အရမ္းခ်မ္းသာခဲ့ရျခင္းေနာက္ကြယ္က အေၾကာင္းတရားေတြကို ေျပာျပလာတဲ့ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံ

အရမ္းခ်မ္းသာခဲ့ရျခင္းေနာက္ကြယ္က အေၾကာင္းတရားေတြကို ေျပာျပလာတဲ့ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံ

စမုိင္းလ္တုိ႔ မိသားစုကေတာ့ အဂၤလန္ႏုိင္ငံကုိ အလည္အပတ္ေရာက္ရွိေနတာျဖစ္ပါတယ္။ ဒီလုိ ေရာက္ရွိေနခ်ိန္မွာလည္း အခုလုိ ခ်မ္းခ်မ္း သာသာ ေနရဖုိ႔ ဘယ္လုိေတြ ႀကိဳးစားရုန္းကန္ခဲ့ရသလဲ ဆုိတာကုိလည္း သူတုိ႔ရဲ႕ သမီးေလးေတြ သိေအာင္ လုိက္လံျပသေပးေနတယ္လုိ႔ ဆုိပါတယ္

သရုပ္ေဆာင္စမုိင္းလ္တုိ႔ မိသားစုက အခုဆုိရင္ အဂၤလန္ႏုိင္ငံကုိ အလည္အပတ္ေရာက္ရွိေနတာျဖစ္ပါတယ္။ အဂၤလန္ကုိ ေရာက္ရွိေနတုန္း မွာလည္း တစ္ခ်ိန္တုန္းက သန္႔ရွင္းေရးဘဝကေနစၿပီး ႀကိဳးစားရုန္းကန္ခဲ့ရတဲ့ စမုိင္းလ္တုိ႔ ဇနီးေမာင္ႏွံက သူတုိ႔ အလုပ္လုပ္ခဲ့ဖူးတဲ့ ေနရာေတြ ကုိ သမီးေလးေတြ သိေအာင္ သြားေရာက္ျပသခဲ့တယ္လုိ႔ သိရပါတယ္။

” ဘဝမေမ့ေအာင္ အၿမဲ ကိုယ္ဘယ္ဘဝကစခဲ့တယ္ ဆိုတာသိေအာင္ျပန္သြားၾကည့္ သမီးေတြကိုရွင္းျပ လူေတြထင္ေနတဲ့ အရမ္း ခ်မ္းသာ တယ္ ဆိုတာမျဖစ္ခင္ ဘယ္လို႐ုန္းကန္ခဲ့ရတယ္ဆိုတာေလး ၾကံဳတုန္းကေလးေတြကိုပါေျပာ။ Showsec ဆိုတဲ့ security အလုပ္မွာ က်မတို႔ လင္မယား အတူတူလုပ္ခဲ့ဖူးတယ္” လုိ႔ ဆုိပါတယ္။

McDonald’s မွာ တစ္ေနကုန္ မတ္တပ္ရပ္၊ လူေတြ ေမးသမွ် ျပန္ေျဖေနရတဲ့ ဘဝ၊ ေက်ာင္းတက္ေနရင္းနဲ႔ အခ်ိန္ပုိင္းအလုပ္လုပ္ခဲ့ရတဲ့ ခင္ပြန္းျဖစ္သူရဲ႕ အမွတ္တရေတြကုိလည္း ဆက္လက္ေရးသားခဲ့ပါေသးတယ္။

”တေနကုန္ မတ္တပ္ရပ္လူေတြေမးသမွ်ေျဖ McDonald’s မွာ ေမာင္ စေရာက္ေရာက္ခ်င္းေက်ာင္းသားဆိုေတာ့ဘာမွမလုပ္တတ္ part time ခန္႔တဲ့ဒီဆိုင္မွာလုပ္ရတယ္ ၾကမ္းတိုက္ အမွိဳက္ျပစ္ အိမ္သာေဆးကအစလုပ္ရတယ္” ဆုိၿပီးေတာ့ ၾသဂုတ္လ ၃ ရက္ေန႔ညေန ၂ နာရီေက်ာ္ ေလာက္က စမုိင္းလ္ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်ခဲ့ရတဲ့ သရုပ္ေဆာင္စမုိင္းလ္ တုိ႔ ဇနီးေမာင္ႏွံဟာ အဂၤလန္ႏုိင္ငံမွာေနထုိင္ရင္း ပင္ပင္ပန္းပန္း၊ ခက္ခက္ခဲခဲနဲ႔ အလုပ္ေတြႀကိဳးစားခဲ့ရတယ္လုိ႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။ ဒီလုိ ဒုကၡေတြၾကားကမွ ဘုရား၊ တရား မေမ့ခဲ့လုိ႔ အခုလုိ ခ်မ္းသာလာရတဲ့အေၾကာင္းကုိလည္း ဆက္လက္ေျပာျပခဲ့ပါေသးတယ္။သရုပ္ေဆာင္ စမုိင္းလ္ ဟာ အခုခ်ိန္မွာ ကိုယ္ပုိင္စီးပြားေရးေတြလည္းအမ်ားႀကီးပုိင္ဆုိင္ထားသလုိ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရး ကုိလည္း စီစဥ္ေဆာင္ရြက္ေနသူတစ္ဦးပါ။ အခုဆုိရင္ေတာ့ သစၥာရွိတတ္ၿပီး နားလည္မႈအျပည့္အဝေပးထားတဲ့ ခင္ပြန္းျဖစ္သူနဲ႔ အတူ ခ်စ္စရာေကာင္း တဲ့ သမီးေလး ႏွစ္ေယာက္ကုိ ပုိင္ဆိုင္ထားသူတစ္ဦးျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

စမိုင်းလ်တို့ မိသားစုကတော့ အင်္ဂလန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီလို ရောက်ရှိနေချိန်မှာလည်း အခုလို ချမ်းချမ်း သာသာ နေရဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ခဲ့ရသလဲ ဆိုတာကိုလည်း သူတို့ရဲ့ သမီးလေးတွေ သိအောင် လိုက်လံပြသပေးနေတယ်လို့ ဆိုပါတယ်

သရုပ်ဆောင်စမိုင်းလ်တို့ မိသားစုက အခုဆိုရင် အင်္ဂလန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်ကို ရောက်ရှိနေတုန်း မှာလည်း တစ်ချိန်တုန်းက သန့်ရှင်းရေးဘဝကနေစပြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက သူတို့ အလုပ်လုပ်ခဲ့ဖူးတဲ့ နေရာတွေ ကို သမီးလေးတွေ သိအောင် သွားရောက်ပြသခဲ့တယ်လို့ သိရပါတယ်။

” ဘဝမမေ့အောင် အမြဲ ကိုယ်ဘယ်ဘဝကစခဲ့တယ် ဆိုတာသိအောင်ပြန်သွားကြည့် သမီးတွေကိုရှင်းပြ လူတွေထင်နေတဲ့ အရမ်း ချမ်းသာ တယ် ဆိုတာမဖြစ်ခင် ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာလေး ကြုံတုန်းကလေးတွေကိုပါပြော။ Showsec ဆိုတဲ့ security အလုပ်မှာ ကျမတို့ လင်မယား အတူတူလုပ်ခဲ့ဖူးတယ်” လို့ ဆိုပါတယ်။

McDonald’s မှာ တစ်နေကုန် မတ်တပ်ရပ်၊ လူတွေ မေးသမျှ ပြန်ဖြေနေရတဲ့ ဘဝ၊ ကျောင်းတက်နေရင်းနဲ့ အချိန်ပိုင်းအလုပ်လုပ်ခဲ့ရတဲ့ ခင်ပွန်းဖြစ်သူရဲ့ အမှတ်တရတွေကိုလည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။

”တနေကုန် မတ်တပ်ရပ်လူတွေမေးသမျှဖြေ McDonald’s မှာ မောင် စရောက်ရောက်ချင်းကျောင်းသားဆိုတော့ဘာမှမလုပ်တတ် part time ခန့်တဲ့ဒီဆိုင်မှာလုပ်ရတယ် ကြမ်းတိုက် အမှိုက်ပြစ် အိမ်သာဆေးကအစလုပ်ရတယ်” ဆိုပြီးတော့ သြဂုတ်လ ၃ ရက်နေ့ညနေ ၂ နာရီကျော် လောက်က စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ရတဲ့ သရုပ်ဆောင်စမိုင်းလ် တို့ ဇနီးမောင်နှံဟာ အင်္ဂလန်နိုင်ငံမှာနေထိုင်ရင်း ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲနဲ့ အလုပ်တွေကြိုးစားခဲ့ရတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီလို ဒုက္ခတွေကြားကမှ ဘုရား၊ တရား မမေ့ခဲ့လို့ အခုလို ချမ်းသာလာရတဲ့အကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်းအများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင်တော့ သစ္စာရှိတတ်ပြီး နားလည်မှုအပြည့်အဝပေးထားတဲ့ ခင်ပွန်းဖြစ်သူနဲ့ အတူ ချစ်စရာကောင်း တဲ့ သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.