နောက်နှစ်အထိ ဇာတ်သိမ်းဦးမှာမဟုတ်တဲ့ လေဆန်တိုးမယ့် မညှိုးပန်း

နောက်နှစ်အထိ ဇာတ်သိမ်းဦးမှာမဟုတ်တဲ့ လေဆန်တိုးမယ့် မညှိုးပန်း









[UNICODE FONT]

ပရိသတ်ကြီးရေ 5plus ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပေးနေတဲ့ “လေဆန်တိုးမယ့် မညှိုးပန်း” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို အားလုံးက သဘောကျနေကြတာပါ။ ဇာတ်လမ်းအစမှာကတည်းက စိတ်ဝင်စားစရာတွေနဲ့ ပရိသတ်အင်အားကို ရယူထားခဲ့တာပါနော်။ အခုလက်ရှိမှာဆိုရင်လည်း ဒီဇာတ်လမ်းတွဲလေးက ဇာတ်ရှိန်တွေမြင့်သထက်မြင့်လာနေပြီး ပြဿနာအစုံ၊ စိတ်ဝင်စားစရာအစုံနဲ့ ပရိသတ်တွေအားလုံးကို TV ရှေ့ကမခွာနိုင်အောင်ဆွဲဆောင်ထားတုန်းပါပဲနော်။

လက်ရှိမှာတော့ ပရိသတ်တွေအားလုံးသိတဲ့အတိုင်း ဇာတ်လိုက်ကျော်ဟာမန်တစ်ယောက် ဇနီးချောလေး စောမြအပေါ်မှာ စိတ်ကွက်ပြီး သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးက အဆင်မပြေမှုတွေပြည့်နှက်နေခဲ့တာပါ။ ဒီလိုအဆင်မပြေမှုတွေကြားထဲမှာ ဇာတ်ရှိန်ကလည်း မြင့်သထက်မြင့်လာနေပါတယ်။ ဒီဇာတ်လမ်းရဲ့အရှိန်ကိုပိုပြီးမြင့်တက်လာစေမှာကတော့ စောမြရဲ့ဘေးမှာထပ်မံပေါ်လာတော့မယ့် အမျိုးသားတစ်ဦးပါပဲ။ စောမြကိုသဘောကျတဲ့ အမျိုးသားတစ်ဦး ထပ်ပေါ်လာတော့မယ့်အချိန်ကျရင် အခုလက်ရှိဇာတ်လမ်းအရှိန်ထက် ပိုလို့ဇာတ်ရှိန်မြင့်ပြီး ကြည့်ကောင်းလာတော့မှာပါ။

စောမြရဲ့ဘေးမှာ ထပ်မံပေါ်လာမယ့် တတိယလူနဲ့ စောမြတို့ရဲ့ဇာတ်လမ်းကတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲနော်။ ဟာမန်နဲ့ ပြန်လည်သင့်မြတ်လာစေဖို့အတွက် အကြောင်းတရားတွေပေါ်မလာသေးခင်မှာ ဘယ်လိုမျိုးအလှည့်အပြောင်းတွေနဲ့ ထပ်မံကြုံတွေ့ရဦးမယ်ဆိုတာကလည်း ပရိသတ်တွေအားလုံး ရင်တမမနဲ့ ကြည့်ရှုရဦးမှာပါ။ ပရိသတ်ကြီးအားလုံးက ဒီဇာတ်လမ်းနဲ့ပတ်သက်လို့ နောက်ထပ်သိချင်နေကြတဲ့ အကြောင်းအရာတစ်ခုလည်း ရှိနေပါသေးတယ်။ ဒီဇာတ်ကား ဘယ်တော့လောက် ဇာတ်သိမ်းမလဲ?

အမြည်းလေးကြည့်လိုက်ရအောင်နော်

ပရိသတ်ကြီးရေ ဒီအပိုင်းလေးကို ကြည့်လိုက်တာနဲ့ နောက်ထပ်ပေါ်လာမယ့်သူက စောမြအပေါ် ဘယ်လောက်အထိ သံယောဇဉ်တွေရှိသွားတယ်ဆိုတာကို သိနိုင်မှာပါနော်။ ဟာမန်နဲ့ခွဲခွာရတော့မယ့်နောက်ပိုင်းမှာ စောမြတစ်ယောက် သူမရဲ့ကံကြမ္မာအပြောင်းအလဲတွေကိုလည်း ခံစားကြရဦးမှာပါ။

ပရိသတ်ကြီးရေ “လေဆန်တိုးမယ့် မညှိုးပန်း” ရဲ့ဇာတ်သိမ်းအတွက် စိတ်ဝင်စားနေကြသူတွေကို သတင်းစကားပါးချင်တာကတော့ ဒီဇာတ်လမ်းတွဲကို လာမယ့်နှစ်အထိ ဇာတ်ရှိန်ကောင်းကောင်းနဲ့ ဆက်ကြည့်ရဦးမှာပါ။ လက်ရှိဇာတ်လမ်းတွဲက ပြသမှု အပိုင်း ၄၀၀ ကျော်သာရှိသေးတာပါ။ အိန္ဒိယမှာပြသနေဆဲကာလဖြစ်တဲ့အပြင် အပိုင်း ၇၀၀ အထိ ဇာတ်မသိမ်းသေးတာကြောင့် အနည်းဆုံးတော့ တစ်နှစ်လောက်ဆက်လက်ကြည့်ရှုရဦးမှာပါနော်။

ပရိသတ်ကြီးရေ စောမြနဲ့ ဟာမန်တို့ရဲ့ အချစ်ဇာတ်လမ်းမှာ အလှည့်အပြောင်းတွေ၊ အရွှေ့အကွက်တွေနဲ့အတူ ဘယ်လိုမျိုးရင်ခုန်စွာကြည့်ရှုရမလဲဆိုတာကိုတော့ အားလုံးက ရင်ခုန်မျှော်လင့်နေကြမှာပါနော်။ စောမြလို့ပြောလိုက်တာနဲ့ စိတ်ဝင်စားမှုတပုံတပင်နဲ့ ပရိသတ်တွေအားလုံးက စောင့်မျှော်ကြည့်ရှုကြရမယ့်ဇာတ်လမ်းအပိုင်းဆက်တွေကတော့ ဆက်ဆက်ပြီးတော့ရှိနေဦးမှာမို့လို့ နောက်ပိုင်းဇာတ်ဝင်ခန်းတွေကိုလည်း ဆက်ဆက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.