အိမ်စာရိတ်လေးရအောင် အ ကြော် ရောင်းနေပါတယ်လို့ ဘဝအ ကြော င်း ပြောလာတဲ့ ကြူကြူသင်း

အိမ်စာရိတ်လေးရအောင် အ ကြော် ရောင်းနေပါတယ်လို့ ဘဝအ ကြော င်း ပြောလာတဲ့ ကြူကြူသင်း

အစ်မက ကော်ရည် ခေါက်ဆွဲဆိုင်လေးဖွင့်ထားတယ်၊ ဆိုင်ကတော့ အကြီးကြီးမဟုတ်ဘူး၊ ရပ်ကွက်ထဲမှာ တစ်ပိုင်တစ်နိုင် လောက်ပဲ၊ အခုလိုCOVID ကာလမှာသူများတွေ ဈေးရော င်းလို့ အစ်မက လိုက်ရောင်းတာမျိုး မဟုတ်ပါဘူး၊ နဂို ကတည်းက အိမ်ရဲ့ စရိတ် လေးလည်း ရအောင်လို့ ရောင်းတာပါ၊ —

ဇာတ်ပို့ဇာတ်ရန်အဖြစ်သရုပ်ဆောင်နေတဲ့ ကြူကြူသင်းဟာ အခုဆိုရင် ဝင်ငွေရတဲ့ ကိုယ်ပိုင် အလုပ်ကလေးကို လုပ်ကိုင်နေသလို တစ်ဖက်ကလည်း ကုသိုလ်ရဖို့ လုပ်ဆောင်နေတယ် လို့ သိရပါတယ်။သူနေထိုင်ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက် အနီးက ဘုန်းတေ

ာ်ကြီးကျောင်းတွေ၊ စာသင်တိုက် တွေက ရဟန်း၊ သံဃာတော် တွေကို မကြာခဏကုသိုလ်ပြု လှူ ဒါန်းမှုများလုပ်ဆောင်နေသလို လမ်းမှာကြွတဲ့ သီလရှင်တွေ၊ သံဃာတော်တွေကို လည်း

အမြဲလှူဒါန်း တာတွေ၊ ကြုံရင်ကြုံသလိုပရဟိတကုသိုလ်ပြုအလှူတွေ လုပ်ဆောင်ရင်း အခုလို COVID ကာလမှာ ရပ်တည်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ “အစ်မက ကော်ရည် ခေါက်ဆွဲဆိုင်လေးဖွင့်ထားတယ်၊

ဆိုင်ကတော့ အကြီးကြီးမဟုတ်ဘူး၊ ရပ်ကွက်ထဲမှာ တစ်ပိုင်တစ်နိုင် လောက်ပဲ၊ အခုလို COVID ကာလမှာ သူများတွေဈေးရောင်းလို့ အစ်မက လိုက်ရောင်းတာမျိုး မဟုတ်ပါဘူး၊ နဂို ကတည်းက အိမ်ရဲ့ စရိတ်လေးလည်းရအောင်လို့

ရောင်းတာပါ၊ ကြုံရင်ကြုံသလိုတော့ လှူဖြစ်နေတာပဲ၊ မလှူ တတ်ရင် ဈေးရောင်းပါဆိုတာ လည်း ရှိတာ ပဲမဟုတ်လား၊ အခုကာလကတော့ သိတဲ့အတိုင်းပဲလေ၊အကုန်လုံးက ဘာမှ ကိုလုပ်လို့မှမရတာ၊ ဈေးရောင်းတာလေးနဲ့ပဲလုပ်ရင်း လှူတယ်၊ ဒီကုသိုလ်လေးကပဲ ဘဝမှာ ပါသွားမှာလေ”လို့ သူမက ရှင်းပြပါတယ်။

သူမဟာ ယခင်ကတည်းက ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားအများအပြားမှာ ဇာတ် ပို့ဇာတ်ရန် သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဈေးကွက် ကောင်း ချိန်ကိုလည်း မှီခဲ့သူဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

“အနုပညာအလုပ်ကတော့ လုပ်နေဦးမှာပါ၊ ဒါကလည်း ကိုယ်ဝါသနာပါတာလေ၊ ဝါသနာပါ တာ လေး လုပ်ရရင် ပျော်တယ်လေ၊ ဒီဆိုင် လေးက အိမ်စရိတ်အတွက်ထောက်ကူပြုတော့

ကိုယ်ဝါသနာပါတာလေးကို အေးဆေးလုပ်လို့ရမှာပေ့ါ၊ ဒါပေမဲ့ လောလောဆယ်က COVID ကလည်း မပြီးသေးတော့ ဘယ်အချိန်ကျမှ ပြန်ပြီးရိုက်ကူးရေးတွေအတွက် ခွင့်ပြုပေးမလဲ တော့ မသိဘူးနော်၊ပြောထားဆိုထားတဲ့ ကားတွေတော့ရှိတယ်၊ အဲ့ဒါတွေကလည်း COVID ကြောင့် ရပ်ထားရတယ်၊ ဒီကာလမှာ ကိုယ့်ကိုယ် ကိုလည်း ဂရုစိုက်ကြပါ၊ တာဝန်ရှိသူ တွေရဲ့

ထုတ်ပြန်ချက် တွေကိုလည်း သေသေချာချာနားထောင်ရင်း ကျန်းမာရေးကိုလည်း ဂရုစိုက် ကြပါ၊ ကုသိုလ်အရေးလည်း မမေ့ပါနဲ့”လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(ဓာတ်ပုံ- ကိုနိုင် NG)

Comments are closed.