ျပန္အစားထိုးလို႔ မရနိုင္ေတာ႔တဲ႔ ဂီတပညာရွင္ ထူးအိမ္သင္အေႀကာင္း

ျပန္အစားထိုးလို႔ မရနိုင္ေတာ႔တဲ႔ ဂီတပညာရွင္ ထူးအိမ္သင္အေႀကာင္း

၁၉၆၃ ခုနွစ္ ဇူလိုင္လ ၁ရက္ေန႔ မွာ အဆိုေတာ္ ထူးအိမ္သင္ ကို အဖ ဦးထြန္းျမင္႔ ၊ အမိ ေဒၚျမရင္တို႔မွ ေမြးဖြားခဲ႔ပါတယ္။ အမည္ရင္းကေတာ႔ ေက်ာ္ျမင္႔လြင္ျဖစ္ပါတယ္။ ခ်စ္စနိးနဲ႕ ေခၚႀကတဲ႔ နာမည္ေျပာင္ေတြကေတာ႔ သွ်ပ္ ၊ ဘဲဥ ၊ ငွက္ႀကီး အစ ရွိတာေတြပဲျဖစ္ပါတယ္။ ဇနီးသည္အမည္ကေတာ႔ မသြယ္သြယ္ေထြးျဖစ္ျပီးေတာ႔ တစ္ဦးတည္းေသာ သမီးေလးကေတာ႔ မိကြန္ေထာ ပဲျဖစ္ပါတယ္။

ငယ္စဥ္က အ.မ.က (၂၀ ) ပုသိမ္တြင္ မူလတန္းပညာေရးကို သင္ႀကားခဲ႔ျပီး အ.ထ.က (၃) ပုသိမ္ မွာ အထက္တန္းေအာင္ျမင္ခဲ႔ပါတယ္။ ၁၉၈၁ ခုနွစ္မွာေတာ႔ မိသားစုနဲ႔ အတူ ေမာ္လျမိဳင္သို႔ ေျပာင္းေရြ႕ခဲ႔ျပီး Botany ေမဂ်ာျဖင္႔ ဘြဲ႔ရရွိခဲ႔ပါတယ္။

ေက်ာင္းျပီးသြားတဲ႕ေနာက္မွာေတာ႔ ေမာ္လျမိဳင္ျမိဳက ဂီတဆရာ ဆရာ ဦးေအာင္စိုး ( KC Francis ) ထံမွ ဂီတပညာနွင္႔ ဂီတသေကၤတ တို႔ကို ေလ႔လာဆည္းပူးခဲ႔ပါတယ္။ ထူးအိမ္သင္ဟာ ဂီတပညာရွင္တစ္ဦးအျဖစ္ ရပ္တည္ရန္ အစဥ္အျမဲ ႀကိဳးစားအားထုတ္ေနရင္း ကိုယ္ပိုင္သံစဥ္သီခ်င္းစာသားမ်ားကို ေရးဖြဲ႕သီကံုးခဲ႔ပါတယ္။

၁၉၈၇ ခုနွစ္မွာေတာ႔ ထူးအိမ္သင္ရဲ႕တစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ႔ နာရီေပၚကမ်က္ရည္စက္မ်ား ေတးစီးရီးနဲ႔ ဂီတေလာကထဲကို စတင္ဝင္ေရာက္လာပါတယ္။ ဒီ ေတးစီးရီး နဲ႔ ပရိသတ္လက္ခံအားေပးမႈ စတင္ရရွိခဲ႔တယ္လို႔ ေျပာရင္လည္း မွာမယ္မထင္ပါဘူး။ ထူးအိမ္သင္ရဲ႕ အျခား တစ္ကိုယ္ေတာ္ေတးစီးရီးမ်ားျဖစ္တဲ႔ ေမွာ္ဆရာအိပ္မက္ ၊ သက္ျငိမ္ ၊ အရင္အတိုင္း ၊ စကားလံုးမရွိတဲ႔ေကာင္းကင္ ၊ ျမိဳ႕ျပလေရာင္တမ္းခ်င္း ၊ ဝင္ရိုးစြန္းမီး ၊ အစိမ္းေရာင္ ရက္စြဲမ်ား ၊ တစ္ေန႔စာအလြဲမ်ား ၊ ခ်စ္ျခင္းအားျဖင္႔ အစရွိတဲ႔ ေတးအယ္ဘယ္လ္ ေတြ ဟာ ပရိသတ္ေတြႀကား အထူးေအာင္ျမင္ခဲ႔ပါတယ္။

ဒါ႔အျပင္ ေဝးသြားတဲ႔အခါ သီခ်င္းမွာ အသံုးျပဳသြားတဲ႔ ဂီတသေကၤတေတြကို နိုင္ငံတကာဂီတပညာရွင္ေတြ ကိုယ္တိုင္က အသိအမွတ္ျပဳရသည္အထိ ေအာင္ျမင္ေက်ာ္ႀကားခဲ႔ပါတယ္။

၁၉၉၁ ခုနွစ္မွာ ထူးအိမ္သင္ ( ေခၚ ) ကိုငွက္ႀကီး ကို္ယ္တိုင္ ေရးစပ္သီဆိုထားတဲ႔ ရာဇဝင္မ်ားရဲ႕သတို႕သမီး သီခ်င္းေႀကာင္႔ ပရိသတ္မ်ား မ်က္ခံုးလႈပ္ခဲ႔ရပါတယ္။ သီခ်င္း သေဘာတရားက ျမန္မာနိုင္ငံရဲ႕ ဧရာဝတီျမစ္ အေႀကာင္း သီကံုုးေရးဖြဲ႕ထားေသာ္လည္း ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုႀကည္ကို ရည္ညြန္းဖြဲ႕ဆိုထားသည္ဟု အမ်ားက ထင္ျမင္ခဲ႔ႀကပါတယ္။ ထို႔ေႀကာင္႔ ပင္ သူ၏ေဖ်ာ္ေျဖေရးပြဲမ်ားကို စစ္အစိုးရက ပိတ္ပင္ခဲ႔ပါတယ္။

ေတးသီခ်င္းေပါင္းမ်ားစြာ ေရးသားသီဆိုခဲ႕တဲ႔ အဆိုေတာ္ ထူးအိမ္သင္ဟာ Oasis ေတးသံသြင္းမွာေနာက္ဆံုး ေတးသီခ်င္းေခြအတြက္ အသံသြင္းမႈမ်ားျပဳလုပ္ခဲ႔ကာ ၁၄ ရက္ ၈လပိုင္း ၂၀၀၄ ခုနွစ္ နံနက္ ၁၁နာရီ ၄၀ မိနစ္ အခ်ိန္မွာ ကြယ္လြန္ခဲပါတယ္။ ကြယ္လြန္ခ်ိန္မွာေတာ႔ အသက္ ၄၂ နွစ္ ရွိေနျပီျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

၁၉၆၃ ခုနှစ် ဇူလိုင်လ ၁ရက်နေ့ မှာ အဆိုတော် ထူးအိမ်သင် ကို အဖ ဦးထွန်းမြင့် ၊ အမိ ဒေါ်မြရင်တို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ ကျော်မြင့်လွင်ဖြစ်ပါတယ်။ ချစ်စနိးနဲ့ ခေါ်ကြတဲ့ နာမည်ပြောင်တွေကတော့ သျှပ် ၊ ဘဲဥ ၊ ငှက်ကြီး အစ ရှိတာတွေပဲဖြစ်ပါတယ်။ ဇနီးသည်အမည်ကတော့ မသွယ်သွယ်ထွေးဖြစ်ပြီးတော့ တစ်ဦးတည်းသော သမီးလေးကတော့ မိကွန်ထော ပဲဖြစ်ပါတယ်။

ငယ်စဉ်က အ.မ.က (၂၀ ) ပုသိမ်တွင် မူလတန်းပညာရေးကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ် မှာ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ မိသားစုနဲ့ အတူ မော်လမြိုင်သို့ ပြောင်းရွေ့ခဲ့ပြီး Botany မေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။

ကျောင်းပြီးသွားတဲ့နောက်မှာတော့ မော်လမြိုင်မြိုက ဂီတဆရာ ဆရာ ဦးအောင်စိုး ( KC Francis ) ထံမှ ဂီတပညာနှင့် ဂီတသင်္ကေတ တို့ကို လေ့လာဆည်းပူးခဲ့ပါတယ်။ ထူးအိမ်သင်ဟာ ဂီတပညာရှင်တစ်ဦးအဖြစ် ရပ်တည်ရန် အစဉ်အမြဲ ကြိုးစားအားထုတ်နေရင်း ကိုယ်ပိုင်သံစဉ်သီချင်းစာသားများကို ရေးဖွဲ့သီကုံးခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ ထူးအိမ်သင်ရဲ့တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နာရီပေါ်ကမျက်ရည်စက်များ တေးစီးရီးနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာပါတယ်။ ဒီ တေးစီးရီး နဲ့ ပရိသတ်လက်ခံအားပေးမှု စတင်ရရှိခဲ့တယ်လို့ ပြောရင်လည်း မှာမယ်မထင်ပါဘူး။ ထူးအိမ်သင်ရဲ့ အခြား တစ်ကိုယ်တော်တေးစီးရီးများဖြစ်တဲ့ မှော်ဆရာအိပ်မက် ၊ သက်ငြိမ် ၊ အရင်အတိုင်း ၊ စကားလုံးမရှိတဲ့ကောင်းကင် ၊ မြို့ပြလရောင်တမ်းချင်း ၊ ဝင်ရိုးစွန်းမီး ၊ အစိမ်းရောင် ရက်စွဲများ ၊ တစ်နေ့စာအလွဲများ ၊ ချစ်ခြင်းအားဖြင့် အစရှိတဲ့ တေးအယ်ဘယ်လ် တွေ ဟာ ပရိသတ်တွေကြား အထူးအောင်မြင်ခဲ့ပါတယ်။

ဒါ့အပြင် ဝေးသွားတဲ့အခါ သီချင်းမှာ အသုံးပြုသွားတဲ့ ဂီတသင်္ကေတတွေကို နိုင်ငံတကာဂီတပညာရှင်တွေ ကိုယ်တိုင်က အသိအမှတ်ပြုရသည်အထိ အောင်မြင်ကျော်ကြားခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ ထူးအိမ်သင် ( ခေါ် ) ကိုငှက်ကြီး ကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ ရာဇဝင်များရဲ့သတို့သမီး သီချင်းကြောင့် ပရိသတ်များ မျက်ခုံးလှုပ်ခဲ့ရပါတယ်။ သီချင်း သဘောတရားက မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ် အကြောင်း သီကုံးရေးဖွဲ့ထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းဖွဲ့ဆိုထားသည်ဟု အများက ထင်မြင်ခဲ့ကြပါတယ်။ ထို့ကြောင့် ပင် သူ၏ဖျော်ဖြေရေးပွဲများကို စစ်အစိုးရက ပိတ်ပင်ခဲ့ပါတယ်။

တေးသီချင်းပေါင်းများစွာ ရေးသားသီဆိုခဲ့တဲ့ အဆိုတော် ထူးအိမ်သင်ဟာ Oasis တေးသံသွင်းမှာနောက်ဆုံး တေးသီချင်းခွေအတွက် အသံသွင်းမှုများပြုလုပ်ခဲ့ကာ ၁၄ ရက် ၈လပိုင်း ၂၀၀၄ ခုနှစ် နံနက် ၁၁နာရီ ၄၀ မိနစ် အချိန်မှာ ကွယ်လွန်ခဲပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၄၂ နှစ် ရှိနေပြီဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.