ချစ်သူဘေဘီမောင်ရဲ့ အနားကနေ မခွဲတမ်း ချွဲနေတဲ့ အပြုအမူလေးေ တွကို ချစ်မဝဖြစ်နေတဲ့ သားဂန်း
ချစ်သူဘေဘီမောင်ရဲ့ အနားကနေ မခွဲတမ်း ချွဲနေတဲ့ အပြုအမူလေးေ တွကို ချစ်မဝဖြစ်နေတဲ့ သားဂန်း
Source: Thar Gun’s Facebook
Sakura(Cele Connections)
အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ အစီအစဉ်ကနေ စတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့သူ အဆိုတော် သားဂန်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရ င်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ သားဂန်းကတော့ သီချင်းဆို ကောင်းသလို မင်းသားရှုုံးလောက်အောင် ချောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားကာ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။
ယောက်ျား ပီသပြီး ချောမော သူ သားဂန်းကတော့ သူ့ရဲ့ နှလုံးသား အရည်ပျော်အောင် လုပ်နိုင်သူ သရုပ်ဆောင် ဘေဘီမောင်နဲ့ ချစ်သူတွေဖြစ်ကြပြီး အမြဲတမ်း နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ချစ်စရာစုံတွဲလေးဖြစ်ပါတယ်နော်.။
သားဂန်းကတော့ ချစ်ရသူ ဘေဘီမောင်ရဲ့ အလုပ်တွေကို လိုက်ကူညီပေးပြီး မခွဲမခွာ အနားမှာ နေကာ ချစ်သူအပေါ် အချစ်တွေ ချစ်မဝဖြစ်နေသူလို့ ဆိုရမှာပါ.။ ဒီနေ့ ဇွန်လ (၂၈)ရက်နေ့မှာတော့ သားဂန်းက ချစ်သူ ဘေဘီမောင်နဲ့အတူတူ မေမြို့သို့ သွားနေတဲ့ ပုံရိပ် လေးတွေကို “မောနင်း မေမြို့သို့” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ ပါတယ်.။
သားဂန်းကတော့ ချစ်သူ ဘေဘီမောင် ဘေးနားမှာ အမြဲတမ်း ကိုယ်ရံတောင်တစ်ယောက် လို လိုက်စောင့်ရှောက်ကာာ အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်တဲ့ သူပါပဲနော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်စရာကောင်းတဲ့ ဆယ်လီစုံတွဲလေး ဘေဘီမောင်နဲ့ သားဂန်းတို့ စုံတွဲရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Comments are closed.