ေရႊမံႈနဲ႔ေရႊထူးအေၾကာင္းပဲလာေမးေနလို႔သတင္းေထာက္ေတြကုိ ခ်ဲလိုက္တဲ့ ေငြမံႈရတီ

ေရႊမံႈနဲ႔ေရႊထူးအေၾကာင္းပဲလာေမးေနလို႔သတင္းေထာက္ေတြကုိ ခ်ဲလိုက္တဲ့ ေငြမံႈရတီ

ေရႊမံႈရတီရဲ႕ခ်စ္လွစြာေသာ ညီမေလးေငြမံႈရတီဟာ အစ္မျဖစ္သူလိုပဲ အနုပညာကုိ ဝါသနာၾကီးျပီး သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ၾကိဳးစားေနသူေလးျဖစ္ပါတယ္။ ေရႊမံႈနဲ႔ေငြမံႈနဲ႔ညီအစ္မက တစ္ေယာက္ကုိတစ္ေယာက္ေတာ္ေတာ္ေလးခ်စ္ၾကျပီးဘာမဆိုတုိင္ပင္ျဖစ္တဲ့ ညီအစ္မေတြျဖစ္တယ္လို႔လည္းသိရပါတယ္။ေငြမံႈရတီဟာလည္း ေရႊထူးနဲ႔ေရႊမံႈကုိသေဘာတူတဲ့သူေတြထဲမွာပါပါတယ္။ ေငြမံႈက မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေရႊထူးနဲ႔ေရႊမံႈအေၾကာင္းကိုေျပာျပသြားပါတယ္။

ေရႊထူးနဲ႔ေရႊမံႈကတစ္ေယာက္ကုိတစ္ေယာက္ခ်စ္ၾကျပီး ေတာ္ေတာ္ေလးျပံဳးေပ်ာ္ေနၾကတာပဲဆိုျပီး ေငြမံႈက “သူတုိ႔ကုိၾကည့္ရတာ ေပ်ာ္ပါတယ္။ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ။ နွစ္ေယာက္လံုးက ျပံဳးေပ်ာ္ေနျပီးေတာ့ Happy ေပ့ါေနာ္။ ဘယ္လုိေျပာရမလဲ Happy ေပါ့”လို႔ေျပာျပထားပါတယ္။

ေငြမံႈက ေရႊမံႈနဲ႔ ဘာမဆိုတုိင္ပင္ျဖစ္တဲ့အေၾကာင္းကိုလည္း “တုိင္ပင္ျဖစ္ပါတယ္။တိုင္ပင္ျဖစ္တာေတြကေတာ့ အမ်ားၾကီးေပါ့။ အမ်ားၾကီးတုိင္ပင္ျဖစ္ပါတယ္”လို႔ေျပာျပထားျပီး ေရႊထူးနဲ႔ေရႊမံႈရဲ႕အခ်စ္ေရးအေၾကာင္းျမင္ရသေလာက္ကုိေတာ့ “ဂရုစိုက္ပါတယ္။ ကုိေရႊထူးကလည္း သဲကိုခ်စ္ပါတယ္။ သဲကလည္းခ်စ္တယ္။ဟုတ္ကဲ့ အဲ့လိုပဲ ခ်စ္ပါတယ္”လို႔ေျပာထားပါတယ္။

ေဝဖန္တိုက္ခိုက္ခံရတာေတြရွိတဲ့အခါ ေရႊမံႈကုိဘယ္လိုအားေပးျဖစ္လဲဆိုတဲ့အေၾကာင္းကို “သူ႔စိတ္က အရမ္းမာတယ္ေလ။ ေဝဖန္ခံရလုိ႔လည္း ဆုိက္ကုိၾကီးျဖစ္သြားတာမ်ိဳးလည္း သူ႔မွာမရွိတဲ့အခါက်ေတာ့ သူ႔ဟာသူေျဖတတ္ပါတယ္။ အဲ့ေတာ့ ညီမအေနနဲ႔သူ႔ကုိနွစ္သိမ့္ေပးစရာမလိုဘူးေပါ့။ ညီမကေတာ့ ဟဲ့ နင္အဲ့ဒါေတြဂရုစိုက္မေနနဲ႔ ေမ့ထားလိုက္ေမ့ထားလိုက္ လူဆိုတာ ေနာက္တစ္ေန႔ဆိုေမ့သြားတာပဲလိုု႔ေတာ့ေျပာျဖစ္ပါတယ္”လို႔ေျဖၾကားထားပါတယ္။

ေငြမံႈက ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေမာင္နွမအၾကီးေတြကုိ ပုိင္ဆိုင္ထားရတဲ့ အငယ္ေတြရဲ႕စိတ္အတုိင္းပဲ ေရႊမံႈရဲ႕ေအာင္ျမင္မႈေအာက္မွာေလာင္းရိပ္မိေနရမွာကုိမလိုလားဘူးထင္ပါတယ္။ ေရႊမံႈအေၾကာင္းေတြပဲ တရစပ္ေမးေနတဲ့ သတင္းေထာက္ေတြကုိ တတ္နုိင္သမွ်သည္းခံေျဖၾကားျပီးေနာက္မွာေတာ့ “အဲ့ဒီအေၾကာင္းကလြဲျပီးက်န္တဲ့အေၾကာင္းေမးလို႔မရေတာ့ဘူးလား။ ကြ်န္မကုိဗ်ဴးေနတာ ကြ်န္မအေၾကာင္းေမးေလ ဘယ္နွယ့္ေၾကာင့္သူတို႔နွစ္ေယာက္အေၾကာင္းေမးေနတာလဲ အံ့ၾသစရာၾကီး”လို႔ ေဒါသကုိမနည္းမ်ိဳခ်ထားတဲ့အသံနဲ႔ေျပာထည့္လိုက္တာကုိလည္းေတြ႕ရပါတယ္။

ေငြမံႈက သူ႔ရဲ႕ကုိယ္ပုိင္အခ်စ္ေရးအေၾကာင္းကုိေတာ့ “မရွိဘူးမရွိဘူး ဘယ္ေတာ့မွလည္းထားမွာမဟုတ္ဘူး။ စိတ္ပူမေနနဲ႔။ အဲဒီကိစၥေတြစိတ္မပါေသးတာေပါ့ေနာ္”လို႔ေျပာျပထားပါတယ္။

ပရိသတ္ၾကီးေရာ ေငြမံႈနဲ႔ေရႊမံႈတို႔ညီအစ္မကုိခ်စ္ၾကလား။ သူတုိ႔ညီအစ္မနွစ္ေယာက္အတူရိုက္ထားတဲ့ရုပ္ရွင္ေတြထြက္လာမယ္ဆိုရင္ေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကဦးေနာ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ရွှေမှုံရတီရဲ့ချစ်လှစွာသော ညီမလေးငွေမှုံရတီဟာ အစ်မဖြစ်သူလိုပဲ အနုပညာကို ဝါသနာကြီးပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူလေးဖြစ်ပါတယ်။ ရွှေမှုံနဲ့ငွေမှုံနဲ့ညီအစ်မက တစ်ယောက်ကိုတစ်ယောက်တော်တော်လေးချစ်ကြပြီးဘာမဆိုတိုင်ပင်ဖြစ်တဲ့ ညီအစ်မတွေဖြစ်တယ်လို့လည်းသိရပါတယ်။ငွေမှုံရတီဟာလည်း ရွှေထူးနဲ့ရွှေမှုံကိုသဘောတူတဲ့သူတွေထဲမှာပါပါတယ်။ ငွေမှုံက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ရွှေထူးနဲ့ရွှေမှုံအကြောင်းကိုပြောပြသွားပါတယ်။

ရွှေထူးနဲ့ရွှေမှုံကတစ်ယောက်ကိုတစ်ယောက်ချစ်ကြပြီး တော်တော်လေးပြုံးပျော်နေကြတာပဲဆိုပြီး ငွေမှုံက “သူတို့ကိုကြည့်ရတာ ပျော်ပါတယ်။ပျော်ပျော်ရွှင်ရွှင်ပဲ။ နှစ်ယောက်လုံးက ပြုံးပျော်နေပြီးတော့ Happy ပေ့ါနော်။ ဘယ်လိုပြောရမလဲ Happy ပေါ့”လို့ပြောပြထားပါတယ်။

ငွေမှုံက ရွှေမှုံနဲ့ ဘာမဆိုတိုင်ပင်ဖြစ်တဲ့အကြောင်းကိုလည်း “တိုင်ပင်ဖြစ်ပါတယ်။တိုင်ပင်ဖြစ်တာတွေကတော့ အများကြီးပေါ့။ အများကြီးတိုင်ပင်ဖြစ်ပါတယ်”လို့ပြောပြထားပြီး ရွှေထူးနဲ့ရွှေမှုံရဲ့အချစ်ရေးအကြောင်းမြင်ရသလောက်ကိုတော့ “ဂရုစိုက်ပါတယ်။ ကိုရွှေထူးကလည်း သဲကိုချစ်ပါတယ်။ သဲကလည်းချစ်တယ်။ဟုတ်ကဲ့ အဲ့လိုပဲ ချစ်ပါတယ်”လို့ပြောထားပါတယ်။

ဝေဖန်တိုက်ခိုက်ခံရတာတွေရှိတဲ့အခါ ရွှေမှုံကိုဘယ်လိုအားပေးဖြစ်လဲဆိုတဲ့အကြောင်းကို “သူ့စိတ်က အရမ်းမာတယ်လေ။ ဝေဖန်ခံရလို့လည်း ဆိုက်ကိုကြီးဖြစ်သွားတာမျိုးလည်း သူ့မှာမရှိတဲ့အခါကျတော့ သူ့ဟာသူဖြေတတ်ပါတယ်။ အဲ့တော့ ညီမအနေနဲ့သူ့ကိုနှစ်သိမ့်ပေးစရာမလိုဘူးပေါ့။ ညီမကတော့ ဟဲ့ နင်အဲ့ဒါတွေဂရုစိုက်မနေနဲ့ မေ့ထားလိုက်မေ့ထားလိုက် လူဆိုတာ နောက်တစ်နေ့ဆိုမေ့သွားတာပဲလို့တော့ပြောဖြစ်ပါတယ်”လို့ဖြေကြားထားပါတယ်။

ငွေမှုံက အောင်မြင်ကျော်ကြားတဲ့ မောင်နှမအကြီးတွေကို ပိုင်ဆိုင်ထားရတဲ့ အငယ်တွေရဲ့စိတ်အတိုင်းပဲ ရွှေမှုံရဲ့အောင်မြင်မှုအောက်မှာလောင်းရိပ်မိနေရမှာကိုမလိုလားဘူးထင်ပါတယ်။ ရွှေမှုံအကြောင်းတွေပဲ တရစပ်မေးနေတဲ့ သတင်းထောက်တွေကို တတ်နိုင်သမျှသည်းခံဖြေကြားပြီးနောက်မှာတော့ “အဲ့ဒီအကြောင်းကလွဲပြီးကျန်တဲ့အကြောင်းမေးလို့မရတော့ဘူးလား။ ကျွန်မကိုဗျူးနေတာ ကျွန်မအကြောင်းမေးလေ ဘယ်နှယ့်ကြောင့်သူတို့နှစ်ယောက်အကြောင်းမေးနေတာလဲ အံ့သြစရာကြီး”လို့ ဒေါသကိုမနည်းမျိုချထားတဲ့အသံနဲ့ပြောထည့်လိုက်တာကိုလည်းတွေ့ရပါတယ်။

ငွေမှုံက သူ့ရဲ့ကိုယ်ပိုင်အချစ်ရေးအကြောင်းကိုတော့ “မရှိဘူးမရှိဘူး ဘယ်တော့မှလည်းထားမှာမဟုတ်ဘူး။ စိတ်ပူမနေနဲ့။ အဲဒီကိစ္စတွေစိတ်မပါသေးတာပေါ့နော်”လို့ပြောပြထားပါတယ်။

ပရိသတ်ကြီးရော ငွေမှုံနဲ့ရွှေမှုံတို့ညီအစ်မကိုချစ်ကြလား။ သူတို့ညီအစ်မနှစ်ယောက်အတူရိုက်ထားတဲ့ရုပ်ရှင်တွေထွက်လာမယ်ဆိုရင်ရော အားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.