အသက် (၆) နှစ်ပြည့်မွေးနေ့လေး မှာ မိဘတွေရဲ့တိုက်တွန်းမှုမပါဘဲ ကိုယ်တိုင် သာသနာ့ဘောင်ကိုဝင် ရောက်ခဲ့တဲ့ ဇင်ဇင်ဇော်မြင့်ရဲ့ သား ငယ်လေး
အသက် (၆) နှစ်ပြည့်မွေးနေ့လေး မှာ မိဘတွေရဲ့တိုက်တွန်းမှုမပါဘဲ ကိုယ်တိုင် သာသနာ့ဘောင်ကိုဝင် ရောက်ခဲ့တဲ့ ဇင်ဇင်ဇော်မြင့်ရဲ့ သား ငယ်လေး
သားရတနာပိုင်ဆိုင်ထားတဲ့မိဘတိုင်းရဲ့အိပ်မက်ဟာ ရဟန်းဒါယိကာ ဒါယိကာမဖြစ်ချင်တာ ချည်းပါပဲ။ ကလေးတွေသင်္ကန်းနိုင်တဲ့အရွယ် ရောက်ပြီဆိုရင် ကိုရင်ဝတ်ပေးချင်ကြပါ တယ် ။ ဇင်ဇင်ဇော်မြင့်ရဲ့သားလေးကတော့ မိဘတွေရဲ့တိုက်တွန်းမှုမပါဘဲ ကိုယ်တိုင်က သာသနာ့ဘောင်ဝင်ချင်တဲ့အတွက် အသက် (၆) နှစ်ပြည့်မွေးနေ့လေးမှာ ကိုရင်လေးဘဝကို ကိုယ်တိုင်ကျေကျေနပ်နပ်နဲ့ ခံယူခဲ့ပါတယ်။
မိခင်တစ်ယောက်အနေနဲ့ ဇင်ဇင်ဇော်မြင့်ကတော့ အတိုင်းအသိဝမ်းသာနေခဲ့ပါတယ်။ သား လေးရဲ့ပင်ကိုယ်စိတ်လေးနဲ့ သာသနာ ကိုယုံကြည်ကိုးကွယ်လိုစိတ်ကြောင့် မိဘတွေ ကိုယ် တိုင် လည်းကြည်နူးပျော်ရွှင်ပြီး သာသနာ့ဘောင်ကိုဝင်ရောက်စေခဲ့ပါ တယ်။ ငယ်စဉ် ကတည်းက သာသနာ့ကိုယုံကြည်ကိုးကွယ်တတ်သူမို့ မိဘတွေရဲ့အဆုံးအမတော်မှုကိုတော့ တကယ်လေးစားမိ ပါရဲ့။
ကြည်နူးစရာ ရဟန်းခံရှင်ပြုအလှူလေးကို ” ၂၉. ၆. ၂၀၂၀ သားငယ်လေး ရဲ့ (၆) နှစ် မွေးနေ့ မှာ အမှတ်တရအဖြစ် အမွန်မြတ်ဆုံး လက်ဆောင်အဖြစ် သားငယ်လေးက ကိုရင်လေးဝတ်ပြီး ဖေဖေ မေမေ ဖိုးဖိုးဖွားဖွား ဦးဦး ဒေါ်ဒေါ်များနဲ့ ခင်ပွန်းကြီး (၁၀) ပါး တို့အတွက် ကုသိုလ်ယူ မြင့်မြတ်တဲ့ ကိုရင်လေးဘဝကို ခံယူပါတယ်. လိမ္မာရေးခြားရှိတဲ့ သားငယ် လေး သူ့ရဲ့စိတ်ကိုက ဝတ်ချင်လို့ ဝတ်ပေးရတဲ့အတွက် မိဘအနေနဲ့ အလွန်အမင်းကျေနပ်ကြည်နူးမိပါတယ်. သားငယ်လေးရဲ့ ဘဝမှာ ကံကောင်းခြင်းတွေ
ကျန်းမာခြင်းတွေလာဘ်ရွှင်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ အနာရောဂါကင်းဝေးပြီး အ သက် ရှည် အနာမဲ့ ဘုန်းကံကြီးပြီး လူသားပီသတဲ့လူ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကုသိုလ် တွေ နဲ့အမြဲရှင်သန်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်သော သူတော်ကောင်း လေးဖြစ်ပြီး တရားထူး တရားမြတ်ကို ငယ်စဉ်ထဲက လွယ်ကူလျင်မြန်စွာ အနှောက်အယှက် ကင်းစွာရပြီး ပြုသမျှကုသိုလ် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ရပါစေသား Happy Birthday သားငယ်လေး ” ဆိုပြီးဝေမျှခဲ့ပါတယ်။
credit-cele zone
[zawgyi]
ကျန်းမာခြင်းတွေလာဘ်ရွှင်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ အနာရောဂါကင်းဝေးပြီး အ သက် ရှည် အနာမဲ့ ဘုန်းကံကြီးပြီး လူသားပီသတဲ့လူ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကုသိုလ် တွေ နဲ့အမြဲရှင်သန်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်သော သူတော်ကောင်း လေြး ဖစ်ပြီး တရားထူး တရားမြတ်ကို ငယ်စဉ်ထဲက လွယ်ကူလျင်မြန်စွာ အနှောက်အယှက် ကင်းစွာရပြီး ပြုသမျှကုသိုလ် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ရပါစေသား Happy Birthday သားငယ်လေး ” ဆိုပြီးဝေမျှခဲ့ပါတယ်။
credit-cele zone
Comments are closed.