တစ်ပတ် စာ ၇ရက်သား သမီးဟောစာတမ်း – 31.1.2019မှ06.2.2019 အထိ

တစ်ပတ် စာ ၇ရက်သား သမီးဟောစာတမ်း – 31.1.2019မှ06.2.2019 အထိ

တ နင်္ဂနွေ

ဒီကာလအတွင်း အဟောင်းတွေထက်အသစ်တွေက ပိုမိုအကျိုးပေးနေတာတွေ့ရပါတယ်။ လုပ်ငန်းသစ်၊ စီးပွားသစ်၊အတွေးအခေါ်သစ်တွေကိုဦးစားပေးလိုက်ပါ။ လူကြီးမိဘတွေအတွက်ပူပန်သောကတွေရောက်ရတတ် ပါတယ်။ ကိုးကွယ်စရာပစ္စည်းတွေလဲ လက်ဆောင်တွေရလာတတ်ပါတယ်။ မိမိအတွက် အရေးကြီးတဲ့ခရီးမျိုးတွေ သွားရဖို့အကြောင်းဖန်လာတဲ့ကာလတွေပါပဲ။ငွေကြေးနဲ့ပက်သက်ရင် ပုံမှန်ပါပဲ။

အရမ်းကြီးငွေဝင်နေတာမျိုးမဟုတ် သလို ငွေကုန်ကြေးကျများနေတာလဲမဟုတ်ပါဘူး။ ကျန်းမာရေးကတော့ နည်းနည်းညံ့ပါတယ်။ ခန္ဓာကိုယ်ပင်ပန်း ရာကနေပန်းဖျားဖျားတာမျိုးဖြစ်လွယ်ပါတယ်။ အိုးအိမ်နေရာထိုင်ခင်း အပြောင်းအလဲတွေဖြစ်လွယ်တဲ့နေ့ရက်ပါပဲ။ မိတ်ဆွေသစ်တွေတိုးပွားပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲ အဆင်ပြေအောင်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အချစ်ရေးကံအထူးပဲကောင်းမွန်နေတတ်ပါတယ်။

ချစ်သူနဲ့အတူတူပျော်စရာအချိန်လေးတွေကိုဖြတ်သန်းနိုင်ပါလိမ့် မယ်။ အိမ်ထောင်ရေးကတော့ အခက်အခဲများနေပါလိမ့်မယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာလေးတွေ သဘောထားမတိုက်ဆိုင်တာလေးတွေရှိနေတတ်ပါတယ်။ ပညာရေးအတွက် ကံကောင်းခြင်းရရှိတတ်ပါတယ်။အကျိုးပေးဂဏန်း2/5/1အထူးဟော ကံသင့်ပါတယ်။ယတြာ မွေးနေ့မှာ ဖီးကြမ်းငှက်ပျော်သီး ၁၀ကိုအခွံခွာ ပန်းကန်တစ်ချပ်ထဲထည့်သကြားဖြူးပြီးဘုရားကပ် လှူပါ။

တနင်္လာ

ဒီကာလအတွင်း မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလုပ်တွေတိုးတတ်အောင်မြင် ပေမဲ့ငွေကြေးကဏ္ဍကတော့ ခက်ခဲနေတာတွေ့ရပါတယ်။ အလုပ်တွေအကြွေးကျနေတတ်ပါတယ်။ မိမိဆိုင်များ ငွေကြေးထပ်မံရင်းနှီးဖို့ခက်ခဲနေတာတွေရပါတယ်။ အိမ်အတွက်၊မိသားစုအတွက်လိုအပ်နေတာတွေကိုလဲ ဖြည့် ဆည်းပေးနေရတတ်ပါတယ်။

ခရီးကိစ္စများ ၊ကုန်သွယ်မှုအလုပ်များအ၀တ်အထည်နှင့်ပရိဘောဂအရောင်းဆိုင်များ အောင်မြင်တိုးတတ်ပါလိမ့်မယ်။ လူငယ်များ အလုပ်တာဝန်တွေများနေတာကြောင့် စိတ်မလန်းသလိုခံစားရတတ် ပါတယ်။ ကျန်းမာရေးကတော့ အကောင်းများပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ပါပဲ။နာတာရှည်ရောဂါ ခံစားနေရသူများတောင် သက်သာခွင့်ပျောက်ကင်းခွင့်တွေရပါလိမ့်မယ်။

အချစ်ရေးကတော့ ဒီကာလမှာမိမိကိုယ် တိုင်ကအချစ်ရေးအပေါ်စိတ်မ၀င်စားသလိုဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က မိမိအခက်အခဲတွေကိုကူညီပြီးဖြေရှင်းပေးသွားပါလိမ့်မယ်။ ပညာရေးကတော့အဘက်ဘက်က ကံအားသာချက်ရှိ တာတွေ့ရပါတယ်ဗျ။အကျိုးပေးဂဏန်း 2/3/6အထူးဟော ငွေကြေးလက်မလွယ်ပါနဲ့။ယတြာ ကတ္တီပါပဲနှင့် ထမင်းဆီဆမ်းဘုရားကပ်လှူပြီးတော့လိုရာဆုတောင်းပါ.

အင်္ဂါ

ဒီကာလအတွင်း မိမိအတွက်ပုံမှန်တိုးတတ်ခြင်းတွေရှိလာပါလိမ့်မယ်။ အရမ်းကြီးလောဘတကြီးလုပ်လို့မရ၊ ရွှေဥတစ်လုံးနေစဉ်ဥပေးတာကို နည်းတယ်ဆိုပြီး ဘဲငန်းကိုရိုက်သတ်ချင်တဲ့စိတ်တွေဖြစ်နေတတ်ပါတယ်။ လော ဘတကြီးလုပ်ဆောင်သမျှ အမှားများနေတတ်ပါတယ်။ ဒီတစ်ပတ်လုံးကိုယ်ချင်းစာတရားနဲ့နေထိုင်သူတွေအလွန်ပဲ အောင်မြင်တာကိုတွေ့ရပါတယ်။

နိုင်ငံရပ်ခြားမှာစီးပွားရှာနေသူများ နိုင်ငံခြားသားနဲ့စကားအခြေအတင်များရတတ် ပါတယ်။ ၀န်ထမ်းများ နေရာပေးခံရခြင်း၊အသိအမှတ်အပြုခံရခြင်းတွေကြုံရတတ်ပါတယ်။ အန္တရာယ်ရှိတဲ့လုပ်ငန်း ခွင်တွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေစက်ယန္တရားလုပ်ငန်းခွင်တွေမှာလုပ်ကိုင်နေသူတွေကတော့ သတိထားပါ။ မိမိကိုယ်တိုင်ကနမော်နမဲ့အလွန်ပဲလုပ်မိတတ်တဲ့ကာလပါပဲ။ ကျန်းမာရေးကတော့ ဆီးမှန်ဝမ်းမှန် အောင်နေရင်ရပါပြီ။

အချစ်ရေးကတော့ အညံ့အဆိုးသိပ်မတွေ့ပါဘူး။ ပုံမှန်ပါပဲ။ အိမ်ထောင်ရေးကတော့ အဘက် ဘက်ကအဆင်ပြေနေပါလိမ့်မယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင်ကပညာရေးအပေါ်အာရုံမစိုက်နိုင်ဖြစ်နေရ တတ်ပါတယ်။အကျိုးပေးဂဏန်း 0/3/4အထူးဟော အရာရာစိတ်နှစ်ထားလိုက်ပါ။ယတြာ ဆားကိုရေနဲ့ရောပြီး မိမိခြံထဲမှာပက်ဖြန်းပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းအလုပ်တာဝန်တွေပိုမိုများပြားနေတာကိုသတိထားမိမယ်ထင်ပါတယ်။ ရုံးလုပ်ငန်းတွေ ပါးနေပြီဆိုရင် အိမ်အလုပ်တွေများနေတာတွေ့ရပါလိမ့်မယ်။ အလုပ်တွေမှာလဲဖိအားတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ရ တာမျိုးတွေကြုံနေရတတ်ပါတယ်။ အောက်လက်ငယ်သားတွေကိုမျက်နှာလွှဲမခိုင်းတာပိုကောင်းပါလိမ့်မယ်။ အရေးကြီးရင်မိမိကိုယ်တိုင်ပဲလုပ်ပါ။ အလုပ်တွေမှာလဲမိမိမကျွမ်းကျင်တဲ့အလုပ်မျိုးတွေလုပ်ကိုင်နေရတတ်ပါတယ်။

complainတွေ ရှင်းရတတ်သလို အစိုးရ၀န်ထမ်းများဆို တိုင်စာတွေနဲ့ပက်သက်ပြီးဖြေရှင်းပေးနေရတတ်ပါတယ်။ ဒါကြောင့် ဒီကာလဟာမိမိမှန်အောင်နေပါ။ အလုပ်တွေကိုပင်ပန်းပေမဲ့စိတ်နှစ်ပြီးကြိုးစားလိုက်ပါ။ ကျန်းမာရေး ကတော့ အခြားကိစ္စကြောင့် မဖြစ်ဘဲ အိပ်ရေးပျက်တာတွေ၊အိပ်ချိန်စားချိန်မမှန်တာကြောင့်ပဲရောဂါရ လွယ်ပါတယ်။ အချစ်ရေးမှာမိမိမအားလပ်တဲ့အတွက် ချစ်သူကို့အချိန်မပေးနိုင်ဖြစ်ရတတ်ပါတယ်။

တကယ်လဲ မအားလပ်သူများချစ်သူကို နားလည်အောင်ပြောပြထားပါ။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့် မယ်။ ပညာရေးမှာတော့ဆရာသင်တာကို နားမလည်တာမျိုးဖြစ်ရတတ်ပါတယ်။အကျိုးပေးဂဏန်း 4/5/1အထူးဟော အနည်းငယ်တော့ပင်ပန်းရတတ်ပါတယ်။ယတြာ ဆီမီးခွက်နှင့်ထွန်းရသော ဆီမီးအားဘုရားဆောင်မှာထွန်းညှိပူဇော်လိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း လူအများရဲ့လေးစားကြည်ညိုခြင်းကိုခံရတတ်ပါတယ်။ ဒါကြောင့်မိမိကိုယ်တိုင်ကလဲတည် ကြည်ဖြောင်မတ်အောင်နေပါ။ အလုပ်အင်တာဗျူးများ၊ ရာထူးတိုးစာမေးပွဲများဖြေဆိုရမယ်ဆိုရင်တော့အလွန်ပဲ ရလဒ်တွေကောင်းနေတာကိုတွေ့ရပါလိမ့်မယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့မိမိတတ်သိနားလည်ထားသမျှ ပညာတွေကို သူများတွေကိုပေးဝေခွင့်တွေကြုံရပါလိမ့်မယ်။

လူမှုရေးအသင်းအဖွဲ့များ၊ပရဟိတများတွင်လှူဒါန်းခွင့် တွေရလာတတ်ပါတယ်။ စီးပွားရေးများချဲ့ထွင်ခြင်းတွေကို ဒီကာလမှာစတင်နိုင်ပါတယ်။ စာချုပ်ချုပ်ဆိုခြင်း၊ကတိ က၀တ်ထားခြင်းများ ဒီကာလမှာ ဆောင်ရွက်လို့ အထူးကောင်းနေတတ်ပါတယ်။ အားနည်းချက်က စက်ကားကို အရှိန်လွန်မောင်းတာမျိုးရှောင်ပါ။ လက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေပျက်စီးနေတာကြောင့် အလုပ်တွေနှောင့်နှေးရ တတ်ပါတယ်။

ကျန်းမာရေးကတော့ အလွန်မှကောင်းပါတယ်။ ကျန်းမာရေးအတွက်စိတ်ချမ်းသာရပါလိမ့်မယ်။ အချစ်ရေးကတော့ ပုံမှန်ပါပဲ။ အိမ်ထောင်ရေးမှာတော့ မိမိသြဇာသက်ရောက်ပါလိမ့်မယ်။ညာရေးကတော့ အလွန်ကောင်းနေတဲ့ကာလပါ။ ပညာရေးကံကောင်းသလို မိမိကလဲကြိုးစားပေါ့ဗျာ။အကျိုးပေးဂဏန်း 5/6/9အထူးဟော ကံမြင့်မားနေမည်ယတြာ ပဲငပိဟင်းလေးချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်းမှာတော့ မိမိလိုအင်ဆန္ဒတွေကိုသူတစ်ပါးရဲ့အကူအညီတွေကြောင့် ရလာတတ်ပါတယ်။မိမိ ထောက်ပံ့ပေးမဲ့ကျောထောက်နောက်ခံကောင်းတွေလဲ တွေ့ရတတ်ပါတယ်။ စကားအရာတည်ကြည်သူတွေ၊ ကတိတည်တဲ့သူတွေကတော့ ပိုမိုအဆင်ပြေတာမျိုးကိုတွေ့ရပါလိမ့်မယ်။ စပ်တူအလုပ်များ၊ရှယ်ယာအလုပ်များ အထူးကောင်းပါတယ်။ စကားနဲ့ပြောပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရတဲ့စီးပွားရေးတွေကတော့ အလွန်ပဲကောင်းပါ တယ်။ငွေကြေးလည်ပတ်မှုတွေကောင်းပြီးတော့ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုတွေလုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။

လူအများက မိမိပြောတာကိုလက်ခံလာအောင်စွမ်းဆောင်သွားနိုင်မဲ့နေ့ပါပဲ။ ကုသိုလ်ရေးအလုပ်များလဲ လုပ်ခွင့် ရလာတတ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ငွေအစုလိုက်ဝင်တာမျိုးတွေလဲ တွေ့ရကြုံရတတ်ပါတယ်။ ကျန်း မာရေးကတော့ ဒီကာလမှာ အကောင်းအဆိုးမျှနေပါတယ်။ မတ်တပ်ဖျား၊မတ်တပ်နာလေက်တော့ဖြစ်ရတတ်ပါ တယ်။

အချစ်ရေးအလွန်မှပဲစန်းပွင့်နေတတ်ပါတယ်။ ချစ်ရသူကိုရင်တွင်းခံစားချက်တွေထုတ်ပြောသင့်တဲ့နေ့ရက်ပါ ပဲ။အိမ်ထောင်ရေးသာယာချမ်းမြေ့ပါလိမ့်မယ်။ပညာရေးကတော့ အပြစ်ပြောစရာမရှိတဲ့ကာလတွေပါပဲ၊အကျိုးပေးဂဏန်း 7/6/3
အထူးဟော စုတ်ရောလာဘ်ရောဝင်တတ်ပါတယ်။ယတြာ သပြေပန်းဘုရားကပ်လှူပေးပါ။

စနေ

အရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်ဖြေရှင်းနိုင်တဲ့သူကတော့ ဒီကာလအတွက်အဆိုးနည်းပါတယ်။ သူများ ယောင်တိုင်းလိုက်ယောင်သူတွေ ဒုက္ခများရတတ်ပါတယ်။ လုပ်ချင်တဲ့ကိစ္စတွေကို အားလုံးနဲ့ တိုင်တိုင် ပင်ပင်အဖြေရှာပြီးလုပ်ဆောင်သွားခြင်းဖြင့် အဆင်ပြေပါလိမ့်မယ်။ လမ်းခရီးသွားဖို့ ကိစ္စတွေရှိရင်တော့ မှန်းထားသည်ထက်ပိုမို၍လမ်းခရီးမှာကြန့််ကြာသွားတတ်ပါတယ်။ ရွှေတူးဖော်ခြင်း၊ ရတနာတူးဖော်ခြင်းများ ဒီကာလမှာရှောင်ရှားစေချင်ပါတယ်။

သားသမီးတွေက အဝေးသွားပြီးစီးပွားရှာတာမျိုးတွေဒီ ကာလမှာကြုံရတွေ့ရ တတ်ပါတယ်။ ၀န်ထမ်းတွေမမြဲ လက်အောက်ငယ်သားတွေ အလုပ်မလာတာမျိုးတွေလဲ ဖြစ် ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ဘာမှာထူးထူးခြားခြားမဖြစ်ပေမဲ့ အစားအသောက်ပျက်နေတတ်ပါတယ်။ ခံတွင်းပျက်နေတဲ့ သဘောပါ။ ဘာစားစားအရသာမတွေ့သလိုခံစားနေရတတ်ပါတယ်။ အချစ်ရေးမှာ လမ်းခွဲလိုက်တဲ့ချစ်သူကို ပိုမိုတမ်းတ နေမိတတ်ပါတယ်။

အိမ်ထောင်ရေးကတော့ ဝေးနေသူတွေအဆင်ပြေပေမဲ့ နီးနေရင်တော့ခဏခဏ စကားများရတတ်ပါတယ်။ ပညာရေးကတော့ ဘာသာစကားနဲ့ပက်သက်တဲ့ပညာမျိုးသင်ယူခွင့်တွေရလာတတ် ပါတယ်။အကျိုးပေးဂဏန်း 1/4/7အထူးဟော ကံအနည်းငယ်ညံ့နေတာကိုတွေ့ရပါတယ်။ယတြာ ထိုးမုန့်ဝယ်ပြီး ရဟန်းသံဃာကိုလောင်းလှူလိုက်ပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )viber only -09775555695

Comments are closed.