ဇြဲကပင္ေတာင္ ေက်ာက္ကမ္းပါးေပၚတြင္ မွန္ရင္ျပင္တပ္ဆင္ေတာ့မည္

ဇြဲကပင္ေတာင္ ေက်ာက္ကမ္းပါးေပၚတြင္ မွန္ရင္ျပင္တပ္ဆင္ေတာ့မည္

ဇြဲကပင္ေတာင္ ရင္ျပင္ေပၚတြင္ မွန္ခ်ပ္မ်ားျဖင့္ ခင္းသည့္ ရင္ျပင္တစ္ခုအား လာမည့္ ၂၀၁၉ ခုႏွစ္ တစ္ေပါင္းလျပည့္ ဘုရားပြဲေတာ္အမွီ တပ္ဆင္ဖြင့္လွစ္ေတာ့မည္ျဖစ္ေၾကာင္း ေဝယ်ာဝစၥ တာ၀န္ခံမ်ားထံမွ သိရသည္။ကရင္ျပည္နယ္၏ အထင္ကရေနရာတစ္ခုျဖစ္ေသာ ဘားအံၿမိဳ႕နယ္ ဇြဲကပင္ဆံေတာ္ရွင္ တည္ရွိရာ ဇြဲကပင္ေတာင္ေပၚတြင္ ဘုရားရင္ျပင္တိုးခ်ဲ႕ျခင္းကို ၂၀၁၈ ခုႏွစ္အတြင္းမွ စတင္လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ေက်ာက္ကမ္းပါး ဘက္သို႔ အရွည္ခန္းဖြင့္ ၁၅ ေပခန္႔ ထုတ္၍ ေတာင္ေပၚရင္ျပင္တစ္ဝိုက္ အရွည္ ေပ ၁၀၀ နီးပါးအား မွန္ခ်ပ္မ်ားျဖင့္ခင္းျခင္း အနားသတ္ ဝရန္တာအကာ မ်ားအား မွန္ခ်ပ္ျဖင့္ ကာရံျခင္းတို႔ကို ျပဳလုပ္ေဆာင္ရြက္ တပ္ဆင္သြားမည္ျဖစ္ေၾကာင္း တာဝန္ခံ ေစာၾကည္ဝင္းက ေျပာသည္။

” ေတာင္ေပၚကိုေတာ့ မွန္ခ်ပ္ နမူနာ အရင္စတင္ေနၿပီ။ သစ္ခ်ေတာင္ေျခ စခန္းမွာေတာ့ မွန္ခ်ပ္ေတြ ဆက္စပ္ပစၥည္းေတြ ေရာက္ေနၿပီ ။ လူအားနဲ႔ သယ္မလား စက္ယႏၲယားနဲ႔ သယ္မလားဆိုတာေတာ့ ဇြဲကပင္ေတာင္ ဆရာေတာ္ႀကီး စီစဥ္မွာပါ။ ဒါက ကိုယ့္ျပည္နယ္မွာ စလုပ္တဲ့ ထူးထူးျခားျခား စိတ္လႈပ္ရွားဖြယ္ရာနဲ႔ အထင္ကရ နာမည္ေက်ာ္လာမယ့္ ေနရာတစ္ခု ျဖစ္လာေတာ့ မွာပါ။ ဇြဲကပင္ေကဘယ္ကား စီမံကိန္းကလည္း ေတာင္ေျခက လုပ္ငန္းေတြ ၿပီးသေလာက္ျဖစ္ေနၿပီ။ ေတာင္ေပၚအပိုင္း က လုပ္ေဆာင္ၿပီးရင္ေတာ့ ဘုရားဖူးေတြ အားလုံး အနယ္နယ္အရပ္ရပ္က လြယ္လြယ္ကူကူ ဖူးေမွ်ာ္ ႏိုင္ၾကေတာ့မွာပါ။ လုပ္ငန္း အၿပီး ဖြင့္မယ့္ ရက္ကေတာ့ တစ္ေပါင္းလ ဘုရားပြဲအမီ လုပ္ေဆာင္ဖို႔ေတာ့ ဆရာေတာ္မိန္႔ ထားတယ္” ဟု ေစာၾကည္ဝင္းက ေျပာသည္။

အဆိုပါ ဇြဲကပင္ေတာင္ မွန္ခ်ပ္ရင္ျပင္တိုးခ်ဲ႕ရာတြင္ ခင္းမည့္ မွန္ခ်ပ္မ်ားမွာ ၄ ေပ ပတ္လည္ အထူ ၁ လက္မ ရွိေသာ ၾကမ္းခင္း မွန္ခ်ပ္အမ်ိဳးအစား မွန္ခ်ပ္မ်ားျဖစ္ၿပီး ရင္ျပင္ ဒီဇိုင္းအလိုက္ မွန္ခုံး /မွန္ျပင္ ႏွင့္ ဆက္စပ္ပစၥည္းမ်ားမွာ ဇြဲကပင္ေတာင္ အေရွ႕ ဘက္အျခမ္း သစ္ခ်ေတာင္ေျခစခန္းတြင္ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။အဆိုပါ မွန္ခ်ပ္မ်ားကို ေတာင္ေပၚသို႔ တင္ေဆာင္ကာ တစ္ေပါင္းလျပည့္ ဇြဲကပင္ေတာင္ဆံေတာ္ရွင္ ေစတီေတာ္၏ ဗုဒၶပူဇနိယ ပြဲေတာ္ရက္တြင္ မွန္ရင္ျပင္ကို ဖြင့္လွစ္ႏိုင္ရန္ ရင္ျပင္သံေဘာင္ဖ႔ြဲျခင္း လုပ္ငန္းမ်ား လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ဇွဲကပင်တောင် ရင်ပြင်ပေါ်တွင် မှန်ချပ်များဖြင့် ခင်းသည့် ရင်ပြင်တစ်ခုအား လာမည့် ၂၀၁၉ ခုနှစ် တစ်ပေါင်းလပြည့် ဘုရားပွဲတော်အမှီ တပ်ဆင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဝေယျာဝစ္စ တာဝန်ခံများထံမှ သိရသည်။ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သော ဘားအံမြို့နယ် ဇွဲကပင်ဆံတော်ရှင် တည်ရှိရာ ဇွဲကပင်တောင်ပေါ်တွင် ဘုရားရင်ပြင်တိုးချဲ့ခြင်းကို ၂၀၁၈ ခုနှစ်အတွင်းမှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျောက်ကမ်းပါး ဘက်သို့ အရှည်ခန်းဖွင့် ၁၅ ပေခန့် ထုတ်၍ တောင်ပေါ်ရင်ပြင်တစ်ဝိုက် အရှည် ပေ ၁၀၀ နီးပါးအား မှန်ချပ်များဖြင့်ခင်းခြင်း အနားသတ် ဝရန်တာအကာ များအား မှန်ချပ်ဖြင့် ကာရံခြင်းတို့ကို ပြုလုပ်ဆောင်ရွက် တပ်ဆင်သွားမည်ဖြစ်ကြောင်း တာဝန်ခံ စောကြည်ဝင်းက ပြောသည်။

” တောင်ပေါ်ကိုတော့ မှန်ချပ် နမူနာ အရင်စတင်နေပြီ။ သစ်ချတောင်ခြေ စခန်းမှာတော့ မှန်ချပ်တွေ ဆက်စပ်ပစ္စည်းတွေ ရောက်နေပြီ ။ လူအားနဲ့ သယ်မလား စက်ယန္တယားနဲ့ သယ်မလားဆိုတာတော့ ဇွဲကပင်တောင် ဆရာတော်ကြီး စီစဉ်မှာပါ။ ဒါက ကိုယ့်ပြည်နယ်မှာ စလုပ်တဲ့ ထူးထူးခြားခြား စိတ်လှုပ်ရှားဖွယ်ရာနဲ့ အထင်ကရ နာမည်ကျော်လာမယ့် နေရာတစ်ခု ဖြစ်လာတော့ မှာပါ။ ဇွဲကပင်ကေဘယ်ကား စီမံကိန်းကလည်း တောင်ခြေက လုပ်ငန်းတွေ ပြီးသလောက်ဖြစ်နေပြီ။ တောင်ပေါ်အပိုင်း က လုပ်ဆောင်ပြီးရင်တော့ ဘုရားဖူးတွေ အားလုံး အနယ်နယ်အရပ်ရပ်က လွယ်လွယ်ကူကူ ဖူးမျှော် နိုင်ကြတော့မှာပါ။ လုပ်ငန်း အပြီး ဖွင့်မယ့် ရက်ကတော့ တစ်ပေါင်းလ ဘုရားပွဲအမီ လုပ်ဆောင်ဖို့တော့ ဆရာတော်မိန့် ထားတယ်” ဟု စောကြည်ဝင်းက ပြောသည်။

အဆိုပါ ဇွဲကပင်တောင် မှန်ချပ်ရင်ပြင်တိုးချဲ့ရာတွင် ခင်းမည့် မှန်ချပ်များမှာ ၄ ပေ ပတ်လည် အထူ ၁ လက်မ ရှိသော ကြမ်းခင်း မှန်ချပ်အမျိုးအစား မှန်ချပ်များဖြစ်ပြီး ရင်ပြင် ဒီဇိုင်းအလိုက် မှန်ခုံး /မှန်ပြင် နှင့် ဆက်စပ်ပစ္စည်းများမှာ ဇွဲကပင်တောင် အရှေ့ ဘက်အခြမ်း သစ်ချတောင်ခြေစခန်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ မှန်ချပ်များကို တောင်ပေါ်သို့ တင်ဆောင်ကာ တစ်ပေါင်းလပြည့် ဇွဲကပင်တောင်ဆံတော်ရှင် စေတီတော်၏ ဗုဒ္ဓပူဇနိယ ပွဲတော်ရက်တွင် မှန်ရင်ပြင်ကို ဖွင့်လှစ်နိုင်ရန် ရင်ပြင်သံဘောင်ဖ့ွဲခြင်း လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.