စည်ဖြိုးရဲ့မွေးနေ့မှာ ကျိုက်မ ရောမြို့ ကမ္ဘာလုံးစေတီ အတွက် မတည် ငွေ သိန်း(၁၀၀) လှူဒါန်းခဲ့တဲ့ မိခင်
စည်ဖြိုးရဲ့မွေးနေ့မှာ ကျိုက်မ ရောမြို့ ကမ္ဘာလုံးစေတီ အတွက် မတည် ငွေ သိန်း(၁၀၀) လှူဒါန်းခဲ့တဲ့ မိခင်
အလှူအတန်းတွေအမြဲမပြတ် လုပ်လေ့ရှိတဲ့ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် စည်ဖြိူးတို့မိ သားစုကတော့ ပရိသတ်တွေရဲ့ လေားစားအာကျချစ်ခင်အားပေးခြင်းကိုရရှိထားပါတယ်။ စည်ဖြိုးရဲ့မိခင်ဖြစ်သူ ဒေါ်သီသီဝင်းကတော့ ပရိသတ်တွေရင်းနှီပြီးသားဖြစ်ပြီး သူဟာ ပရဟိ တစိတ်ဒာတ်အပြည့်နဲ့ အလှူအတန်းတွေအမြဲပြူလုပ်တတ်သူပဲဖြစ်ပါတယ်။
ဒေါ်သီသီဝင်းကတော့ ဇွန်လ(၄)ရက်နေ့ဖြစ်တဲ့ ယနေ့မှာကျရောက်တဲ့ သားငယ်လေး ပြည့်ဖြိုါ်ရဲ့ မွေးနေ့အလှူအဖြစ် ကျိုက်မရောမြို့ ကမ္ဘာလုံးစေတီ အတွက် မတည်ငွေ သိန်း (၁၀၀) လှူဒါန်းခဲ့တဲ့အကြောင်းကို “မွန်ပြည်နယ်ကျိုက်မရောမြို့ ကမ္ဘာလုံးစေတီ အတွက် သားငယ် ဖိုးပြည့် ၂၄ပြည့်မွေးနေ့တွင် (ET family) မှ မတည်ငွေ သိန်း၁၀၀ နဲ့အတူ ဆရာ တော်ကြီးများအားဆွမ်းနှင့်နဝကမ္မအလူဒါနပုံရိပ်များ” ဆိုတဲ့စာသားလေးနဲ့အတူ အလှူပြုလု ပ်ခဲ့တဲ့ ပုံရိပ်အချို့ကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် စည်ဖြိုးတို့မိသားစုကတော့ အလှူရေစက်လက် နဲ့ မ ကွာဆိုသလို လိုအပ်တဲ့နေရာဒေသတွေကို အမြဲမပြတ်လှူဒါန်းလေ့ရှိကြပါတယ်။ မိခင်ဖြစ်သူ ဒေါ်သီသီဝင်းရဲ့ သားငယ်လေးရဲ့ မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့တဲ့ ကျိုက်မရောမြို့ ကမ္ဘာလုံး စေတီ အတွက် မတည်ငွေ သိန်း(၁၀၀)အလှူလေးကို မေတ္တာပွားပြီး သာဓု ခေါ်ခဲ့ကြဦးနော်။
Source:E Thi
[zawgyi]
Source:E Thi
Comments are closed.