မင်းသွေးအတွက် ရည်စူးပြီး သစ်တံခါးဆရာတော်ကြီးနဲ့ ဆရာလေးနေခြည်ဦးတို့ကို ဆွမ်းကပ်အလှူပြုလုပ်ခဲ့ကြတဲ့ နေတိုးတို့မိသားစုရဲ့ ဗီဒီယိုဖိုင်

မင်းသွေးအတွက် ရည်စူးပြီး သစ်တံခါးဆရာတော်ကြီးနဲ့ ဆရာလေးနေခြည်ဦးတို့ကို ဆွမ်းကပ်အလှူပြုလုပ်ခဲ့ကြတဲ့ နေတိုးတို့မိသားစုရဲ့ ဗီဒီယိုဖိုင်






Photo & Video – Nyar Na

[UNICODE FONT]

ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့လက ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ အားလုံးရဲ့အသည်းကျော် အဆိုတော်သရုပ်ဆောင် မင်းသွေးကတော့ ချစ်ရတဲ့ ပရိသတ်တွေနဲ့ ခွဲခွာခဲ့တာ (၄)လတောင် ပြည့်သွားခဲ့ပါပြီနော်..။ဖေဖော်ဝါရီ(၃)ရက်နေ့လေးမှာ မင်းသွေးကွယ်လွန်သွားတာ (၄)လပြည့်သွားပြီဖြစ်ပေမယ့် မိသားစုမိတ်ဆွေသူငယ်ချင်းတွေအပြင် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့အချိန်ထိ နေရာယူထားဆဲပါပဲနော်..။

မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ယနေ့အချိန်ထိ ရည်စူးကုသိုလ်လေးတွေ ပြုလုပ်ပေးနေကြသလို (၄)လပြည့်တဲ့ ဖေဖော်ဝါရီ(၃)ရက်နေ့လေးကလည်း သစ်တံခါးဆရာတော်ကြီးကျောင်းမှာ လေးလပြည့် ရည်းစူးအလှူလေးတွေ ပြုလုပ်ပေးခဲ့ကြပါတယ်..။

သစ်တံခါးဆရာတော်ဘုရားကြီးနဲ့ သံဃာတော်တွေအပြင် ဆရာလေး နန္ဒဿနညာဏီအဖြစ် သီလရှင်ဝတ်ပြီး သာသနာ့ဘောင် ဝင်ရောက်နေတဲ့ နေခြည်ဦးနဲ့ အခြားသီလရှင် ဆရာလေးတွေကိုလည်း ဆွမ်းကပ်လှူပြီး လှူဖွယ်ပစ္စည်းတွေကိုလည်း ရည်စူးလှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

ယနေ့အချိန်ထိ ပရိသတ်တွေကို လွမ်းဆွတ်သတိရနေကြတဲ့ မင်းသွေးအတွက် ရည်စူးကုသိုလ်အလှူလေးကိုလည်း ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

မင်းသွေးအတွက် လေးလပြည့် ရည်စူးကုသိုလ်လေး ပြုလုပ်ပေးခဲ့ကြတဲ့ နေတိုးတို့ မိသားစုလေးရဲ့ သာဓုခေါ်စရာ အလှူပုံရိပ် ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo & Video – Nyar Na

Comments are closed.