မှားခဲ့မိတဲ့အမှားတွေအတွက် တောင်းပန်စကားဆို လာပြီး နောက်ထပ်ထပ်ဖြစ်လာစရာအကြောင်းမရှိ တော့ဘူးလို့ နောင်တစကားတွေနဲ့ ပြန်လည်ဖြေရှင်းလာ တဲ့ စည်သူ၀င်း

သရုပ်ဆောင် မင်းသားချောလေး စည်သူဝင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ MRTV-4ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်လို့ ဇာတ်လမ်းတွဲများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ် ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှု အသစ်အသစ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ စည်သူဝင်းတစ်ယောက် လက်ရှိမှာလည်း ရိုက်ကူးရေးတွေ ဆက်တိုက် ဆိုသလို ရှိနေခဲ့တာပါ။ စည်သူဝင်းက ယခုလက်ရှိ ဆိုရှယ်မီဒီယာထက်မှာ ရေပန်းစားလူကြိုက်များနေတဲ့ Double Dating အစီအစဥ်လေး မှာလည်း ပါဝင်ရိုက်ကူးနေတာဖြစ်လို့ ပရိသတ်အချစ်ကို များစွာရရှိထားတာဖြစ်ပါတယ်။ စည်သူဝင်းကလည်း အစီအစဥ်လေးနဲ့ ပတ်သတ် တဲ့ အကြောင်းအရာလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာပါနော်။

ပရိသတ်ကြီးရေ.. Double Dating အစီအစဉ်လေးကိုတော့ ပရိသတ်တွေတော်တော်များများစောင့်ကြည့်အားပေးနေကြမှာဖြစ်သလို လူမှု ကွန်ယက်ပရိသတ်တွေကြား ရေပန်းစားပြီး အောင်မြင်မှုတွေအများဆုံးရရှိထားတဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ စုံတွဲလေးတွေအဖြစ် သရုပ်ဆောင်ထားတဲ့ အောင်မင်းခန့်နဲ့ ယွန်းယွန်း၊ စည်သူဝင်းနဲ့သဇင်ထူး မြင့်တို့ အတွဲလေးတွေကတော့ တကယ်ကိုအတွဲညီလွန်းကြတာမို့လည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါ..။လတ်တ လော မှာတော့ စည်သူ၀င်းရဲ့ လက်ရှိအချစ်ရေးအရှုပ်အထွေးတွေကြောင့် ပရိတ်သတ်များကြားပွဲဆူနေတာပါ။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး စည်သူ၀င်း က သူရဲ့ ဖေ့ဘုတ်စာမျက်နှာကနေပြန်လည်ဖြေရှင်းလာခဲ့ပါတယ်

Advertisement

အခုဖြစ်ပေါ်နေတဲ့ ကျွန်တော့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သတ်ပြီး ကျွန်တော့ကိုအားပေးနေတဲ့ပရိတ်သတ်တွေ စိတ်အနှောက်အ ယှက် ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်🙏🙏🙏

ကဲ ကိုလည်း အပြင်ကတောင်းပန်တာလက်မခံတဲ့အတွက် ဒီကနေဘဲတောင်းပန်ပါတယ် မှားခဲ့ပါတယ် စိတ်ဒဏ်ရာရအောင်လုပ်မိခဲ့ပါတယ်

ကဲနဲ့အဆင်မပြေတဲ့အချိန်မှာ ဒီလိုကိစ္စတွေဖြစ်ခဲ့ပြီး ရပ်သင့်တဲ့အချိန်မှာ မရပ်နိုင်ခဲ့တာလည်းကို့အမှားတွေပါဘဲ ပြီးတော့ကဲကိုလိုက်နှောက် ယှက်နေတာမဟုတ်ပါဘူး

တောင်းပန်စကားပြောချင်တာပါ ကို့အပစ်အတွက်ပေးဆပ်ဖို့လည်းအသင့်ပါဘဲ🙏🙏🙏ဒီကိစ္စမှာပါဝင်နေတဲ့တစ်ဖက် မိန်းကလေး ကို လည်းတကယ်အားနာပါတယ်

Advertisement

အားလုံးကကျွန်တော့အပစ်ကျွန်တော့အမှားပါ အားလုံးကိုလည်းတောင်းပန်ပါတယ်🙏🙏🙏အခုဖြစ်သွားတဲ့ကိစ္စ တွေက ကျွန် တော် ဘက်ကအမှားမလုပ်ဖူးဆို ဖြစ်လာမှာမဟုတ်တဲ့အတွက်ကြောင့် နောက်ထပ်ဒီလိုကိစ္စလည်းထပ်ဖြစ်စရာမရှိလောက် အောင်နောင် တလည်းရနေပါပြီ🥺

ပြီးတော့ဒီလိုနိုင်ငံရေးအခြေနေအဆင်မပြေတဲ့ကြားက ကျွန်တော့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရ တဲ့သူတစ်ယောက်ခြင်းစီကိုလည်းတောင်းပန်ပါတယ်🙏

Source sithu win

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*