တစ်ချိန်က အလှမယ်ဘဝမှ အောင်မြင်တဲ့ မင်းသမီးဘဝသို့ခြေဆန့်လာကြသူများ

တစ်ချိန်က အလှမယ်ဘဝမှ အောင်မြင်တဲ့ မင်းသမီးဘဝသို့ခြေဆန့်လာကြသူများ

ယနေ့ အနုပညာလောကထဲမှာ အောင်မြင်တဲ့မင်းသမီးအဖြစ် ထိပ်တန်းစာရင်းဝင်နေကြသူများ ရှိကြပါတယ်။ အောင်မြင်တဲ့မင်းသမီးတွေဖြစ်လာဖို့ဆိုတာ အယောက်တစ်ထောင်မှာ တစ်ယောက်ဖြစ်ဖို့တောင် ခဲယဉ်းတာအမှန်ပါ။ ကံ၊ စန်း၊ ပါရမီ (၃) ခုပေါင်းဆုံပြီးမှ ဖြစ်လာခဲ့တဲ့ မင်းသမီးတွေထဲမှာ အလှမယ်လောကကနေပြီးတော့ ဝင်ရောက်လာခဲ့တဲ့ မင်းသမီးတွေကိုလည်း တော်တော်များများတွေ့ရပါတယ်။ အလှမယ်ဘဝကနေပြီးတော့ အနုပညာလောကထဲကို ဝင်ရောက်လာပြီး ထိပ်ထိပ်ကြဲအောင်မြင်တဲ့ မင်းသမီးတွေဖြစ်သွားခဲ့ကြသူများကို ဖော်ပြပေးမှာပါ။

အိန္ဒြာကျော်ဇင်

Miss Christmas 1996 နဲ့ Miss Kokkine 1996 ဆုရှင်ဖြစ်ခဲ့တဲ့ အလှမယ် အိန္ဒြာကျော်ဇင်ကလည်း လက်ရှိမှာ အကယ်ဒမီ ရွှေတံဆိပ် ဆုရှင်ဖြစ်နေပြီဖြစ်ပါတယ်။

သက်မွန်မြင့်

သက်မွန်မြင့်ကတော့ ၁.၁.၁၉၉၈ ခုနှစ်ကျောင်းသားအားကစားပွဲမှာ တိုင်းရင်းသားအလှမယ်ဆိုအပြင် ကာယဗလမယ် (1st Runner Up) ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ 2000 ခုနှစ်မှာတော့ Miss GS 2000 ဆုရှင်ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ အကယ်ဒမီ (၂) ထပ်ကွမ်းဆုရှင်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

အေးမြတ်သူ

Miss People 2006 နဲ့ Miss Now How 2005(1st Runner Up) ဆုရှင်ဖြစ်ခဲ့တဲ့ အေးမြတ်သူဟာလည်း အလှမယ်လောကကနေပြီးတော့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့အပျိုကြီးဘဝနဲ့အရိုးထုတ်နေဆဲ မင်းသမီးလေးပါ။

အေးဝတ်ရည်သောင်း

Miss Christmas 1998 ဆုရှင်ဖြစ်ခဲ့တဲ့အလှမယ် အေးဝတ်ရည်သောင်းကတော့ ပရိသတ်တွေကြား အေးသောင်းဆိုတဲ့နာမည်လေးနဲ့ တဖန်နာမည်ပြန်ကြီးလာခဲ့သူလေးပါ။ လက်ရှိမှာလည်း သူမဟာ အပျိုကြီးဂုဏ်ကို ထိန်းသိမ်းထားဆဲပါပဲ။

မိုးယုစံ

Miss Now How 2007 နဲ့ Miss Moe Yan 2007 ဆုရှင်ဖြစ်ခဲ့တဲ့ အလှမယ် မိုးယုစံဟာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာတော့ မိသားစုလေးနဲ့အတူ အနုပညာအလုပ်တွေလုပ်ကိုင်မှု ခပ်ကျဲကျဲဖြစ်သွားတာကိုတော့ တွေ့ရပါတယ်။

ချမ်းမီမီကို

Miss ဆုတွေ အများကြီးရပြီး မင်းသမီးလောကမှာလဲ အောင်မြင်ခဲ့တဲ့ ချမ်းမီမီကိုတစ်ယောက်ကတော့ လက်ရှိမှာ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကို လုံးဝနီးပါး မလုပ်ကိုင်တော့တာ တွေ့ရပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ မင်းသမီးတွေထဲမှာ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ မိုးယုစံနဲ့ ချမ်းမီမီကိုတို့က အိမ်ထောင်ရက်သားကျခဲ့ပြီဖြစ်ပြီးတော့ အေးဝတ်ရည်သောင်းနဲ့အေးမြတ်သူတို့ကတော့ ယခုချိန်ထိ အပျိုကြီးဘဝကို ဆက်လက်ထိန်းသိမ်းထားဆဲပဲဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.