောက်ကွယ်က ညိုထွေးရဲ့ ပုံလေး တွေ ကို တင်ပေးလာတဲ့ မေမီကိုကို
ဂျီဟောသူ ဇာတ်လမ်းတွဲရိုက်ကွင်း နောက်ကွယ်က ညိုထွေးရဲ့ ပုံလေး တွေ ကို တင်ပေးလာတဲ့ မေမီကိုကို
ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ဖမ်းစားထားနိုင်သူ လေးကတော့ Mrtv-4မင်းသမီးချောလေး မေမီကိုကိုပဲဖြစ်ပါတယ်။ မေမီက ဇာတ်လမ်းတွဲ အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မတူညီတဲ့ ကာရိုက်တာတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပုံဖော်ပေးနိုင်သူဖြစ်လို့
ပရိသတ်တွေရဲ့ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရ ယူထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်။ မကြာသေးမီက ထုတ်လွှင့်ပြထားတဲ့ လိပ်ပြာနှောင် ကြိုး ဇာတ်လမ်းတွဲလေးထဲမှာလည်း သရဲမလေး ဂျူးရီအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ပရိသတ်တွေ အကြိုက်တွေ့စေ ခဲ့တာပါနော်……..။ 
မေမီက ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတက်တဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အချစ်ပို နေကြတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမီက အနုပညာလှုပ်ရှားမှုတွေကို
ကြိုးစားလုပ်ကိုင်နေပြီး ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေတာ ပါနော်။ ဒါ့အပြင် ယခုလက်ရှိ Mrtv-4မှာ ထုတ်လွှင့်ပြသနေတဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲ လေးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်….။
ဇာတ်လမ်းတွဲလေးက နာမည်ကြီး ဝတ္ထုတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသ မီးချောလေး မေမီက စိတ်ရင်းကောင်းပြီး မာနကြီးတဲ့ ညိုထွေးဆိုတဲ့ ကာရိုက်တာလေးနဲ့ သရုပ် ဆောင်ကာ ပရိသတ်အချစ်တွေကို သိမ်းပိုက်ရယူနေတာလည်းဖြစ်ပါတယ်။
ယနေ့မှာတော့ မေမီက ရိုက်ကွင်းနောက်ကွယ်က ညိုထွေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာ တာဖြစ်ပြီး ” စာဖတ်ပျင်းတဲ့ ညိုထွေးလေး ဘာတွေဆက်လုပ်မှာလဲ ” ဆိုတဲ့ စာသားလေးကို လည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတ ယ် နော်……။ 
Source & Photo credit – May Mi Ko Ko’s FB page 
[zawgyi]
Comments are closed.