ကယားပြည်နယ် တောင်ကွဲစေတီမှာ သဘာဝလွန်ဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ရတဲ့ ပိုင်တံခွန်

ကယားပြည်နယ် တောင်ကွဲစေတီမှာ သဘာဝလွန်ဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ရတဲ့ ပိုင်တံခွန်





[UNICODE FONT]

“နေ့ခင်းဘက် ဘုရားပေါ်မှာ ဒီလိုကိစ္စတွေဖြစ်တတ်လား ။ဒါမဖြစ်နိုင်ဘူ၊းကျနော်တော့အယုံကြည်မရှိဘူး ၊ ဒါပေမယ့် ကျနော် အံ့သြမိတယ်” လို့ ဖောက်သည်ချလာသူက ပရိသတ်တွေအသည်းကျော် မင်းသားချောလေးပိုင်တံခွန်ပါ ။ ပိုင်တံခွန်ကတော့ ကယားတို့မြေ ရဲ့ တန်ခိုးကြီး တောင်ကွဲစေတီတော်ကြီးပေါ်မှာ သူကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ပရိသတ်တွေသိအောင်ဖောက်သည်ချထားတာကို တွေ့ရပါတယ်။

ဘုရားလာဖူးရင်း ကယန်းတိုင်းရင်းသူ ကလေး ၅ယောက်နဲ့ ဆုံခဲ့တဲ့ ပိုင်တံခွန်တစ်ယောက်ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ကူးခဲ့ရာ အချို့ပုံတွေထဲမှာသာ (၅) ယောက်အပြည့်ပါလာပြီး အချို့ပုံထဲမှာတော့ ကလေးငယ်တစ်ယောက်က ပါမလာခဲ့ပါဘူး ။ အကြိမ်ကြိမ်အခါခါရိုက်သော်လည်း ပါမလာတဲ့အတွက် အံအ့ားသင့်ခဲ့ရတယ်လို့လည်း ရေးသားထားပါတယ်။ဓါတ်ပုံ ရိုက်ပြီးတဲ့ချိန် ပိုင်တံခွန်ကိုယ်တိုင် အဆိုပါ ကလေးငယ်ကို အောက်ကို ချီပြီး မြေပေါ်ချခဲ့တယ်လို့လည်းရေးသားထားပါတယ် ။

အဆိုပါကိစ္စကြောင့် ပိုင်တံခွန်အပါအဝင် လွိုင်ကော်က ပွဲငှားရမ်းထားတဲ့ အကိုတွေရော ဓာတ်ပုံဆရာရော ချာလီရော ဘုရားမှာ ရှိတဲ့လူတချို့ရော အားလုံး အားလုံးအံ့သြခဲ့ရကြောင်းရေးသားထားပါတယ်။ ပရိသတ်ကြီးရေ နေ့ခင်းဘက် ထူးထူးခြားခြားကြုံခဲ့တဲ့ အဖြစ်အပျက်တွေရှိရင် မှတ်ချက်ကနေပြောပြခဲ့ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.