မကြီးစိုးကိုအလယ်မှာထားပြီး အပီအပြင်ရန်တွေ့နေကြတဲ့ စိုးပြည့် သဇင်နဲ့စန္ဒီမြင့်လွင်တို့ညီအစ်မရဲ့အခွီတလိုင်း Tik Tok ဗီဒီယိုလေး

မကြီးစိုးကိုအလယ်မှာထားပြီး အပီအပြင်ရန်တွေ့နေကြတဲ့ စိုးပြည့် သဇင်နဲ့စန္ဒီမြင့်လွင်တို့ညီအစ်မရဲ့အခွီတလိုင်း Tik Tok ဗီဒီယိုလေး

မင်းသမီးချောလေးတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ကတော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ ညီအစ်မတွေပဲ ဖြစ်ကြပါ တယ်။ စိုးညီအစ်မတွေလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ကြတဲ့ သူမတို့တွေကတော့ ပရိသတ်တွေရဲ့ အချစ်ကို အရယူထားနိုင်တာ ဖြစ်ပါတယ် ။ စိုးညီအစ်မတွေက အနုပညာအလုပ်တွေအပြင် ပိုးထည်ဆိုင်လေးတစ်ခုတည်ထောင်ပြီး ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ် ။

တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်နေကြတဲ့ စိုးညီအစ်မတွေက အခု လည်း လူစုံတုန်း အခွီပုံစံ Tik Tok လေးကစားခဲ့ကြတာ ဖြစ်ပါတယ် ။

ဒီဗီဒီယိုလေးမှာတော့ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ညီအစ်မနှစ်ယောက်က မကြီးစိုးကို အလယ်မှာထားပြီး အပီအပြင်ရန်ဖြစ်နေကြတာပဲ ဖြစ်ပါတယ် ။ တစ်ယောက်တစ်ခွန်းစီ ရန်တွေ့နေကြတဲ့ စိုး ပြည့်တို့နှစ်ယောက်ကြားမှာ နေနေရတဲ့ မကြီးစိုးရဲ့အိုင်တင်တွေကတော့ တကယ့်ကိုရ ယ်နေရတာပဲ ဖြစ်ပါတယ် ။

မကြီးစိုးက “မနက်က ညီအစ်မတွေဘုန်းကြီးကျောင်းမှာ ကုသိုလ် ကောင်းမှု သွားလုပ်ကြ တယ်ပေါ့လေ ဘုန်းဘုန်းကြွမလာခင် ညီအစ်မ နှစ်ယောက်ကြားမှာ ကြီးကောင်ကြီးမားနဲ့ ၀င်ကြိတ်ထားတဲ့ ဟာလေးက ရယ်စရာကောင်းနေလို့ ကျွန်မတို့ကို ချစ်တဲ့ သူတွေပါ ရယ် ရအောင်

ဒီနေရာကနေ ဝေမျှလိုက်ပါတယ်နော် (တစ်ခါပဲ ရိုက်တဲ့ ၃ယောက်စကေးက တော်ရုံတော့ မဟုတ်မရယ်တဲ့ လူကတော့ အကောင်ဘဲ ) ” ဆိုပြီး ဗီဒီယိုလေးကိုတင်ပေး ထားတာ ဖြစ်ပါတ ယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ စိုးညီအစ်မသုံး ယော က်ရဲ့အခွီဗီဒီယို လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Soe Myat Thu Zar’s FB Page

[zawgyi]





Comments are closed.