(၇)ရက်သားသမီးကို လှူဒါန်းဖို့အ တွက် ညအိပ်ချိန်ထိတိုင် ကြိုးစား ပန်းစား အလုပ်လုပ်နေတဲ့ ခိုင် နှင်းဝေ

(၇)ရက်သားသမီးကို လှူဒါန်းဖို့အ တွက် ညအိပ်ချိန်ထိတိုင် ကြိုးစား ပန်းစား အလုပ်လုပ်နေတဲ့ ခိုင် နှင်းဝေ

တစ်ချိန်က ဆံပင်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲ ချစ်ခဲ့ရတဲ့ မင်းသမီလေး ခိုင်နှင်း ဝေက ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင် နှင်းဝေက ပရဟိတလုပ်ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက်လည်း ဂေဟာလေး ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် ခိုင်နှင်းဝေက သူမချစ်တဲ့ အနုပညာလုပ်ငန်း တွေ ကိုလည်း မလစ်ဟင်းရအောင် အချိန်ပေးလုပ်ကိုင်နေလျက်ရှိပါတယ်။

လက်ရှိမှာတော့ ခိုင်နှင်းဝေက ကပ်ရောဂါကြောင့် ကြပ်တည်းနေရတဲ့ အခြေခံမိသားစု တွေအတွက် စားသောက်စရာနဲ့ ထီးတွေကို လိုက်လံလှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ် ခေါက် မှာလည်း ခိုင်နှင်းဝေက အမှိုက်ပုံကြီးကို အမှီပြုနေထိုင်နေရတဲ့ အခြေခံမိသားစု တွေ အတွက် ထီးအပြင် မြေပဲကြော်၊ ကြက်သွန်နီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ သွား တိုက်တံ၊ ဦးထုပ်၊ အင်္ကျီ၊ စောင် နဲ့ ကလေးပစ္စည်းများကို လှူဒါန်းဖို့ ညအိပ်ချိန်အထိ ကြိုးစားနေတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေကတော့ အများအကျိုးကို ဆောင်ရွက်ရမယ်ဆိုရင် နေ့မအိပ်၊ ညမအိပ်ကို ကြိုး စားလွန်းသူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် ပရဟိတအလုပ်တွေကို ဒီထက်မက ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Source: Khine Hnin Wai’s fb

[zawgyi]

တစ္ခ်ိန္က ဆံပင္ရွည္ေလးနဲ႔ ပရိသတ္ေတြရဲ့ အသည္းစြဲ ခ်စ္ခဲ့ရတဲ့ မင္းသမီေလး ခိုင္ႏွင္း ေဝက ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းေတြကို စြမ္းစြမ္းတမံ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ခိုင္ ႏွင္းေဝက ပရဟိတလုပ္ငန္းေတြနဲ႔ မိဘမဲ့ကေလးငယ္ေလးမ်ားအတြက္လည္း ေဂဟာေလး ဖြင့္လွစ္ေပး ထားတာ ျဖစ္ပါတယ္။ဒါ့အျပင္ ခိုင္ႏွင္းေဝက သူမခ်စ္တဲ့ အႏုပညာလုပ္ငန္း ေတြ ကိုလည္း မလစ္ဟင္းရေအာင္ အခ်ိန္ေပးလုပ္ကိုင္ေနလ်က္ရွိပါတယ္။

လက္ရွိမွာေတာ့ ခိုင္ႏွင္းေဝက ကပ္ေရာဂါေၾကာင့္ ၾကပ္တည္းေနရတဲ့ အေျခခံမိသားစု ေတြအ တြက္ စားေသာက္စရာနဲ႔ ထီးေတြကို လိုက္လံလွူဒါန္းေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ ေခါက္ မွာ လည္း ခိုင္ႏွင္းေဝက အမွိုက္ပုံႀကီးကို အမွီျပဳေနထိုင္ေနရတဲ့ အေျခခံမိသားစု ေတြ အတြက္ ထီးအျပင္ ေျမပဲေၾကာ္၊ ၾကက္သြန္နီ၊ ငါးေသတၱာ၊ ေခါက္ဆြဲေျခာက္၊ သြား တိုက္တံ၊ ဦးထုပ္၊ အကၤ်ီ၊ ေစာင္ နဲ႔ ကေလးပစၥည္းမ်ားကို လွူဒါန္းဖို႔ ညအိပ္ခ်ိန္အထိ ႀကိဳးစားေနတာကို ေတြ႕ရပါ တယ္။

ခိုင္ႏွင္းေဝကေတာ့ အမ်ားအက်ိဳးကို ေဆာင္ရြက္ရမယ္ဆိုရင္ ေန႔မအိပ္၊ ညမအိပ္ကို ႀကိဳး စားလြန္းသူတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝတစ္ေယာက္ ပရဟိတအလုပ္ေတြကို ဒီထက္ မက ေဆာင္ရြက္နိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္ေနာ္။

Source: Khine Hnin Wai’s fb

Comments are closed.