ဖားကန္႔မွာ သီခ်င္းလာဆိုရင္ မင္းတို ႔ကိုေပးဖို႔ အေႏြးထည္ေတြစု ထား တယ္ေလကြာလို႔ ဝမ္းနည္းဖြယ္ ဆို လာတဲ့ ေဒါင္းေဝ

ဖားကန္႔မွာ သီခ်င္းလာဆိုရင္ မင္းတို ႔ကိုေပးဖို႔ အေႏြးထည္ေတြစု ထား တယ္ေလကြာလို႔ ဝမ္းနည္းဖြယ္ ဆို လာတဲ့ ေဒါင္းေဝ

ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဒါင္းေဝကေတာ့ က်ရာဇာတ္႐ုပ္မွာပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ႐ုပ္ရွင္ဗြီဒီယိုဇာတ္ကားေတြသာမက MRTV-4 ႐ုပ္သံဇာတ္လ မ္း တြဲေတြမွာပါ အမ်ားဆုံးေတြ႕ျမင္ေနရသူတစ္ေယာက္ပါ။

သ႐ုပ္ေဆာင္အလုပ္အျပင္ ဝါသနာပါရာဂီတခရီးလမ္းကိုေလွ်ာက္လွမ္းရင္း ပရိသတ္ေတြ အ တြက္ သီခ်င္းအစ္ေတြခ်ျပႏိုင္ဖို႔ ဆက္တိုက္ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။ နယ္ေဖ်ာ္ေျဖ ပြဲေ တ ြသြားေနသူရမို႔ လတ္တေလာေျမၿပိဳမႈျဖစ္ပြားခဲ့တဲ့ဖားကန္႔မွာ ရင္းႏွီးခဲ့ရတဲ့သူငယ္ခ်င္းေ တြအ တြက္ သူ႔ရင္ထဲက ခံစားခ်က္တခ်ိဳ႕ကို ေရးသားမွ်ေဝခဲ့ပါတယ္။

“သူငယ္ခ်င္းေတြ ကြၽန္ေတာ့ကိုခ်စ္တဲ့ပရိတ္သက္ညီအကိုေတြ ဘဝဆက္တိုင္းဆက္တိုင္း ဒီလိုအျဖစ္ဆိုးမ်ိဳးေတြနဲ႔မႀကဳံၾကပါေစနဲ႔ … ဘယ္ေကာင္မွဖုန္းဆက္မရဘူး စိတ္ပူလိုက္ တာ ကြာ… ငါဒီတစ္ေခါက္ဖားကန္႔သီခ်င္းလာဆိုရင္မင္းတို႔အတြက္လက္ေဆာင္… အေႏြးအက်ႌေ တြစုထားၿပီးသားပါကြ” ဆိုၿပီး သူငယ္ခ်င္းေတြအတြက္ ေျဖမဆည္ႏိုင္ျဖစ္ေနေၾကာင္း မွ်ေဝခဲ့ ပါတယ္ ပရိသတ္ႀကီးေရ…

ကမာၻတစ္ဝွမ္းလုံးမွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ ေသဆုံးသူ (၆) ေယာက္သာရွိေပမယ့္ ေျမၿပိဳမႈေၾကာင့္ လူႏွစ္ရာထက္မနည္းေသဆုံးခဲ့ရပါတယ္။ ေဒါင္းေဝ ကေ တာ့ “ကိုဗစ္ေၾကာင့္မေသဘဲ ငတ္မွာစိုးလို႔ရရာအလုပ္ထလုပ္ရင္းေသရတဲ့ သူငယ္ခ်င္းေ တြ…မင္းတို႔ဘဝေတြကိုငါစာနာပါတယ္ကြာ” ဆိုၿပီးေတာ့လည္း သူ႔ရင္ထဲခံစားခ်က္ေ တြမွ်ေဝ ခဲ့ပါေ သးတယ္။

Source – Daung Wai
Rainbow- Cele Gabar

[Unicode]

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းဝေကတော့ ကျရာဇာတ်ရုပ် မှာပီ ပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေသာမက MRTV-4 ရုပ်သံ ဇာတ်လ မ်း တွဲတွေမှာပါ အများဆုံးတွေ့မြင်နေရသူတစ်ယောက်ပါ။

သရုပ်ဆောင်အလုပ်အပြင် ဝါသနာပါရာဂီတခရီးလမ်းကိုလျှောက်လှမ်းရင်း ပရိသတ်တွေ အ တွက် သီချင်းအစ်တွေချပြနိုင်ဖို့ ဆက်တိုက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ နယ်ဖျော်ဖြေ ပွဲေ တ ွသွားနေသူရမို့ လတ်တလောမြေပြိုမှုဖြစ်ပွားခဲ့တဲ့ဖားကန့်မှာ ရင်းနှီးခဲ့ရတဲ့သူငယ် ချင်းေ တွအ တွက် သူ့ရင်ထဲက ခံစားချက်တချို့ကို ရေးသားမျှဝေခဲ့ပါတယ်။

“သူငယ်ချင်းတွေ ကျွန်တော့ကိုချစ်တဲ့ပရိတ်သက်ညီအကိုတွေ ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့မကြုံကြပါစေနဲ့ … ဘယ်ကောင်မှဖုန်းဆက်မရဘူး စိတ်ပူလိုက် တာ ကွာ… ငါဒီတစ်ခေါက်ဖားကန့်သီချင်းလာဆိုရင်မင်းတို့အတွက်လက်ဆောင်… အနွေးအကျႌေ တွစုထားပြီးသားပါကွ” ဆိုပြီး သူငယ်ချင်းတွေအတွက် ဖြေမဆည်နိုင်ဖြစ်နေကြောင်း မျှဝေခဲ့ ပါတယ် ပရိသတ်ကြီးရေ…

ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ (၆) ယောက်သာရှိပေမယ့် မြေပြိုမှုကြောင့် လူနှစ်ရာထက်မနည်းသေဆုံးခဲ့ရပါတယ်။ ဒေါင်းဝေ ကေ တာ့ “ကိုဗစ်ကြောင့်မသေဘဲ ငတ်မှာစိုးလို့ရရာအလုပ်ထလုပ်ရင်းသေရတဲ့ သူငယ် ချင်းေ တွ…မင်းတို့ဘဝတွေကိုငါစာနာပါတယ်ကွာ” ဆိုပြီးတော့လည်း သူ့ရင်ထဲခံစား ချက်ေ တွမျှဝေ ခဲ့ပါေ သးတယ်။

Source – Daung Wai
Rainbow- Cele Gabar

Comments are closed.