ခ်စ္သူနဲ႔ လက္ထပ္ထားတယ္လို႔ သတင္းထြက္ေနတဲ့အေပၚ ေအာင္သူရဲ႕ ေျပာစကား

ခ်စ္သူနဲ႔ လက္ထပ္ထားတယ္လို႔ သတင္းထြက္ေနတဲ့အေပၚ ေအာင္သူရဲ႕ ေျပာစကား

ႏိုင္ငံ့လက္ေရြးစင္ေဘာလံုးသမားေအာင္သူနဲ႔ အႏုပညာရွင္တစ္ဦးျဖစ္သူ ပိုးအိအိခန္႔တို႔က ခ်စ္သူေတြအျဖစ္ ပရိသတ္ေတြသိရွိခဲ့ၾကတာ အေတာ္ၾကာခဲ့ျပီျဖစ္ပါတယ္။ ႏွစ္ေယာက္လံုး သက္ဆိုင္ရာနယ္ပယ္မွာ ေအာင္ျမင္မွုရရွိေအာင္ ၾကိဳးစားေနၾကတဲ့ အရည္အခ်င္းရွိတဲ့လူငယ္ေလးေတြပဲျဖစ္ပါတယ္။

အႏုပညာေလာကထဲက ပိုးအိအိခန္႔နဲ႔ခ်စ္ၾကိဳက္ေနၾကတယ္ဆိုတာကို ပရိသတ္ေတြသိရွိခဲ့ၾကတဲ့အခ်ိန္မွာလည္း ေအာင္သူပရိသတ္ေတြက ေအာင္သူ႔အတြက္ စိုးရိမ္ခဲ့ၾကတာျဖစ္ပါတယ္။ သို႔ေသာ္လည္း ေအာင္သူကို သစၥာရွိရွိနဲ႔ ခ်စ္ျမတ္ႏိုးတတ္တဲ့ ပိုးအိအိခန္႔ဟာ ပရိသတ္ေတြ ထင္သလိုမဟုတ္ခဲ့ပါဘူး။ အေနေဝးေနၾကေပမယ့္လည္း တစ္ဦးနဲ႔ တစ္ဦး သစၥာရွိရွိ၊ ယံုၾကည္မွုရွိရွိနဲ႔ လက္တြဲေရွ႕ဆက္ေနခဲ့ၾကတာျဖစ္ပါတယ္။

မၾကာေသးခင္က ေအာင္သူရဲ႕အေကာင့္အဟက္ခံခဲ့ရျပီးေနာက္ သူတို႔ႏွစ္ဦး လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးစဥ္တုန္းက ရိုက္ကူးထားတဲ့ပံုရိပ္အခ်ိဳ႕ကို ဟက္ကာက ခ်ျပခဲ့တာျဖစ္ပါတယ္။ ေအာင္သူနဲ႔ ပိုးအိအိခန္႔က အမွန္တကယ္ပဲ လက္ထပ္ထားျပီးခဲ့ၾကျပီလားဆိုတဲ့ ေမးခြန္းေတြက ပရိသတ္ေတြၾကားထဲ စိတ္ဝင္စားစရာေမးခြန္းတစ္ခုျဖစ္လာခဲ့တာပါ။

အဲဒီေကာလဟာလေတြေနာက္မွာေတာ့ ကာယကံရွင္ ၂ ဦးလံုးက ေျဖရွင္းျခင္းဘာမွျပဳလုပ္ခဲ့တာ မေတြ႔ရေပမယ့္ Pride of Myanmar ပြဲကို ေအာင္သူတက္ေရာက္လာခ်ိန္မွာေတာ့ မီဒီယာေတြက ေမးျမန္းခဲ့ၾကတာျဖစ္ပါတယ္။

ေအာင္သူကေတာ့ ထိုကိစၥနဲ႔ပတ္သက္ျပီး ” အဲဒါကေတာ့ အခ်ိန္က စကားေျပာသြားပါလိမ့္မယ္။ က်ေတာ္ကေတာ့ အခ်ိန္တစ္ခုက်ရင္ အကုန္လံုးကိုေျပာမွာေပါ့” လို႔ ပ်ံ႕ႏွံ႔သြားခဲ့တဲ့ ဓာတ္ပံုေတြနဲ႔ပတ္သက္ျပီး ေျပာျပလာခဲ့တာပါ။

ေအာင္သူနဲ႔ ပိုးအိအိခန္႔တုိ႔ ႏွစ္ေယာက္ ဒီထက္ပိုတုိးျပီး ခ်စ္သြားႏိုင္ၾကပါေစလို႔လည္း ဆုေတာင္းေပးပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့ အနုပညာရှင်တစ်ဦးဖြစ်သူ ပိုးအိအိခန့်တို့က ချစ်သူတွေအဖြစ် ပရိသတ်တွေသိရှိခဲ့ကြတာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ နှစ်ယောက်လုံး သက်ဆိုင်ရာနယ်ပယ်မှာ အောင်မြင်မှုရရှိအောင် ကြိုးစားနေကြတဲ့ အရည်အချင်းရှိတဲ့လူငယ်လေးတွေပဲဖြစ်ပါတယ်။

အနုပညာလောကထဲက ပိုးအိအိခန့်နဲ့ချစ်ကြိုက်နေကြတယ်ဆိုတာကို ပရိသတ်တွေသိရှိခဲ့ကြတဲ့အချိန်မှာလည်း အောင်သူပရိသတ်တွေက အောင်သူ့အတွက် စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း အောင်သူကို သစ္စာရှိရှိနဲ့ ချစ်မြတ်နိုးတတ်တဲ့ ပိုးအိအိခန့်ဟာ ပရိသတ်တွေ ထင်သလိုမဟုတ်ခဲ့ပါဘူး။ အနေဝေးနေကြပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦး သစ္စာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ လက်တွဲရှေ့ဆက်နေခဲ့ကြတာဖြစ်ပါတယ်။

မကြာသေးခင်က အောင်သူရဲ့အကောင့်အဟက်ခံခဲ့ရပြီးနောက် သူတို့နှစ်ဦး လက်ထပ်စာချုပ်မှာလက်မှတ်ထိုးစဉ်တုန်းက ရိုက်ကူးထားတဲ့ပုံရိပ်အချို့ကို ဟက်ကာက ချပြခဲ့တာဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်က အမှန်တကယ်ပဲ လက်ထပ်ထားပြီးခဲ့ကြပြီလားဆိုတဲ့ မေးခွန်းတွေက ပရိသတ်တွေကြားထဲ စိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်လာခဲ့တာပါ။

အဲဒီကောလဟာလတွေနောက်မှာတော့ ကာယကံရှင် ၂ ဦးလုံးက ဖြေရှင်းခြင်းဘာမှပြုလုပ်ခဲ့တာ မတွေ့ရပေမယ့် Pride of Myanmar ပွဲကို အောင်သူတက်ရောက်လာချိန်မှာတော့ မီဒီယာတွေက မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

အောင်သူကတော့ ထိုကိစ္စနဲ့ပတ်သက်ပြီး ” အဲဒါကတော့ အချိန်က စကားပြောသွားပါလိမ့်မယ်။ ကျတော်ကတော့ အချိန်တစ်ခုကျရင် အကုန်လုံးကိုပြောမှာပေါ့” လို့ ပျံ့နှံ့သွားခဲ့တဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ပြောပြလာခဲ့တာပါ။

အောင်သူနဲ့ ပိုးအိအိခန့်တို့ နှစ်ယောက် ဒီထက်ပိုတိုးပြီး ချစ်သွားနိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.