ဘိုမရုပ်ကလေးလို ချစ်စရာကောင်း နေပြီး အသည်းယားစရာကောင်း အောင် ပိုစ့်ပေးနေတဲ့ သံသာမိုးသိမ့်

ဘိုမရုပ်ကလေးလို ချစ်စရာကောင်း နေပြီး အသည်းယားစရာကောင်း အောင် ပိုစ့်ပေးနေတဲ့ သံသာမိုးသိမ့်

ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ Mrtv-4ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက် လာတာမကြာသေးတဲ့ သူပါနော်။ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သံသာမိုးသိမ့်က ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး မတူညီတဲ့ ကာရိုက်တာတွေနဲ့ တိကျပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်း နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော်………။

သံသာမိုးသိမ့်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်အချစ်တော်မလေး သံသာမိုးသိမ့်က သူမ အားလပ်တဲ့ အချိန်လေးတွေမှာ ချစ်စရာ ကောင်းတဲ့ Tiktokဗီဒီယိုလေးတွေနဲ့ အမိုက်စားပုံရိပ်လေးတွေကို ရိုက်ကူးပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလျှက်ရှိနေပါနော်…။ ယနေ့မှာလည်း သံသာမိုးသိမ့်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ ပိုစ့်တစ်ခု တင်ပေး လာတာပဲဖြစ်ပါတယ်…….။

ဘိုမရုပ်ကလေးလို အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတဲ့အပြင် အသည်းယားစရာကောင်း အောင် ပိုစ့်ပေးနေတဲ့ သူမရဲ့ ပုံရိပ်အလှလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပုံလေး တွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေပြီး ကြည့်မိသူတိုင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ချစ်ရတဲ့ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက် ပါတယ်နော်။ ပရိသတ်တွေကလည်း သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်……..။

Photo credit – ” Than Thar Moe Theint – သံသာမိုးသိမ့် ” FB page

Source  – ” Than Thar Moe Theint – သံသာမိုးသိမ့် ” FB page

[zawgyi]






Comments are closed.