ချစ်သူက Surprise လုပ်တာကျွမ်းတယ်ဆိုတဲ့ရဲနောင်
ချစ်သူက Surprise လုပ်တာကျွမ်းတယ်ဆိုတဲ့ရဲနောင်
[UNICODE FONT]
Myanmar Idol season 2 Winner ရဲနောင်ကတော့ သူရဲ့ ချစ် သူများနေ့မှာဘယ်လိုဘယ်ပုံဖြတ်သန်းမလဲဆိုတာကို “အခုရက်ပိုင်းကတော့ ကောင်မလေးနဲ့အတူလျှောက်သွားမယ်။ ရုပ်ရှင်ကြည့်မယ်။ကောင်မလေးကိုချောကလက် လက်ဆောင်ပေးမယ် ။ သူပေးမယ့် ချောကလက်ကိုယ်စားမယ်။
၁၃ရက်နေ့က ပွဲရှိနေတော့ ၁၄ရက်နေ့လည်ဖြစ်မယ်မလည်ဖြစ်ဘူးဆိုတာမသေချာသေးပါဘူး။ သို့ပေသိ လက်ဆောင်တစ်ခုခုပေးဖြစ်မှာပါ။ အင်္ကျီဆင်တူလည်းမဝတ်ဘူးသလို လက်ကြီးတွဲပြီးလည်း လျှောက်မလည်ဖူးဘူး။ ဒါကတော့ကြွားတာပါ။ တစ်ခါလောက်တော့ လူငယ်ဆန်ကြည့်ရမှာပေါ့နော်။ အသက်၂၅ဆိုတော့လည်း ငယ်တဲ့အထဲမှာမပါတော့ဘူးလေ။ လူကြီးလည်းမဟုတ်သေးတော့ ဟိုမရောက်ဒီမရောက်ပေါ့နော်။ အေးဆေးအိမ်ထဲမှာပဲအောင်းနေချင်တဲ့ဆန္ဒဖြစ်နေတယ်။
ဒီနှစ်ကတော့ ၁၄ရက်နေ့ကိုအမီပြန်လာဖြစ်ရင် သေချာပေါက်လျှောက်လည်ဖူးပါတယ်။ သူများတကာတွေရှေ့မှာလည်း လက်တွဲပြီးလျှောက်သွားပလိုက်မှာ။သူကစပရိုက်လုပ်တာကျွမ်းတယ် ။ ကိုရီးယားကားတွေကြည့်တယ်။ ကျနော်ကတော့ ကိုရီးယားကားဆိုကြိုက်ကိုမကြိုက်တာ ။ ကိုယ်ကြည့်တာက ဂျက်ကီချမ်းကားတို့ ဂျက်လီကားတို့ကြည့်တာဆိုတော့ စပရိုက်လုပ်တာ သိပ်မကျွမ်းဘူးလေ။ သူကိုဘာလိုချင်လဲဘာဝယ်ချင်လည်းမေးပြီး သူလိုချင်တာသူဝယ်ချင်တာဝယ်ပေးလိုက်တာပဲ။ သူကကျသူပြောမပြပဲ ဝယ်ပေးစေချင်တာလေ.။ ကျနော်ကကျအဲ့တာမျိုးမကျွမ်းဘူး။ အဲ့တာတွေကြောင့်စိတ်ဆိုးတာတွေလည်း ရှိတယ်။
စကားပြောနေရင်အကောင်း သူလိုချင်တာကိုယ်ကမသိလို့ဝယ်မပေးရင် စိတ်ဆိုးရော ။ ဝယ်ချင်ပြောလေဆိုတော့ပြောပြမှသိမှာလားဆိုပြီး ပြောပါလေရော။ မပြောဘဲသိအောင် ကျနော်ကဗေဒင်ဆရာလည်းမဟုတ် ဆိုတော့ တစ်ခါတစ်လေကျရင်တော့စကားထထများတတ်တယ်။ဆိုပြီး သူနဲ့သူချစ်သူရဲ့ဆက်ဆံရေးပုံဆံလေးတွေကိုပါပြောပြသွားပြီး ပရိသတ်များကိုအပျော်လွန်ပြီးအပျက်ဘက်ရောက်မသွားစေဖို့ သတိပေးဆုတောင်းစကားဆိုခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.