လူတကာစွန့်ပစ်ထားတဲ့ အမှိုက်ပုံကြီး ကို အမှီပြုနေထိုင်ရသူတွေ ကိုကြည့်ြ ပီး စိတ်မကောင်းဖြစ်လို့ တတ်နိုင်တာ ထက်လှူဒါန်းမယ်ဆိုတဲ့ ခိုင်နှင်းဝေ

လူတကာစွန့်ပစ်ထားတဲ့ အမှိုက်ပုံကြီး ကို အမှီပြုနေထိုင်ရသူတွေ ကိုကြည့်ြ ပီး စိတ်မကောင်းဖြစ်လို့ တတ်နိုင်တာ ထက်လှူဒါန်းမယ်ဆိုတဲ့ ခိုင်နှင်းဝေ





[Unicode]

အဆင်းရော အချင်းပါပြည့်စုံတဲ့ မင်းသမီးလေး ခိုင်နှင်းဝေကတော့ လူတကာလက်လှမ်းမ မှီနိုင်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ရင်း ကုသိုလ်ယူနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းမှတဆင့် (၇) ရက်သားသမီး လှူဒါန်းထား တဲ့ အလှူငွေတွေနဲ့ စုပေါင်းပြီး အခက်အခဲဖြစ် ချို့တဲ့တဲ့နေရာတွေကို လက်လှမ်းမှီသလောက် လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက လူတကာစွန့်ပစ်ထား တဲ့ အမှိုက်ပုံကြီးကို အမှီပြုနေထိုင်ရသူတွေအတွက် ထီးများသွားရောက်လှူဒါန်းမယ့် အကြောင်း အခုလိုပဲ ပြောပြထားပါတယ်။

“ကျွန်မတို့ နက်ဖြန် ထီးများ သွားရောက်လှူဒါန်းမယ့် နေရာလေးဖြစ်ပါတယ်။ အနီးအနားက လူများက ထင်ထားတာထက် ပိုပြီး ချို့တဲ့နေတာ မြင်တော့ ကျွန်မရင်ထဲ တက်နိုင်တာထက် ပို တဲ့ သဒ္ဒါတရားပိုလာလို့ သူတို့လေးတွေစားဖို့ မုန့်များပါ ထပ်မံ လှူဒါန်းပေးသွားမှာ ဖြစ်ပါတ ယ် ရှင် 🙏🙏🙏” ဆိုပြီး ထီးများအပြင် စားစရာတွေပါ လှူဒါန်းမယ်လို့ ပြောထားပါတယ်။

ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်နဲ့ ပက်သတ်လာရင် သူမကိုယ်တိုင် စိတ်ရောကိုယ်ပါ ဆောင်ရွက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသမီးလေး ခိုင်နှင်းဝေ အကယ်ဒမီဆုတွေလ ည်း ထပ်မံရရှိပြီး ပရဟိတအကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

Comments are closed.