တကၠသိုလ္ အတုမွာ ေက်ာင္းတက္ဖို႔ စာရင္းသြင္းတဲ့ အိႏၵိယ ေက်ာင္းသားေတြကို အေမရိကန္ ဖမ္းဆီး

တကၠသိုလ္ အတုမွာ ေက်ာင္းတက္ဖို႔ စာရင္းသြင္းတဲ့ အိႏၵိယ ေက်ာင္းသားေတြကို အေမရိကန္ ဖမ္းဆီး

အေမရိကန္ အာဏာပိုင္ေတြက လုပ္ထားတဲ့ တကၠသိုလ္ ေက်ာင္း အတု

တကၠသိုလ္ အတု တခု မွာ စာရင္း သြင္းခဲ့တဲ့ အိႏၵိယ ေက်ာင္းသား ၁၂၉ ေယာက္ ကို အေမရိကန္ အာဏာ ပိုင္ေတြက ဖမ္းဆီး လိုက္တဲ့ အတြက္ ေၾကာင့္ အိႏၵိယ တာဝန္ရွိသူေတြ က သံတမန္ေရး အရ ကန႔္ကြက္မႈေတြ လုပ္ခဲ့ရပါတယ္။

အေမရိကန္ မွာ ဆက္လက္ေနထိုင္ ခြင္ရေရး ပိုက္ဆံေပးၿပီး ဗီဇာရဖို႔ ႀကိဳးစား ၾကတဲ့ ေက်ာင္းသားေတြ ကို အေရးယူ ႏိုင္ဖို႔ ျပည္တြင္း လုံၿခဳံေရး ဌာန က မီခ်ီဂန္ ျပည္နယ္ အေျခစိုက္ ဖာမင္တန္ တကၠသိုလ္ ကို အေယာင္ျပ ဖြင့္လွစ္ ထားခဲ့တာပါ။

အဲဒီ တကၠသိုလ္ ကို အင္တာနက္ ေပၚမွာ ေၾကညာ ခဲ့ၿပီးေနာက္မွာ အိႏၵိယ ေက်ာင္းသားေတြက အေမရိကန္ မွာ ဆက္လက္ ေနထိုင္ခြင့္ ရရွိ ႏိုင္ဖို႔ အတြက္ ေက်ာင္းေလွ်ာက္ထား ခဲ့ၾကတာ ျဖစ္ပါတယ္။

အိႏၵိယ ေက်ာင္းသားေတြ အေနနဲ႔ ဖာမင္တန္ တကၠသိုလ္ ဟာ တရားမဝင္မွန္း သိရက္နဲ႔ ေနခြင့္ရဖို႔ ေက်ာင္း ေလွ်ာက္ထား ခဲ့တာ ျဖစ္တယ္လို႔ တာဝန္ရွိသူေတြ က ေျပာပါတယ္။

ေက်ာင္းသား ေတြ ဖမ္းဆီး ခံရမႈ နဲ႔ ပတ္သက္လို႔ အိႏၵိယ က ေဒလီၿမိဳ႕မွာ ရွိတဲ့ အေမရိကန္ သံ႐ုံး ကို ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွာ တရားဝင္ ကန႔္ကြက္စာ ေပးပို႔ လိုက္ပါတယ္။

ဒါ့အျပင္ တကၠသိုလ္ အတုမွာ စာရင္းေပးသြင္းခဲ့တဲ့ ေက်ာင္းသားေတြဟာ အလွည့္စား ခံ လိုက္ရတာ ျဖစ္ႏိုင္ေၾကာင္းနဲ႔ ဖမ္းဆီး ခံထားရတဲ့ ေက်ာင္းသား ေတြနဲ႔ အျမန္ဆုံး ေတြ႕ခြင့္ ေပးဖို႔ အိႏၵိယ ျပည္ပေရး ရာ ဦးစီးဌာန က ေတာင္းဆို လိုက္ပါတယ္။

ဖာမင္တန္ တကၠသိုလ္ ဝက္ဆိုက္ဒ္

ေက်ာင္းဝက္ဆိုက္ဒ္ မွာ စာသင္ေနတဲ့ပုံကို လုပ္ထား
၂၀၁၅ ခုႏွစ္မွာ ကတည္း က ဖာမင္တန္ တကၠသိုလ္ အင္တာနက္ စာမ်က္ႏွာ ကို စတင္ ဖြင့္လွစ္ ခဲ့တာ ျဖစ္ၿပီး ေက်ာင္းသား ဗီဇာ နဲ႔ ေရာက္ရွိေနတဲ့ ႏိုင္ငံျခား သား ေတြကို ဗီဇာ သက္တမ္း ဆက္ရဖို႔ ဆြဲေဆာင္မႈေတြ လုပ္ေနတာပါ။

အဲဒီ ေက်ာင္းရဲ႕ အင္တာနက္ စာမ်က္ႏွာမွာ ေက်ာင္းသား ေတြဟာ စာသင္ခန္း ထဲမွာ စာသင္ေနတာ၊ စာၾကည့္တိုက္ နဲ႔ ေက်ာင္း ပတ္ဝန္းက်င္ မွာ အပန္းေျဖ အနားယူ ေနတဲ့ ဓါတ္ပုံ ေတြကို တင္ထားပါတယ္။

ဘြဲ႕ႀကိဳ သင္တန္း တခု အတြက္ တႏွစ္ ကို ေဒၚလာ ၈၅၀၀ ေက်ာင္းစားရိတ္ ယူၿပီး ဘြဲ႕လြန္ သင္တန္းသား ေတြ အတြက္ ကေတာ့ ေဒၚလာ ၁၁၀၀၀ ယူပါတယ္။

ဖာမင္တန္ တကၠသိုလ္ဟာ ေဖ့စ္ဘုတ္ စာမ်က္ႏွာ ကိုပါ ဖြင့္လွစ္ ထားၿပီး အဲဒီမွာပါ ေက်ာင္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ကို ေရးသား ထားပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ တပတ္ က တရား႐ုံး ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ တကၠသိုလ္မွာ တာဝန္ ထမ္းေဆာင္သူေတြဟာ အေမရိကန္ လူဝင္မႈႀကီးၾကပ္ ေရး နဲ႔ အေကာက္ခြန္ ဌာန ရဲ႕ ဝန္ထမ္းေတြ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

အဲဒီေက်ာင္း ရဲ႕ ႐ုံးခန္းကို ဒတ္ထ႐ြိဳက္ ၿမိဳ႕စြန္ က စီးပြားေရး အဝန္း အဝိုင္း တခု မွာ ဖြင့္လွစ္ထားတာလည္း ျဖစ္ပါတယ္။

တကၠသိုလ္ အတု မွာ ေက်ာင္းတက္ဖို႔ စာရင္းသြင္းခဲ့တဲ့ ေက်ာင္းသားေတြ ဟာ အေမရိကန္ မွာ ဆက္လက္ ေနထိုင္ခြင့္ ရဖို႔ အတြက္ ေက်ာင္းအတု မွန္း သိရဲ႕သားနဲ႔ ပိုက္ဆံ ေပးခဲ့ၾကတာ ျဖစ္တယ္လို႔ အေမရိကန္ တာဝန္ရွိသူေတြက စြပ္စြဲ ပါတယ္။

အိႏၵိယ ဘက္ကေတာ့ ဒီေက်ာင္းသားေတြဟာ လွည့္ျဖား ခံရတာ ျဖစ္ေၾကာင္း ျငင္းဆိုထားပါတယ္။ ၂၀၁၆ ခုႏွစ္တုန္း ကလည္း ေျမာက္ပိုင္း နယူးဂ်ာစီ တကၠသိုလ္ ဆိုတဲ့ ေက်ာင္းတု တခု ကို အေမရိကန္ လူဝင္မႈ ႀကီးၾကပ္ေရး ဌာနက ဝန္ထမ္းေတြက ဖန္တီး ခဲ့ဖူးပါတယ္။

အဲဒီတုန္း ကလည္း ေက်ာင္းတက္ဖို႔ စာရင္းေပးသြင္းတဲ့ အိႏၵိယ နဲ႔ တ႐ုတ္ ႏိုင္ငံ က ေက်ာင္းသား ၂၁ ဦး ကို ဖမ္းဆီး အေရးယူ ခဲ့ဖူးတဲ့ သာဓက ရွိပါတယ္။

အခုအခါမွာလည္း အေမရိကန္မွာ ဆက္လက္ ေနထိုင္ ႏိုင္ဖို႔ ေက်ာင္းတု ေလွ်ာက္ထား ခဲ့ၾကတဲ့ ေက်ာင္းသား တစ္ရာေက်ာ္ ကို ဖမ္းဆီး အေရး ယူ ထားၿပီး ျပစ္မႈ ထင္ရွားရင္ ျပည္ႏွင္ဒဏ္ ေပးတဲ့ ျပစ္ဒဏ္ စီရင္မႈ မ်ိဳးကို ခ်မွတ္ မွာ ျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

Credit-bbc burmese

[UNICODE FONT]

အမေရိကန် အာဏာပိုင်တွေက လုပ်ထားတဲ့ တက္ကသိုလ် ကျောင်း အတု

တက္ကသိုလ် အတု တခု မှာ စာရင်း သွင်းခဲ့တဲ့ အိန္ဒိယ ကျောင်းသား ၁၂၉ ယောက် ကို အမေရိကန် အာဏာ ပိုင်တွေက ဖမ်းဆီး လိုက်တဲ့ အတွက် ကြောင့် အိန္ဒိယ တာဝန်ရှိသူတွေ က သံတမန်ရေး အရ ကန့်ကွက်မှုတွေ လုပ်ခဲ့ရပါတယ်။

အမေရိကန် မှာ ဆက်လက်နေထိုင် ခွင်ရရေး ပိုက်ဆံပေးပြီး ဗီဇာရဖို့ ကြိုးစား ကြတဲ့ ကျောင်းသားတွေ ကို အရေးယူ နိုင်ဖို့ ပြည်တွင်း လုံခြုံရေး ဌာန က မီချီဂန် ပြည်နယ် အခြေစိုက် ဖာမင်တန် တက္ကသိုလ် ကို အယောင်ပြ ဖွင့်လှစ် ထားခဲ့တာပါ။

အဲဒီ တက္ကသိုလ် ကို အင်တာနက် ပေါ်မှာ ကြေညာ ခဲ့ပြီးနောက်မှာ အိန္ဒိယ ကျောင်းသားတွေက အမေရိကန် မှာ ဆက်လက် နေထိုင်ခွင့် ရရှိ နိုင်ဖို့ အတွက် ကျောင်းလျှောက်ထား ခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယ ကျောင်းသားတွေ အနေနဲ့ ဖာမင်တန် တက္ကသိုလ် ဟာ တရားမဝင်မှန်း သိရက်နဲ့ နေခွင့်ရဖို့ ကျောင်း လျှောက်ထား ခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

ကျောင်းသား တွေ ဖမ်းဆီး ခံရမှု နဲ့ ပတ်သက်လို့ အိန္ဒိယ က ဒေလီမြို့မှာ ရှိတဲ့ အမေရိကန် သံရုံး ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တရားဝင် ကန့်ကွက်စာ ပေးပို့ လိုက်ပါတယ်။

ဒါ့အပြင် တက္ကသိုလ် အတုမှာ စာရင်းပေးသွင်းခဲ့တဲ့ ကျောင်းသားတွေဟာ အလှည့်စား ခံ လိုက်ရတာ ဖြစ်နိုင်ကြောင်းနဲ့ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား တွေနဲ့ အမြန်ဆုံး တွေ့ခွင့် ပေးဖို့ အိန္ဒိယ ပြည်ပရေး ရာ ဦးစီးဌာန က တောင်းဆို လိုက်ပါတယ်။

ဖာမင်တန် တက္ကသိုလ် ဝက်ဆိုက်ဒ်

ကျောင်းဝက်ဆိုက်ဒ် မှာ စာသင်နေတဲ့ပုံကို လုပ်ထား
၂၀၁၅ ခုနှစ်မှာ ကတည်း က ဖာမင်တန် တက္ကသိုလ် အင်တာနက် စာမျက်နှာ ကို စတင် ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး ကျောင်းသား ဗီဇာ နဲ့ ရောက်ရှိနေတဲ့ နိုင်ငံခြား သား တွေကို ဗီဇာ သက်တမ်း ဆက်ရဖို့ ဆွဲဆောင်မှုတွေ လုပ်နေတာပါ။

အဲဒီ ကျောင်းရဲ့ အင်တာနက် စာမျက်နှာမှာ ကျောင်းသား တွေဟာ စာသင်ခန်း ထဲမှာ စာသင်နေတာ၊ စာကြည့်တိုက် နဲ့ ကျောင်း ပတ်ဝန်းကျင် မှာ အပန်းဖြေ အနားယူ နေတဲ့ ဓါတ်ပုံ တွေကို တင်ထားပါတယ်။

ဘွဲ့ကြို သင်တန်း တခု အတွက် တနှစ် ကို ဒေါ်လာ ၈၅၀၀ ကျောင်းစားရိတ် ယူပြီး ဘွဲ့လွန် သင်တန်းသား တွေ အတွက် ကတော့ ဒေါ်လာ ၁၁၀၀၀ ယူပါတယ်။

ဖာမင်တန် တက္ကသိုလ်ဟာ ဖေ့စ်ဘုတ် စာမျက်နှာ ကိုပါ ဖွင့်လှစ် ထားပြီး အဲဒီမှာပါ ကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို ရေးသား ထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တပတ် က တရားရုံး ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တက္ကသိုလ်မှာ တာဝန် ထမ်းဆောင်သူတွေဟာ အမေရိကန် လူဝင်မှုကြီးကြပ် ရေး နဲ့ အကောက်ခွန် ဌာန ရဲ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကျောင်း ရဲ့ ရုံးခန်းကို ဒတ်ထရွိုက် မြို့စွန် က စီးပွားရေး အဝန်း အဝိုင်း တခု မှာ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

တက္ကသိုလ် အတု မှာ ကျောင်းတက်ဖို့ စာရင်းသွင်းခဲ့တဲ့ ကျောင်းသားတွေ ဟာ အမေရိကန် မှာ ဆက်လက် နေထိုင်ခွင့် ရဖို့ အတွက် ကျောင်းအတု မှန်း သိရဲ့သားနဲ့ ပိုက်ဆံ ပေးခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲ ပါတယ်။

အိန္ဒိယ ဘက်ကတော့ ဒီကျောင်းသားတွေဟာ လှည့်ဖြား ခံရတာ ဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။ ၂၀၁၆ ခုနှစ်တုန်း ကလည်း မြောက်ပိုင်း နယူးဂျာစီ တက္ကသိုလ် ဆိုတဲ့ ကျောင်းတု တခု ကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ဌာနက ဝန်ထမ်းတွေက ဖန်တီး ခဲ့ဖူးပါတယ်။

အဲဒီတုန်း ကလည်း ကျောင်းတက်ဖို့ စာရင်းပေးသွင်းတဲ့ အိန္ဒိယ နဲ့ တရုတ် နိုင်ငံ က ကျောင်းသား ၂၁ ဦး ကို ဖမ်းဆီး အရေးယူ ခဲ့ဖူးတဲ့ သာဓက ရှိပါတယ်။

အခုအခါမှာလည်း အမေရိကန်မှာ ဆက်လက် နေထိုင် နိုင်ဖို့ ကျောင်းတု လျှောက်ထား ခဲ့ကြတဲ့ ကျောင်းသား တစ်ရာကျော် ကို ဖမ်းဆီး အရေး ယူ ထားပြီး ပြစ်မှု ထင်ရှားရင် ပြည်နှင်ဒဏ် ပေးတဲ့ ပြစ်ဒဏ် စီရင်မှု မျိုးကို ချမှတ် မှာ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-bbc burmese

Comments are closed.