ဟိန်းမင်းသူနဲ့ ပတ်သက်ပြီးတော့ အနှောက်ကြီးပါဆိုတဲ့ သင်ဇာဝင့်ကျော်
ဟိန်းမင်းသူနဲ့ ပတ်သက်ပြီးတော့ အနှောက်ကြီးပါဆိုတဲ့ သင်ဇာဝင့်ကျော်
[UNICODE FONT]
ရုပ်ရှင်ကားတွေများစွာ ဗီဒီယိုကားတွေများစွာနဲ့ ပရိသတ်အားပေးမှုကို ရယူထားနိုင်သလို မြန်မာနိုင်ငံရဲ့ ပုရိသယောက်ျားတွေ မက်မောရလောက်တဲ့ မိန်းကလေးတွေလည်း အားကျရလောက် Sexy ကျတဲ့ အမိုက်စား ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဝတ်စားဆင်ယင်ပုံကြောင့် ဝေဖန်ခံရမှု များနေတဲ့ မင်းသမီးသင်ဇာဝင့်ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက Facebook မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ ဟိန်းမင်းသူနဲ့ ပုံတွေအကြောင်းနဲ့ ပတ်သက်ပြီး အားလုံးက သိချင်နေကြတာကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
သင်ဇာဝင့်ကျော်က “အဲ့တာ အနှောက်ကြီးပါ အဲ့တာ သူနှောက်ပြီး တင်တာပါ။ နှောက်တာထက် သူက အဲ့လိုမျိုး ရိုက်ပြီး တင်ချင်တယ်ဆိုလို့လေ ဒါပေမဲ့ သူပြန်ပြီးတော့ ဖြေရှင်းပြီးပြီ ထင်ပါတယ်။ ဘယ်လိုပြောရမလဲ Comment တွေတောင် ရှင်းရှင်းပြောရရင် သိပ်ပြီးမဖတ်ဖြစ်ပါဘူး။”လို့ ပြောခဲ့ပါတယ်။
အဲ့လိုမျိူးနှောက်လိုက်လို့ ကိုယ့်ရဲ့ ဖူးစာရှင်တွေ့တာအခါမှာ တစ်မျိုး ဖြစ်သွားနိုင်လားလို့ မေးမြန်းရာ “ဒါက အလုပ်လုပ်တာပဲလေ ဒါအလုပ်သဘောအရပဲ သူနဲ့ကလည်း လက်တွဲပြီး အလုပ်လုပ်ဖို့ရှိတယ်။ ကိစ္စတစ်ခုပြောထားတာ ရှိတယ်။ အဲ့တွက်ကြောင့် စကားပြောဆိုဖြစ်သွားရင်းနဲ့ ရိုက်ဖြစ်သွားကြတာပေါ့နော်။ ဒါအလုပ်ပဲဆိုတာတော့ အားလုံး နားလည်ကြမယ်လို့ ထင်ပါတယ်။”လို့ ပြောခဲ့ပါတယ်။
တကယ်အမှန်တကယ် တွဲနေတယ်လို့ ထင်နေကြတာနဲ့ ပတ်သက်ပြီးတော့လည်း “အခုလည်း အမှန်တရားသိသွားပြီပဲ သင်ဇာဘာမှ ထပ်ပြီးတော့ မပြောချင်တော့ပါဘူး။ အဓိကတော့ အသက်ကြီးတယ် ငယ်တယ်ဆိုတာထက် ကိုယ့်ကို တကယ် ဂရုစိုက်နားလည်ပေးပြီးတော့ ကိုယ့်ကို ကိုယ့်မိဘချစ်သလို ချစ်နိုင်မယ့်လူမျိုး ကိုယ့်အပေါ်လည်း သစ္စာရှိမယ့်လူမျိုးဆိုရင်တော့ အသက်ကြီးကြီးငယ်ငယ် သင်ဇာလက်ခံမှာပါ။”လို့ ပြောခဲ့ပါတယ်။
ကိုယ့်ကို တကယ်ချစ်တဲ့ မောင်လေးတွေနဲ့ရော တွေ့ခဲ့လားလို့ မေးမြန်းရာ “တွေ့ပါတယ် အများကြီးပဲ ကြီးတာတွေရော ငယ်တာတွေရော ရွယ်တူတွေရော အများကြီးပဲ။”လို့ ပြောခဲ့ပြီး Valentine’s Day အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း တစ်ယောက်တည်းပါပဲလို့ ပြောခဲ့ပါတယ်။ ချစ်သူရှိတဲ့ နှစ်တွေတုန်းကတော့ Surprise လုပ်တာတွေဘာတွေ ခံဖူးတယ်ပေါ့နော်။ ချစ်သူမရှိတဲ့နှစ်တော့ တစ်ယောက်ထဲပေါ့ ဒါပေမဲ့ ကိုယ့်ပရိသတ်တွေဆီက ချောကလက်တွေ စားရမယ်လို့တော့ ထင်ပါတယ်။ ဘာလို့ဆိုတော့ ချောကလက်တွေကို ပရိသတ်တွေက ကျွေးမယ်လို့ ထင်တယ် ဒီနှစ်ကတော့ ချစ်သူကတော့ ကျွေးမယ့်သူမရှိဘူး။ အရင်နှစ်တွေကလည်း တစ်ယောက်တည်း ဖြတ်သန်းတဲ့ နှစ်မျိုးရှိဖူးတယ်။ ဒါပေမဲ့လည်း အလုပ်ရှိနေတဲ့ အခါကျတော့ ဒီအတိုင်းပဲ Valentine’s Day ရယ်လို့မဟုတ်ဘူး။ တကယ်လို့ ကိယ့်မှာ Relationship တစ်ခုရှိနေတယ်ဆိုရင်လည်း သူနဲ့ အတူရှိနေတဲ့ နေ့တိုင်းက Valentine’s Day ပဲလေ ထူးထူးခြားခြား ဒီရက်က Valentine’s Day ဆိုပြီး မရှိပါဘူး။ “လို့ ပြောသွားခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.