ယောကျာ်းစစ်ကြောင်း Live လွှင့် ဖြေရှင်းလိုက်တဲ့ ဇေရဲ
ယောကျာ်းစစ်ကြောင်း Live လွှင့် ဖြေရှင်းလိုက်တဲ့ ဇေရဲ
[UNICODE FONT]
လူငယ်တေးသီချင်းကောင်းတွေကို အကောင်းဆုံး ပုံဖော်ရေးသား သီဆိုနိုင်ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားနေတဲ့ ဇေရဲကတော့ လက်ရှိအချိန်မှာ သူယောက်ျားစစ်တစ်ယောက်ဖြစ်ကြောင်းကို သူ့ရဲ့ Facebook Page ကနေ Live လွှင့်ပြီးပြောသွားခဲ့ပါတယ်။ အရင်တုန်းက ဇေရဲက အောင်ပိုင်ဆိုတဲ့ သူနဲ့ တွဲနေတယ်လို့ အားလုံးက ထင်နေကြပါတယ်။
ဇေရဲက “ပရိသတ်တွေအားလုံး မင်္ဂလာပါ။ အချိန် အတိုင်းအတာအရ တွက်မယ်ဆိုရင် ဖြစ်ပျက်နေတဲ့ သတင်းအရလည်း တော်တော်လည်း အချိန်ကြာခဲ့ပြီဆိုတော့ ကျွန်တော် ဒီအချိန်မှာ ပြန်လည်ဖြေရှင်းဖို့တော့ လိုအပ်လာပါပြီ။ တိတိကျကျ ကျွန်တော် ဖြေရှင်းပါမယ်။ ကျွန်တော် ကစားနေတာလည်း မဟုတ်သလို ဘဝနဲ့လည်း သက်ဆိုင်တဲ့အခါမှာ ကျွန်တော် ရှင်းမှ ပြောပြမှ ရပါမယ်။ ဒီ Facebookဆိုတာ အသိအမှတ်ပြုထားတဲ့ Blue Mark ပေးထားတဲ့ ကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ စစ်မှန်တဲ့ အကောင့် ဖြစ်ပါတယ်။
အဲ့တော့ တော်တော်ကြာပြီဗျာ ပြီးသွားပြီ ဇာတ်လမ်းတွေက အဲ့တော့ ကျွန်တော် ကိုယ့်ကိုကိုယ်လည်း အာမခံနေစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်။ ဒါဦးနောက်ရှိတဲ့လူတိုင်း တွေးတတ်ပါတယ်။ ဒီ Live ကိုလည်း ကျွန်တော် မဖြတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း ကျွန်တော် ထပ်ပြီး မတောင်းဆိုပါဘူး ဘာလို့လဲဆိုတော့ စိတ်တွေ အရမ်းရှုပ်ထွေးနေတဲ့ဘအချိန်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော့် ခေါင်းပဲ တည်လိုက်ပါ။ အဲ့အချိန် ကျွန်တော် ဂေါက်နေတယ်ဗျာ။ ကျွန်တော့်စိတ်တွေက အသက်အရွယ်အရ ဆိုင်မလား ဘာကြောင့်လဲတော့ မသိဘူး ကျွန်တော်စိတ်တွေ အရမ်းရှုပ်ပြီးတော့ ကျွန်တော် ရွေးချယ်ရခက်နေတဲ့ အတိုင်းအတာ တစ်ခုမှာ အောင်ပိုင်ဆိုတာ ကျွန်တော်ရဲ့ ငယ်သူငယ်ချင်းပါ။
၈တန်းတုန်းက တွေ့တဲ့ သူငယ်ချင်း အဲ့အချိန်မှာ ပြန်ဆုံကြတယ်။ ချစ်တာတွေ ကြိုက်တာတွေလည်း မဟုတ်ပါဘူး။ ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်လေးတစ်ခုပါပဲ။ အဲ့အချိန်မှာ ကျွန်တော် စိတ်တွေရှုပ်သွားတယ် ဘာတွေ ဖြစ်သွားမှန်းမသိဘူး။ အဲ့အချိန်မှာ ကျွန်တော် ဆေးစက်ကျရာ အရုပ်ထင်သွားတယ်။ အဲ့သဘောတရားပါပဲ အခုအချိန်ထိ ကျွန်တော့်ကို ပြန်တွေ့တဲ့ ကောင်တွေရော လူတွေအားလုံးက ကျွန်တော့်ကို အခြောက်အခြောက်နဲ့ ပြောနေကြတဲ့ အခါမှာ ကျွန်တော့်မိဘ ဂုဏ်သိက္ခာ ကျွန်တော့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကျွန်တော် ရာစရာမရှိအောင် မျက်နှာ ပျက်ရပါတယ်။ ကျွန်တော် LGBT တွေကို မထောက်ခံတာ မဟုတ်ပါဘူ။ သူတို့ရဲ့ ဘဝကို စာနာပါတယ်ဗျာ။
သူတို့ Gayဖြစ်နေကြတယ် two way ဖြစ်နေကြတယ်။ ဒါသည် ကျွန်တော်လည်း တော်တော်များများနဲ့ ပေါင်းသင်းဆက်ဆံခင်တွယ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော် သူတို့ရဲ့ သဘောတရားလေးတွေကို နားလည်ပါတယ်။ အပြည့်အဝလည်း ထောက်ခံပါတယ်။ အခုအချိန်မှာ ကျွန်တော် သွားတဲ့နေရာတွေမှာ ကျွန်တော့် ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါမှာ ဟရောင် မင်းခြောက်သွားပြီလားဆိုတဲ့ ကိစ္စကြီးတွေ အစအနောက်ပြောဆိုခံတာတွေ။ အားနေ Facebookကနေ ဒါမှမဟုတ် Messenger ကနေ ကျွန်တော့်ကို ဟရောင် မင်းယောက်ျားယူမှာလား မိန်းမယူမှာလား မင်းက စောက်ခြောက်လားဆိုပြီးတော့ ကျွန်တော့်ကို ပြောတာတွေကတော့ ဒီအချိန်မှာ ကျွန်တော့်အကောင့်ကနေ သေသေချာချာ တိတိကျကျ တရားဝင် ဖြေရှင်းပါတယ်။ အောင်ပိုင်ဆိုတာလည်း ပြဿနာတွေ အစဆွဲထုတ်တဲ့ အချိန်မှာလည်း နာမည် တပ်ပြောတယ်။ အခုအချိန်မှာ ကျွန်တော်တို့က ပြဿနာတော့ မရှိဘုူးနော် သူစိတ်ဆိုးကောင်းလည်း စိတ်ဆိုးလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ငယ်သူငယ်ချင်းဆိုတော့ ၈တန်းတောင်မဟုတ်ဘူး သူငယ်တန်းလောက်ထဲက အမက ၁၈ ကျောင်းမှာ ခင်လာကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ အဲ့တော့ နားလည်တဲ့သူတွေကလည်း နားလည်ပါလိမ့်မယ်။
ကျွန်တော့်အပေါ်မှာ တွေ့ရင် စတာနောက်တာတွေကို ရပ်တန်းက ရပ်ဖို့အတွက်ကို ကျွန်တော် ရိုသေလေးစားစွာနဲ့ မေတ္တာရပ်ခံပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာလည်း ကျွန်တော်လည်း ဆော်ထားဖို့ရှိပါတယ်။ အဲ့တော့ ဒီကောင်မလေးအပေါ်မှာ အများကြီးဂုဏ်သိက္ခာထိခိုက်နိုင်ပါတယ်။ ကျွန်တော် ဘယ်လိုပြောရမလဲ ကျွန်တော် ယောက်ျားစစ်တယ်ဆိုတာကို ဘယ်လိုအာမခံပြရမလဲ ဘယ်လိုသက်သေပြရမလဲဆိုတာ ကျွန်တော့်ကို ပြောပါ။ အခုအချိန်ထိ ကျွန်တော် ဆေးထိုးခံနေရတယ်။ အချိန်က တစ်နှစ်ကျော်လောက်ကြာသွားပြီ အဲ့အချိန်မှာ ကျွန်တော်လည်း ဂေါက်ပြီး ဆေးတောင် သောက်ရတဲ့ အခြေအနေတွေဗျာ။ ဘာတွေ ဖြစ်သွားမှန်းလည်း မသိဘူး ကြောင်တောင်တောင်ဖြစ်နေတယ်။ ကိုယ့်ကိုယ်တောင် Suicide လုပ်ဖို့အထိတောင် ဖြစ်သွားတယ့်အခြေအနေတစ်ခု။”လို့ Live လွှင်ပြီးတော့ သူ ယောက်ျားစစ်ကြောင်းကို ပြောသွားခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.