အိမ်သာထဲမှာအမှတ်တရတွေအများကြီးရှိတယ်ဆိုတဲ့ တိုင်ရွန်
အိမ်သာထဲမှာအမှတ်တရတွေအများကြီးရှိတယ်ဆိုတဲ့ တိုင်ရွန်
[UNICODE FONT]
ကောင်မလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မော်ဒယ်သရုပ်ဆောင်တိုင်ရွန်ဟာ အချိန်တိုအတွင်း အောင်မြင်မှုများစွာပိုင်ဆိုင်ထားသူလည်းဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုတွေရရှိထားသူလည်းဖြစ်ပါတယ်။တိုင်ရွန်က Valentine’s Day ရင်ခုန်သံနဲ့ ကျောင်းသားဘဝအမှတ်တရတွေအကြောင်းပြောသွားခဲ့ပါတယ်။
တိုင်ရွန်က ဒီနှစ် Valentine’s Day ကို ဖြတ်သန်းမယ့်ပုံစံကို “ဒီနှစ်တော့ ပေးစရာရှိတာတွေပေးပြီးရင် ရုပ်ရှင်ရိုက်နေမှာပါ အဲ့လိုပါပဲ”လို့ ပြောထားပြီး ငယ်ငယ်တုန်းက ချောကလက်တွေအရမ်းရကြောင်း “ငယ်ငယ်ကတည်းက ကျောင်းရှေ့မှာ အခန်းရှေ့မှာ ချောကလက်တွေပုံနေတာပဲ။ အံမယ် အဲလိုရတယ်။ ချောကလက်တွေ ပန်းစည်းတွေ၊ ပြောင်တယ်ပေါ့ သူငယ်ချင်းအချင်းချင်းနောက်ပြီးပေးကြတာမျိုးတွေလည်းရှိတယ်။ ပြီးကျရင်တလွဲတွေဖြစ်နေတာမျိုးတွေပေါ့”လို့ ဂုဏ်ယူသစွာ ပြန်ပြောင်းပြောပြသွားပါတယ်။
ကျောင်သားဘဝအမှတ်တရတွေမှ အိမ်သာကအမှတ်တရအဖြစ်ဆုံးပဲလို့လည်းတို်င်ရွန်က “ရန်ဖြစ်တာများတော့ တစ်ကျောင်းလုံးက အမှတ်တရတွေချည်းပဲ။ အိမ်သာက အမှတ်တရအဖြစ်ဆုံးပဲ။ ကျောင်းမှာတစ်ခန်းနဲ့တစ်ခန်းရန်ဖြစ်ပြီဆိုလို့ရှိရင် အိမ်သာပဲချိန်းပြီးထိုးကြတာကိုး။အဲဒီမှာ ထိုးကြကြိတ်ကြ။ ပြီးရင် ကျောင်းက အိမ်သာတွေကသိတဲ့အတိုင်းပဲ တစ်ကိုယ်လုံးပေကျံပြီးတော့ ရုံးခန်းတွေရောက်”လို့ ပြောပြထားပါတယ်။
ကျောင်သားဘဝမှာ အိမ်သာက နေလို့အကောင်းဆုံးနေရာဖြစ်ခဲ့ကြောင်းကိုလည်း “ကျွန်တော်တို့ဆေးလိပ်တွေခိုးသောက်ကြတယ်။ အစုံပါပဲ။ စာမသင်ချင်ကြရင် အိမ်သာထဲပဲသွားနေချင်ကြတာ။အစုံပါပဲ။ အနံ့အသက်တွေဘာတွေမသိဘူး။ တံခါးတွေပိတ်ပြီးအိမ်သာထဲဝင်နေကြတယ်။ MP4 တွေကြည့်ပြီး ဆေးလိပ်တွေခိုးသောက်ကြတယ်။ အမှတ်တရပဲ”လို့လည်း အောက်မေ့ဖွယ်ပြန်ပြောင်းပြောပြထားပါတယ်။
တိုင်ရွန်က သရုပ်ဆောင်ရတာမှာ ဗီလိန်လုပ်ရတာကြိုက်ကြောင်း “ကျွန်တော် ဗီလိန်လုပ်ရတာကြိုက်တယ်။ စာအုပ်ကြီးရဲ့စီရင်ချက်ဆို ကျွန်တော်က villain ပဲ။ သတိအန္တရာယ်ရှိသည်ဆိုရင်လည်း Villain ပဲ။ ကျွန်တော်ဗီလိန်ကာရိုက်တာကိုသဘောကျတယ်။နှစ်သက်တယ်။အဲ့လိုမျိုးလုပ်ရတာကိုကြိုက်တယ်”လို့ ဖြေကြားထားပါတယ်။
့ပရိသတ်ကြီးရော ငယ်ငယ်ကတည်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ တိုင်ရွန်လေးကိုချစ်ကြလား။တိုင်ရွန်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.