အကယ္ဒမီပြဲမတိုင္ခင္ ဆုတစ္ဆုကို သိမ္းပိုက္လိုက္တဲ့ အူဝဲ

အကယ္ဒမီပြဲမတိုင္ခင္ ဆုတစ္ဆုကို သိမ္းပိုက္လိုက္တဲ့ အူဝဲ

ျပည္သူ႔အခ်စ္ကို ႏွစ္ေပါင္းေတာ္ေတာ္မ်ားမ်ား သိမ္းပိုက္ထားႏိုင္တဲ့ မင္းသမီးေခ်ာၾကီး အိျႏၵာေက်ာ္ဇင္ကေတာ့ အကယ္ဒမီေပးပြဲ မတိုင္ခင္ ဦးဦးျဖားျဖား ဆုတစ္ဆုေတာ့ ရရွိသြားခဲ့ျပီ ျဖစ္ပါတယ္။ ဒီဆုကိုေတာ့ ပရိသတ္ေတြအဆံုးအျဖတ္နဲ႔ ဒိုင္လူၾကီးေတြရဲ့ အဆံုးအျဖတ္ေပါင္းျပီး ေပးအပ္ခ်ီးျမင့္တဲ့ Pride of Myanmar ဆုၾကီးလည္း ျဖစ္ပါတယ္။ ျပည္သူေတြရဲ့ အခ်စ္ေတာ္ မင္းသမီး အိျႏၵာေက်ာ္ဇင္ကေတာ့ ပရိသတ္ေတြ ခ်ီးျမင့္ေပးတဲ့ဆုကို ရရွိသြားျပီး သူ႔ရဲ့ခံစားခ်က္ေတြကို ရင္ဖြင့္လာခဲ့ပါတယ္။

အိျႏၵာေက်ာ္ဇင္ကေတာ့ Sunday နဲ႔ အင္တာဗ်ဴးမွာေတာ့ Pride Of Myanmar ဆုၾကီးကို ရရွိသြားတဲ့ ခံစားခ်က္အေပၚမွာေတာ့ “အရမ္းေပ်ာ္ပါတယ္။ အမ ပထမက မသိဘူး။ အမကို ကုမၸဏီကေနျပီးေတာ့ ပြဲတက္ေပးပါလို႔ ေျပာတဲ့အေပၚမွာ အမက ဘာပြဲမွန္းမသိဘူး။ ျပီးေတာ့ ေဖ့ဘုတ္ေပၚေတြမွာၾကည့္လိုက္တဲ့ အခ်ိန္မွာ တကယ္ကို ခမ္းခမ္းနားနားၾကီး လုပ္ထားမွ သိလိုက္ရတာ။ ဒါေပမယ့္လည္း ကိုယ့္ထက္ေတာ္ေနတဲ့သူေတြလည္း ပါေနေတာ့ အမက ရမယ္လို႔လည္း မေမွ်ာ္မွန္းထားပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ့ စံႏႈန္းေတြ သတ္မွတ္ခ်က္ေတြကုိလည္း အမက မသိဘူးေလ။ သူတို႔ကပြဲတက္ေပးပါဆိုလို႔လည္း အမက ပြဲတက္ေပးတာပါ။ ဘာပဲ ျဖစ္ျဖစ္ ဒီဆုကိုရရွိသြားေတာ့ အတိုင္းမသိကို ဝမ္းသာပါတယ္”

“သူတို႔ရဲ့ သတ္မွတ္ထားတဲ့ စံႏႈန္းေတြထဲမွာ ပါဝင္သြားတဲ့အတြက္ ကိုယ့္ကို ယုံယံုၾကည္ၾကည္နဲ႔ ဒီဆုကိုေပးလိုက္တဲ့အခ်ိန္မွာ ကိုယ့္အေနနဲ႔လည္း တာဝန္ေတြ အမ်ားၾကီးရွိသြားတာေပါ့ေနာ္။ အမအေနနဲ႔ အတတ္ႏိုင္ဆံုး အေကာင္းမြန္ဆံုး ျဖစ္ေအာင္ေတာ့ ၾကိဳးစားသြားမွာပါ”

“ဒီပြဲက ပရိသတ္ေတြရဲ့ Voting က 50 % ပါတယ္။  ဒိုင္လူၾကီးေတြကလည္း 50 % ပါပဲ။ ဒါေၾကာင့္ ဒိုင္လူၾကီးေတြ အားလံုးကိုလည္း ေက်းဇူးအမ်ားၾကီးတင္တယ္။ ပရိသတ္ေတြကိုလည္း ေက်းဇူးအမ်ားၾကီး တင္ပါတယ္။ ပရိသတ္ရဲ့အခ်စ္ေတြနဲ႔ သူတို႔ရဲ့ အားေပးမႈေတြေၾကာင့္ ရသြားတယ္လို႔ ထင္ပါတယ္”

“လွ်ိဳ႔ဝွက္ခ်က္ဆိုတာကေတာ့ မရွိပါဘူး။ အမက အဓိကကေတာ့ ဒီေန႔အထိ ကိုယ့္ကိုကုိယ္က Perfect ျဖစ္သြားတယ္ဆိုမ်ိဳး ဘယ္ေတာ့မွမရွိဘူး။ အမ မွာလိုအပ္ေနေသးတယ္။ ၾကိဳးစားရဦးမယ္ဆိုတဲ့ စိတ္ကို အျမဲတမ္းထားထားတယ္။ အမ်ားၾကီး လိုအပ္တာေတြ ရွိေသးတယ္။ အဲ့လိုစိတ္နဲ႔ပဲ ၾကိဳးစားတယ္ေပါ့ေနာ္။ ပရိသတ္ေတြခ်စ္တဲ့ အခ်စ္ေတြေၾကာင့္လည္း ပါတယ္။ အမရဲ့ အားေတြလို႔လည္း ေျပာလို႔ရပါတယ္” ဟု ေျဖၾကားသြား ခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ပြည်သူ့အချစ်ကို နှစ်ပေါင်းတော်တော်များများ သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးချောကြီး အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီပေးပွဲ မတိုင်ခင် ဦးဦးဖြားဖြား ဆုတစ်ဆုတော့ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆုကိုတော့ ပရိသတ်တွေအဆုံးအဖြတ်နဲ့ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ပေါင်းပြီး ပေးအပ်ချီးမြင့်တဲ့ Pride of Myanmar ဆုကြီးလည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အချစ်တော် မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေ ချီးမြင့်ပေးတဲ့ဆုကို ရရှိသွားပြီး သူ့ရဲ့ခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ Pride Of Myanmar ဆုကြီးကို ရရှိသွားတဲ့ ခံစားချက်အပေါ်မှာတော့ “အရမ်းပျော်ပါတယ်။ အမ ပထမက မသိဘူး။ အမကို ကုမ္ပဏီကနေပြီးတော့ ပွဲတက်ပေးပါလို့ ပြောတဲ့အပေါ်မှာ အမက ဘာပွဲမှန်းမသိဘူး။ ပြီးတော့ ဖေ့ဘုတ်ပေါ်တွေမှာကြည့်လိုက်တဲ့ အချိန်မှာ တကယ်ကို ခမ်းခမ်းနားနားကြီး လုပ်ထားမှ သိလိုက်ရတာ။ ဒါပေမယ့်လည်း ကိုယ့်ထက်တော်နေတဲ့သူတွေလည်း ပါနေတော့ အမက ရမယ်လို့လည်း မမျှော်မှန်းထားပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စံနှုန်းတွေ သတ်မှတ်ချက်တွေကိုလည်း အမက မသိဘူးလေ။ သူတို့ကပွဲတက်ပေးပါဆိုလို့လည်း အမက ပွဲတက်ပေးတာပါ။ ဘာပဲ ဖြစ်ဖြစ် ဒီဆုကိုရရှိသွားတော့ အတိုင်းမသိကို ဝမ်းသာပါတယ်”

“သူတို့ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေထဲမှာ ပါဝင်သွားတဲ့အတွက် ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ ဒီဆုကိုပေးလိုက်တဲ့အချိန်မှာ ကိုယ့်အနေနဲ့လည်း တာဝန်တွေ အများကြီးရှိသွားတာပေါ့နော်။ အမအနေနဲ့ အတတ်နိုင်ဆုံး အကောင်းမွန်ဆုံး ဖြစ်အောင်တော့ ကြိုးစားသွားမှာပါ”

“ဒီပွဲက ပရိသတ်တွေရဲ့ Voting က 50 % ပါတယ်။  ဒိုင်လူကြီးတွေကလည်း 50 % ပါပဲ။ ဒါကြောင့် ဒိုင်လူကြီးတွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ပရိသတ်ရဲ့အချစ်တွေနဲ့ သူတို့ရဲ့ အားပေးမှုတွေကြောင့် ရသွားတယ်လို့ ထင်ပါတယ်”

“လျှို့ဝှက်ချက်ဆိုတာကတော့ မရှိပါဘူး။ အမက အဓိကကတော့ ဒီနေ့အထိ ကိုယ့်ကိုကိုယ်က Perfect ဖြစ်သွားတယ်ဆိုမျိုး ဘယ်တော့မှမရှိဘူး။ အမ မှာလိုအပ်နေသေးတယ်။ ကြိုးစားရဦးမယ်ဆိုတဲ့ စိတ်ကို အမြဲတမ်းထားထားတယ်။ အများကြီး လိုအပ်တာတွေ ရှိသေးတယ်။ အဲ့လိုစိတ်နဲ့ပဲ ကြိုးစားတယ်ပေါ့နော်။ ပရိသတ်တွေချစ်တဲ့ အချစ်တွေကြောင့်လည်း ပါတယ်။ အမရဲ့ အားတွေလို့လည်း ပြောလို့ရပါတယ်” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.