သမီးဖြစ်သူက နောက်အိမ်ထောင်ပြုခိုင်းနေပြီဆိုတဲ့ လင်းဇာနည်ဇော်

သမီးဖြစ်သူက နောက်အိမ်ထောင်ပြုခိုင်းနေပြီဆိုတဲ့ လင်းဇာနည်ဇော်





[UNICODE FONT]

မင်းသမီး လင်းဇာနည်ဇော်ဟာ ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကို နဲ့အတူ ဘဝကိုလျှောက်လှမ်းလျက်ရှိပါတယ်။ အသက် (၁၈) နှစ်မပြည့်သေးခင်တည်းကသမီးဖြစ်သူကို နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့စေလွှတ်ခဲ့တာကလည်း ကိုယ့်အားကိုကိုးတတ်အောင် စေလွှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေနဲ့ သမီး ညီအစ်မတွေလို ထင်ရလောက်အောင် အမေကလည်း နုပျို၊ သမီးကလည်း အရွယ်ရောက်ပြီးလှသွေးကြွယ်လာတဲ့ အနုပညာရှင်သားအမိတွေထဲမှာ လင်းဇာနည် ဇော်တို့ သားအမိလေးကိုတော့ ချန်ထားလို့မရပါဘူးနော်။ လင်းဇာနည်ဇော်ကတော့ ပရိသတ် တွေ အထူး မိတ်ဆက်ပေးစရာမလိုအောင် ရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့် သရုပ် ဆောင် မင်းသမီး တစ်လက်ဖြစ်ပါတယ်။ သူမရဲ့သမီးလေးဖြစ်တဲ့ မြူလင်းကိုကိုကလည်း အမေ့လို ချောမောလှပတဲ့သမီးလေးဆိုတာ ပရိသတ်တွေသိပြီး ဖြစ်မှာပါနော် ။

တစ်ခုလပ်ဘဝနဲ့မိသားစုအတွက် စီးပွာရှာနေတဲ့လင်းဇာနည်ဇော်ကို သူမရဲ့သမီးဖြစ်သူ မြူလင်းက ငယ်ငယ်က ငယ်စိတ်လေးနဲ့ အိမ်ထောင်ပြုမှာတို့ နောက်တစ်ယောက်တွေ့မှာတို့ကို သူအရမ်းစိုးရိမ်လို့ မေမေ အဲလိုမလုပ်နဲ့နော်လို့အမြဲတားခဲ့ပါတယ်တဲ့ ။ ဒါပေမယ့် အခုအရွယ်ရောက်လာတဲ့အခါမှာတော့ ” မေကြီးတစ်ယောက်ထဲအရမ်းပင်ပန်းတယ် တကယ်လို့များ မေကြီးအပေါ်မှာကောင်းမဲ့သူရှိရင် သမီးကိုမငဲ့နဲ့” လို့ပြောလာတယ်လို့လင်းဇာနည်ဇော်က ပြောပြခဲ့ပါတယ် ။ မြူလင်းအဲ့လိုမပြောရင်တောင် လင်းဇာနည်ဇော်က အခုလိုနေတာ မြူလင်းလေး ပြောလိုက်မှ သူမအတွက် တာဝန်ပိုကြီးသွားသလိုခံစားရပါတယ်တဲ့ ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.