ချစ်စရာကောင်းတဲ့ ပုံစံမျိုးမဟုတ်ပဲ ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ အထာကျနေတဲ့ ခင်ဝင့်ဝါ

ချစ်စရာကောင်းတဲ့ ပုံစံမျိုးမဟုတ်ပဲ ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ အထာကျနေတဲ့ ခင်ဝင့်ဝါ

နာမည်ကျော် အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး မော်ဒယ်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ ခင်ဝင့်ဝါကတော့ ဖေစ့်ဘုတ်ပေါ်မှာ ရေပန်းစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖြူစင်ပြီးချစ်စရာကောင်းတဲ့အလှကြောင့် ပရိသတ်တွေကြားမှာ လူကြိုက်များတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာ အရင်ကနဲ့မတူ ကွဲပြားတဲ့ခပ်မိုက်မိုက်ဖက်ရှင်၊အပြင်အဆင်တွေနဲ့ ပရိသတ်တွေရဲ့ နုလုံးသားကို ဖမ်းစားလိုက်ပြန်ပါပြီ။

ခင်ဝင့်ဝါကတော့ Joox ရဲ့ Shake the World ပွဲကို တက်ရောက်ခဲ့တဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။

ခင်ဝင့်ဝါကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ချစ်စရာကောင်းတဲ့ပုံစံမျိုးမဟုတ်ပဲ ခပ်မိုက်မိုက် ပုံစံလေးနဲ့ အထာကျနေတဲ့ ခင်ဝင့်ဝါရဲ့ ပုံလေးတွေကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

Source: Khin wint Wa

Comments are closed.