အောင်မြင်ဖို့ရည်ရွယ်ပြီး အလှူ တွေလုပ်တာမဟုတ်ဘူးဆိုတဲ့ ဖြူဖြူထွေး

အောင်မြင်ဖို့ရည်ရွယ်ပြီး အလှူ တွေလုပ်တာမဟုတ်ဘူးဆိုတဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးဟာ စိတ်ရင်း စေတနာနဲ့ ပြုလုပ်တဲ့ အလှူအတန်းတွေကြောင့် အခုလို အောင်မြင် လာတာလို့ ဆိုပါတယ်။ 

ဖြူဖြူထွေးကတော့ အခုဆိုရင် ပရိသတ်အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် တစ်ဦးဖြစ် လို့နေပါပြီ။ စိတ်ရင်း စေတနာထားပြီး လုပ်ခဲ့တဲ့ အလှူအတန်းတွေကြောင့် အခုလို အောင်မြင် လာတာလို့လည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုလိုဖြစ်လာတာက ပြောရမယ်ဆိုရင် အလှူအတန်းလေးတွေလည်း လုပ်လို့ပါ။ အလှူအ တန်း လုပ်တယ်ဆိုတာကလည်း အောင်မြင်မှုရဖို့ ရည်ရွယ်ပြီးလုပ်ခဲ့ တာမဟုတ်ဘူး။ ကိုယ့် ရဲ့ စေတနာ၊ သဒ္ဒါတရားလေးတွေ ပေါင်းပြီးတော့ အလှူအတန်းလုပ်ခဲ့တာ ဖြစ်တဲ့အတွ က် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ် အလှူအတန်းလုပ်တဲ့သူဟာ တကယ် ငွေမပျက်ဘူးဆို တာ မှန်တယ်” လို့ ဇွန်လ(၁၁) ရက်နေ့က ခန့်စည်သူရဲ့ မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

အလှူအတန်းတွေ လုပ်ရင် ကိုယ့်မှာရှိတဲ့ ငွေကြေးတွေ ကုန်သွားတယ်လို့ မထင်စေချင် ဘူးလို့ လည်း ဖြူဖြူထွေးက ပြောလာပါတယ်။ အခုဆိုရင်တော့ သူမဟာ မိဘနှစ်ပါးကို ရန် ကုန်မှာရော၊ ရွာမှာရော တိုက်ကောင်းကောင်းနဲ့ ထားနိုင်ပါပြီတဲ့။ 

“ တချို့တွေက ထင်ကြတယ် လှူလိုက်ရင် ကုန်သွားပြီလို့ ထင်ကြတာပေါ့။ အမှန်ကတော့ လှူလိုက်လို့ရှိရင် ပိုပြီး ပွားလာတာပါ။ ပွားလာတယ်ဆိုတာကလည်း ကိုယ်ကြိုးစားမှ ရတာပါ။ ပွားလာတာ ဆိုပြီး လှူပဲ လှူမနေကြနဲ့ပေါ့။ ပိုက်ဆံကလည်း စုဖြစ်တယ်။ အိမ်ကတော့ တော်ပါပြီ ရန်ကုန်မှာ တစ်တိုက်၊ ရွာမှာ တစ်တိုက် ဆိုရင် တော်ပြီ။ အိမ်တွေက များနေပြီ။ အခု နှစ်အိမ်တောင်မှ ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်နဲ့” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကား ကြီးတွေတောင် ရိုက်ကူးနေရပါပြီ။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင် လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။

Comments are closed.