သူငယ်ချင်းမတစ်ယောက်က သူ့ကိုကြိုက်နေတဲ့သူက ရုပ်ရှင်မင်းသား နေတိုးပါဆိုပြီး ကျမတို့ကို ပြောခဲ့ဖူးတယ် ကျောင်းရှေ့လာလာရပ်တဲ့…

ခပ်ငယ်ငယ်အရွယ်က.. သူငယ်ချင်းမတစ်ယောက်က သူ့ကိုကြိုက်နေတဲ့သူက ရုပ်ရှင်မင်းသား..နေတိုးပါဆိုပြီး ကျွန်မတို့ကို ပြောခဲ့ဖူးတယ်..ကျောင်းရှေ့လာလာရပ်တဲ့ ကားအမဲတစ်စင်းကို ပြ,ပြပြီး..အဲဒီထဲမှာ နေတိုးရှိတယ် နေတိုးထိုင်နေတယ်လုပ်တော့တာပဲ..ကဲ..နောက်ဆုံး..သူ့ကိုကြိုက်တဲ့သူတွေထဲမှာ..နေတိုးတောင်မကဘူး..ဘယ်သံရုံးက စစ်သံမှူးလည်းပါတယ်..ဘယ်ဗိုလ်ချုပ်ရဲ့သားကလည်းသူ့ကိုတောင်းလို့ စေ့စပ်ရတော့မှာ..သူငယ်ချင်း တွေကိုတော့ မဖိတ်တော့ဘူး..ဘာလို့လဲဆို နိုင်ငံတော်အကြီးအကဲတွေနဲ့ပဲ တိတ်တဆိတ် အကျဉ်းရုံးလုပ်ရမှာမို့လို့..

ဟော..စေ့စပ်ပွဲမလုပ်ဖြစ်တော့ဘူး..ဘာလို့ဆို သူလျှောက်ထားတဲ့ နိုင်ငံခြား တက္ကသိုလ်တစ်ခုက ပညာသင်ဆု အပြည့်ရလို့..၆လအတွင်းသွားရတော့မှာ..အမလေး..ဘုရားဘုရား..တစ်ပတ်တစ်ခါ စိတ်ထင်သလိုပြောင်းနေတဲ့ သူ့ ဇာတ်လမ်းတွေကို ကျွန်မတို့မှာ နားထောင်ရရင်း..မျက်လုံးလေးတွေ ကြောင်ကလုကလု..ပါးစပ်လေးတွေ အဟောင်းသား..ဘာပြန်ပြောလို့ပြောရမှန်းမသိ..သူ့မိသားစုအခြေအနေ သူ့အိမ်အခြေအနေ..သူ့အခြေအနေ..ကိုယ်တွေက အကုန်လုံး သိနေတော့လည်း အခက်..နောက်တော့ သူ့နားဘယ်သူမှမနေချင်ကြတော့ဘူးလေ..အဲတော့လည်း ရှေ့ကဖြတ်သွားရင် ဒေါက်ဖိနပ်ကြီးတဂွပ်ဂွပ် အသံမြည်အောင်..တမင်စီးပြပြီး. မျက်နှာကိုချီသွားသေးတာ…သြော် ..သူ့မလည်း သူ့ ဒုက္ခနဲ့သူ..ဖြစ်ချင်တာတွေကို အကွက်ဆင်ပြီးကြွားရတာလေ..နောက်တော့ စစ်သံမှူးနဲ့လည်းမရ..နေတိုးနဲ့လည်းမရ..ဘယ်ရောက်သွားလဲ..လည်းမသိတော့ပါဘူး

ဘာရယ်မဟုတ်ပါဘူး Facebook ဆိုတာကြီးပေါ်လာတော့လည်း..သူ့ကို သတိရသွားမိလို့ပါ..ကျွန်မတို့တွေ နေ့စဉ် Facebook မှာဓာတ်ပုံတွေတင်ကြတယ်.တင်သမျှပုံတွေရဲ့ ၆၀ရာခိုင်နှုန်းဟာ မုသားလေးတွေပါနေတယ်ဆိုတာ မငြင်းနိုင်ကြပါဘူး..ဓာတ်ပုံ တွေတင်တဲ့အခါ ကိုယ်မြင်စေချင်တဲ့ အခြမ်းကိုပဲ သူများကို ပြကြတယ်.ကျွန်မတို့..ဓာတ်ပုံ တွေဟာ လိမ်တတ်ကြတယ် ကိုယ့်ကိုကိုယ်လည်း လိမ်တယ် သူများကိုလည်းလိမ်တယ် လိမ်တာမှ ပါးပါးနပ်နပ် သေသေသပ်သပ် ကိုလိမ်တတ်ကြတာ တချို့က ..သူတို့ကိုယ်သူတို့ ယောကျာ်းအချစ်ခံရဆုံးသူတွေ..ဆိုတဲ့ ပုံစံဖမ်းပြီးတင်တတ်ကြတယ် ယောကျာ်းက အပြင်မှာ တခြားတစ်ယောက်နဲ့ ဖေါက်ပြန်နေတယ်..တချို့..ကိုယ့်သားသမီးတွေဟာ သိပ်တော်တာပဲ..သိပ်လိမ္မာတာပဲဆိုတဲ့ ပုံစံမျိုးတင်ကြတယ် အိမ်မှာ အမေကို တစ်ခွန်းမကျန်ပြန်ပြောပြီး..ဆေးချနေတာ ပိုက်ဆံတွေဘတ်နေတာ..အိမ်ပြေးလုပ်နေတာ..အမျိုးစုံ စိတ်အနှောက်အယှက်တွေပေးနေတာ ဘယ်သူမှမသိဘူး..

တချို့က ကိုယ့် Facebook အသိုင်းအ၀ိုင်း မှာ ကိုယ့်လောက် ကားအကောင်းစားစီးနိုင်တဲ့သူမရှိတော့သလို ကိုယ့်လောက်ငွေရှာနိုင်တဲ့သူ မရှိတော့ သလို ပုံစံမျိုးဖမ်းကြတယ်..အပြင်မှာ အကြွေးတွေဝိုင်းနေတယ်..တချို့က ကိုယ့်လောက် ခရီးသွားနိုင်တဲ့သူ..ဆိုင်ကောင်းကောင်းတွေမှာ စားနိုင်တဲ့သူ မရှိတော့သယောင် တင်ကြတယ်..တကယ်တော့ သူများကျွေးတာချည်းလိုက်စားနေတာလည်းဖြစ်နိုင်တယ်..တချို့က ကိုယ့်လောက်တော်တဲ့ အိမ်ရှင်မ..မရှိတော့ဘူး..ဆိုတဲ့ပုံစံမျိုးဖမ်းပြတယ်..အိမ်ထဲမှာကတော့ ရှုပ်ပွပြီး ကြွက်သိုက်ဖြစ်နေတယ်..တချို့က ကိုယ့်လောက် ပရဟိတတွေ လုပ်နိုင်တဲ့သူမရှိဘူးဆိုတဲ့ပုံစံမျိုး လုပ်ပြတတ်ကြတယ်..ဒီလိုအထင်ခံရအောင်ကို စုတ်စုတ်ပြတ်ပြတ် ဆင်းရဲ နွမ်းပါးသူတွေရဲ့အလည် ရှိုးစမိုးအပြည့်နဲ့..ဓါတ်ပုံရိုက်ရတာလည်း အမောပဲ..

တချို့က သူ့လောက် ချောတာ လှတာ ဖက်ရှင်ကျတာ..ပိုက်ဆံအိတ်ရောင်စုံကိုင်နိုင်တဲ့သူမရှိတာ..လို့အထင်ခံရအောင် လုပ်ပြကြတယ်..တကယ်တော့..အဖက်တွေ အတုတွေလည်းဖြစ်ချင်ဖြစ်နေမယ် တချို့က မျက်နှာကြီး အသိုက်အ၀န်း ကြားမှာ ကိုယ်ဟာ သိပ်အရာဝင်သလိုလို အရမ်းကြီးသိကျွမ်းနေသလိုလို လုပ်ပြတတ်ကြတယ်တကယ်တော့.. အတင်းဝင်လုံးထားတာ…တချို့က သိပ်အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီး သူဌေးကြီး မန်နေဂျာကြီး ဆရာကြီး အသွင်ဖမ်းကြတယ် အပြင်မှာ ဘာလုပ်လုပ် တလွဲတွေဖြစ်နေတာအောက်ကလူတွေက၀ိုင်းဟားနေကြတာ ဘယ်သူမှမသိ.. တချို့က မျိုးချစ်စိတ်တွေ သိပ်ထက်သန်နေသလိုလို….နိုင်ငံရေး စီးပွားရေးတွေ သိပ်နားလည်နေသလိုလို.ဘာမဆိုသိ ဘာမဆိုတတ်နေသလိုလို..လုပ်ပြတတ်ကြတယ်..လက်တွေ့မှာ..ဘာစီးပွားရေးမှလည်းမလုပ်ဖူးဘူး..အခြေခံဥပဒေဆိုတာ ဘာမှန်းတောင်မသိဘူး..

အချင်းချင်း ..အကြောင်းတွေ သိနေတော့လည်း သူတို့ ဓါတ်ပုံတွေကြည့်ရတာ..ပုံပြင်တစ်ပုဒ်ကို အခါတစ်ရာလောက်နားထောင်နေရသလို..နည်းနည်းတော့ပျင်းလာတယ်..သက်ဝင်ခံစားမှု အစစ်အမှန်တွေဆိုတာမရှိတော့ဘူး..ဘာပြီး ..ဘာလာတော့မယ်ဆိုတာ..သိနေတာကိုး..တကယ်တော့ ကိုယ်လိုချင်တဲ့ ဘ၀ပုံစံတစ်ခု လူတွေကို မြင်စေချင်တဲ့ ကိုယ့်ပုံရိပ်တစ်ခုကို..မသိမသာ လိမ်..လိမ်ပြီး..ဖန်တီးပြတာတွေ အရမ်းများလာကြတဲ့ ခေတ်ကြီးမှာ..ကိုယ်..ကိုယ်တိုင်လည်း မသိမသာ ပါ,ပါ လာတတ်ကြတယ်..ဓာတ်ပုံတွေဟာ လိမ်တတ်တယ်..ကျွန်မတို့ဟာ အလိမ်ခံနေရတာကိုပဲ သိသိကြီးနဲ့ ကြိုက်နေကြတယ်..ကိုယ်လည်းလိမ်တတ်လာတယ်..

မြွေဟာ..ယုန်ကလေးဖြစ်သွားတယ်..မတရားတဲ့သူကလည်း တရားတဲ့သူဖြစ်သွားတယ်မှားနေတဲ့သူကလည်း မှန်သွားတယ်..ဒါပေမဲ့လည်း..သက်ဝင်ခံစားမှုတွေ တစ်နေ့ တခြား …ပါးလျားလာတဲ့ ဒီ Facebook ကြီးထဲမှာ..နေ့စဉ် စီးမျော ပျော်ဝင်နေဆဲပဲ..

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

မူရင်းရေးသားသူ-မွန်ဟော်စီ

[UNCODE FONT]

Comments are closed.