စပျစ်ခြံထဲမှာ ဖေဖေ၊မေမေတို့နဲ့အ တူ စပျစ်သီးလေးတွေကိုယ်တိုင် လိုက်ခူးကာ ပျော်ရွှင်နေတဲ့သုသု နဲ့ဖိုးဓီတို့ရဲ့ Video လေး
စပျစ်ခြံထဲမှာ ဖေဖေ၊မေမေတို့နဲ့အ တူ စပျစ်သီးလေးတွေကိုယ်တိုင် လိုက်ခူးကာ ပျော်ရွှင်နေတဲ့သုသု နဲ့ဖိုးဓီတို့ရဲ့ Video လေး
ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူတွေကတော့ ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံအတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်နေတာကြောင့်လည်း အကယ်ဒမီထူး ချွန် ဆုတွေကိုပါ ရရှိပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားပြီး ထိပ်တန်းအနုပညာရှင်တွေအဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။
သူတို့မိသားစုလေးဟာ မကြာသေးခင်ကလည်း ပြင်ဦးလွင်ကို ပျော်ပျော်ပါးပါး အပန်းဖြေခရီး ထွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့မိသားစုလေးသာမကဘဲ မေတိုးခိုင်တို့ သားအမိတွေနဲ့ အူဝဲတို့ယောင်းမ မိသားစုတွေပါ ပါဝင်ကြတာလည်း ဖြစ်တာကြောင့် ဒီခရီးစဉ်လေးဟာ အရမ်း ကို ပျော်စရာကောင်းခဲ့တာပါ။ အူဝဲကတော့ ခရီးစဉ်တစ်လျှောက် ပျော်ခဲ့ရတာလေးတွေ ကို Vlog Video လေး ရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှပေးလိုက်ပြန်ပါပြီနော်။
ဒီဗီဒီယိုလေးထဲမှာ သူမတို့ ပြင်ဦးလွင်မှာ နေထိုင်ခဲ့စဉ်တစ်လျှောက်လုံး သွားရောက် လည် ပတ်ခဲ့တဲ့ နေရာတွေကို ပရိသတ်တွေကြည့်ရှုပြီး ပျော်ရွှင်ကြည်နူးနိုင်အောင် ရိုက်ကူး တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ စပျစ်ခြံကြီးထဲမှာလည်း မိသားစုတွေ ပျော်ပျော်ပါးပါး လတ်လတ်ဆတ်ဆတ်စပျစ်သီးတွေကို ကိုယ်တိုင်ခူးဆွတ်နေကြတာဟာလည်း မြင်ရသူ တိုင်း ကို အပျော်တွေကူးစက်စေမှာဖြစ်တာကြောင့် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Pyay Ti Oo and Eaindra Kyaw Zin’s YouTube and Eaindra Kyaw Zin’s Facebook Page 
[zawgyi]
Comments are closed.