ဗုဒ္ဓဂါယာကို ဗီဇာမလိုဘဲ နယ်စပ်ကနေ လွယ်ကူစွာသွားလာနိုင်တော့မယ့် သတင်းကောင်း

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ သို့ တမူးနယ်စပ်ဂိတ်မှ ဗီဇာယူ၍ မကြာမီ သွားလာနိုင်မည် ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။ ထိုသို့သွားနိုင်ပါက ကျပ်ငါး သိန်းမှ ခြောက်သိန်းကြားသာ ကုန်ကျမည်ဖြစ်ပြီး လက်ရှိ လေ ကြောင်းခရီးမှ သွားပါက ကျပ် ခုနစ်သိန်းအနည်းဆုံးကုန်ကျမည် ဟု ဝန်ကြီးချုပ်က ပြောသည်။

Mahabodhi temple, bodh gaya, India. Buddha attained enlightenment here.

‘‘တမူးကနေ ဗီဇာနဲ့ ဗုဒ္ဓဂ ယာသွားဖို့ ကြံစည်ထားပါတယ်။ ရှေးဦးအဖွဲ့တစ်ဖွဲ့ကို လွှတ်ပြီး လေ့လာခိုင်းထားပါတယ်။ ဒီလို သွားနိုင်ရင် ဈေးသက်သက်သာ သာနဲ့ ဖြစ်သွားနိုင်မယ်’’ဟု ဒေါက် တာမြင့်နိုင်က ပြောသည်။ဇန်နဝါရီ ၂၉ ရက်က နေပြည် တော်တွင် ပြုလုပ်သည့် Invest Myanmar Summit 2019 အခမ်း အနား၌ မီဒီယာအချို့နှင့်တွေ့ဆုံ စဉ် ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တမူးမြို့နယ်စပ်ဂိတ်မှ ၁၄ ရက်ကြာ ဗီဇာမလိုဘဲ မကြာမီ သွားနိုင်ရန် စီစဉ်ထားပြီး နယ်စပ်မှ ၁၃ ကီလိုမီတာ (၁၀ မိုင်) အထိ သွားလာနိုင်မည်ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ နှင့် နယ်စပ်ဂိတ်သုံးခုကို တရားဝင်ဖွင့်လှစ်ထားပြီး ယင်းတို့သည် တမူး၊ ရိဒ်ခေါဒါနှင့် ထန်တလန်တို့ ဖြစ်သည်။ဗုဒ္ဓဂယာဘုရားဖူးခရီးသွားပို့ဆောင်ရေးကော်မတီ၏ စာရင်းများအရ ဗုဒ္ဓဂယာသို့ မြန်မာနိုင်ငံမှ နှစ်စဉ် ပျမ်းမျှလူဦးရေ ၃၀,၀၀၀ သွားရောက်နေပြီး ပို့ဆောင်ပေးနေသည့် ကုမ္ပဏီ ၁၅၀ ခန့်ရှိသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

[UNICODE FONT]

Comments are closed.