သတိေမ့ေနတဲ့ (၁၅) ရက္မွာ ေမြးရပ္ေျမ႐ြာေလးကိုျပန္ေရာက္သြားတယ္ဆိုတဲ့ ဦးမန္းဝင္း

သတိေမ့ေနတဲ့ (၁၅) ရက္မွာ ေမြးရပ္ေျမ႐ြာေလးကိုျပန္ေရာက္သြားတယ္ဆိုတဲ့ ဦးမန္းဝင္း

လြန္ခဲ့တဲ့ရက္ပိုင္းေတြက စိုးရိမ္စရာအေျခအေနကိုရင္ဆိုင္ခဲ့ရတဲ့ ဦးမန္းဝင္းရဲ႕က်န္းမာေရး အေျခအေနကိုေတာ့ ပရိသတ္ေတြလည္း သိရွိၿပီးျဖစ္မွာပါ။ ဦးေႏွာက္ေသြးယိုစိမ့္မႈေၾကာင့္ အေရးေပၚေဆး႐ုံတင္ကာ ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီး (၁၅) ရက္ေလာက္ ျပန္မႏိုးလာခဲ့တဲ့ဦးမန္း ဝင္း ကို သမီးျဖစ္သူက သတိေမ့ေနတဲ့အခ်ိန္ဘယ္ေတြေရာက္ေနသလဲ ျဖည္းျဖည္းခ်င္းေမးျမန္း ခဲ့တဲ့ အခါမွာေတာ့

” ေဖႀကီး ဟိုရက္က ဘယ္ေတြေရာက္ေနတာလဲ ” ” ေျပာမယ္ ” ” ေဖႀကီး ဒီေလာက္အၾကာႀကီး ဘယ္ေတြသြားေနတာလဲ “” ႐ြာေရာက္ေနတာ ” ( အေဖ့ဇာတိ ကမာကယာေက်း႐ြာပါ )” အေဖ့ကို ဘယ္သူေခၚသြားတာလဲ ” ” ဘယ္သူမွမေခၚဘူး သူ႔ဘာသာေရာက္ေနတာ ” ” ႐ြာမွာဘယ္သူနဲ႔ေတြ႕ခဲ့ေသးလဲ ” ” အေမနဲ႔ ” ( အေဖ့ရဲ႕အေမ အဖြားနဲ႔ပါ ) ” အဖြားက ဘယ္ မွာေနလဲအေဖ ” ”

သူ႔အိမ္ေလးမွာေနတယ္ ” ” အဖြားက စကားေျပာလား ” ” မေျပာဘူး ” ” အေဖ့ကိုေရာ ျမင္လား ” ” ျမင္တယ္ မေျပာတာ ” ” အဖြားက ႐ြာမွာဘာလုပ္ေနတာလဲ ” ” ဥပုသ္ေစာ နတယ္ ” ” တျခားသူငယ္ခ်င္းေတြေရာ ေတြ႕ခဲ့ေသးလား ” ” မေတြ႕ပါဘူး ” ” ေတာကုလားႀကီးေရာ ေတြ႕လား ” ( အေဖ့အစ္ကိုႀကီးပါ ) ” မေတြ႕မိဘူး ” ” အေဖ့ကို ဘယ္သူလိုက္ပို႔တာလဲ ” ” အေဖ့ဘာသာ ျပန္လာတာ ” စတဲ့ အေဖနဲ႔စကားေျပာျဖစ္ခဲ့ပုံကို ပရိသတ္ႀကီးအတြက္ မွ်ေဝခဲ့ ပါတယ္။

ဦးမန္းဝင္းကေတာ့ ေလသံထြက္ၿပီးစကားေျပာေနႏိုင္ၿပီျဖစ္တဲ့အျပင္ ဆုေတာင္းေပးၾကတဲ့ပရိ သတ္ေတြေၾကာင့္ စိုးရိမ္ရတဲ့အေျခအေနကို လြတ္ေျမာက္လာၿပီလို႔ ဆိုရမွာပါ။ အခုလိုျပန္ သက္သာလာတဲ့အခ်ိန္မွာေတာ့ သတိေမ့ေနတဲ့(၁၅) ရက္က ဘယ္ေရာက္ေနသလဲဆိုတဲ့ သမီးျဖစ္သူရဲ႕ေမးျမန္းမႈအေပၚ ျပန္လည္ေျဖဆိုခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ…

Source – Man Win- Joker
Rainbow- Cele Gabar

[Unicode]

လွန်ခဲ့တဲ့ရက်ပိုင်းတွေက စိုးရိမ်စရာအခြေအနေကိုရင်ဆိုင်ခဲ့ရတဲ့ ဦးမန်းဝင်းရဲ့ကျန်းမာရေး အခြေအနေကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ဆေးရုံတင်ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး (၁၅) ရက်လောက် ပြန်မနိုးလာခဲ့တဲ့ ဦးမန်း ဝင်း ကို သမီးဖြစ်သူက သတိမေ့နေတဲ့အချိန်ဘယ်တွေရောက်နေသလဲ ဖြည်းဖြည်း ချင်း မေးမြန်း ခဲ့တဲ့ အခါမှာတော့

” ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ ” ” ပြောမယ် ” ” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ “” ရွာရောက်နေတာ ” ( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )” အဖေ့ကို ဘယ်သူခေါ်သွားတာလဲ ” ” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ ” ” ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ ” ” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ ) ” အဖွားက ဘယ် မှာနေလဲအဖေ ” ”

သူ့အိမ်လေးမှာနေတယ် ” ” အဖွားက စကားပြောလား ” ” မပြောဘူး ” ” အဖေ့ကိုရော မြင်လား ” ” မြင်တယ် မပြောတာ ” ” အဖွားက ရွာမှာဘာလုပ်နေတာလဲ ” ” ဥပုသ်စော နတယ် ” ” တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား ” ” မတွေ့ပါဘူး ” ” တောကုလားကြီး ရော တွေ့လား ” ( အဖေ့အစ်ကိုကြီးပါ ) ” မတွေ့မိဘူး ” ” အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ ” ” အဖေ့ဘာသာ ပြန်လာတာ ” စတဲ့ အဖေနဲ့စကားပြောဖြစ်ခဲ့ပုံကို ပရိသတ်ကြီးအတွက် မျှဝေခဲ့ ပါတယ်။

ဦးမန်းဝင်းကတော့ လေသံထွက်ပြီးစကားပြောနေနိုင်ပြီဖြစ်တဲ့အပြင် ဆုတောင်းပေးကြတဲ့ပရိ သတ်တွေကြောင့် စိုးရိမ်ရတဲ့အခြေအနေကို လွတ်မြောက်လာပြီလို့ ဆိုရမှာပါ။ အခုလိုပြန် သက်သာလာတဲ့အချိန်မှာတော့ သတိမေ့နေတဲ့(၁၅) ရက်က ဘယ်ရောက်နေသလဲဆိုတဲ့ သမီးဖြစ်သူရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source – Man Win- Joker
Rainbow- Cele Gabar

Comments are closed.