စီးပြားေရးမဆန္ခ်င္လို႔ ေၾကာ္ျငာသိပ္လက္မခံျဖစ္ဘူးဆိုတဲ့ ေမနႏၵ

စီးပြားေရးမဆန္ခ်င္လို႔ ေၾကာ္ျငာသိပ္လက္မခံျဖစ္ဘူးဆိုတဲ့ ေမနႏၵ

ေမနႏၵဟာဆိုရင္ Tik Tok မွာ video အတိုေလးေတြတင္ရာကေန တျဖည္းျဖည္းလူသိမ်ားေက်ာ္ၾကားလာတဲ့ ခ်စ္စဖြယ္ အမ်ိဳးသမီးေလးျဖစ္ပါတယ္။ အခုဆိုရင္ ေမနႏၵက သူ႔ရဲ႕ တဲလန္႔နဲ႔ အနုပညာလုပ္ငန္းေတြကုိပါဝင္ေရာက္လုပ္ကုိ္င္လာျပီျဖစ္ပါတယ္။ ခ်စ္စရာမ်က္နွာေလးနဲ႔ လြပ္လပ္ပြင့္လင္းတဲ့ဟန္အမူအရာေလးရွိတဲ့ေမနႏၵဟာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားလည္းရေနျပီျဖစ္သလို လူမႈကြန္ယက္မွာလည္း ဆယ္လီျဖစ္လို႔ေနပါျပီ။ ေမနႏၵက အက video ေလးေတြလုပ္ျဖစ္တဲ့အေၾကာင္းနဲ႔ Tik Tok နဲ႔ စီးပြားေရးမဆန္ခ်င္ဘူးလို႔ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျပာျပသြားပါတယ္။

ေမနႏၵက Tik Tok မေပၚခင္ကတည္းက Video ေတြရုိက္ျဖစ္ေနတာျဖစ္ေၾကာင္း “Tik Tok ကေတာ့ ေပါ့ေနာ္။ ညီမ ဒီ Tik Tok မေပၚခင္ Musically Software ေပၚကတည္းက 2015 ေလာက္ကတည္းက ရုိုက္ျဖစ္တယ္။ ဒါေပမယ့္ အဲဒီ ရုိက္တဲ့ account ကေတာ့ ပ်က္သြားတယ္။ ညီမ ဒီ account အသစ္မွာျပန္တင္မယ္ေပါ့ေနာ္။ 2015 ေလာက္ကတည္းက ရိုက္ျဖစ္တာအခုထိပါပဲ ဒါေပမယ့္ အခုေနာက္ပုိင္းက်ေတာ့ ပိုုျပီး လူသိမ်ားလာတာေပါ့။ Tik Tok နဲ႔”လို႔ ေျပာျပထားပါတယ္။

Tik Tok မွာ အက video ေတြရုိက္ျဖစ္ေနတာ ဝါသနာၾကီးလို႔ဆိုတဲ့အေၾကာင္းလည္း “အကလည္းဟုတ္တယ္။ အက က က်ေတာ့ေလ ညီမက ဝါသနာပါလုိ႔ Youtube မွာ ၾကည့္တယ္။ Tik Tok မွာကတယ္။ အဲ့လုိမ်ိဳးေပ့ါ။ အေပ်ာ္ေပါ့ေနာ္။ ကုိ္ယ္လည္းဝါသနာပါတာနဲ႔ေလ။ Tik Tok မွာ ေတာ္ေတာ္မ်ားမ်ားေတာ့ ေဆာ့ျဖစ္တယ္”လို႔ ေျပာျပထားပါတယ္။

ေမနႏၵက အာေပးေနတဲ့ပရိသတ္ၾကီးကုိေက်းဇူးတင္တဲ့အေၾကာင္း “ၾကိဳက္ေပးၾကတဲ့လူေတြအားလံုးကုိေက်းဇူးတင္ပါတယ္။ အခ်ိဳ႕ကက်ေတာ့လည္း မၾကိဳက္တဲ့လူရွိသလုိ ၾကိဳက္တဲ့လူလည္းရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္ ၾကိဳက္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္လို႔”ေျပာထားပါတယ္။

အကနဲ႔ ေၾကာ္ျငာလုပ္ဖို႔လက္ခံထားတာေတြရွိေပမယ့္စီးပြားေရးဆန္မွာစုိးလုိ႔ အမ်ားၾကီးလက္မခံျဖစ္ဘူးလု႔ိလည္း “ညီမကုိလာျပီးေတာ့ အကေလးနဲ႔ request လုပ္တာေပါ့ေနာ္။ ဒီလိုဒီလိုေလးေပ့ါ ညီမ Talent နဲ႔ ဒီလိုေလးလုပ္ေပးပါေပါ့။ ညီမက်ေတာ့ အကပုိင္းက နွစ္ခါသံုးခါေလာက္ၾကည့္လုိက္ရင္ရျပီဆိုေတာ့ အကေလးနဲ႔အလုပ္ေတြအဲ့လိုမ်ိဳးလုပ္ျဖစ္တယ္။ အမ်ားၾကီးေတာ့မလုပ္ျဖစ္ပါဘူး။ ကုိယ္နဲ႔အကနဲ႔ပတ္သက္တာေတာ့ ဒီလိုမ်ိဳးဟာေတြပဲလုပ္ျဖစ္တယ္။ က်န္တာေတြေတာ့မလုပ္ျဖစ္ဘူး။ အရမ္း စီးပြားေရးဆန္မွာစုိးလို႔ အမ်ားၾကီးေတာ့မလုပ္ျဖစ္ဘူး သံုးေလးခုေတာ့လက္ခံျဖစ္တယ္”လို႔ ေျဖၾကားထားပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

မေနန္ဒဟာဆိုရင် Tik Tok မှာ video အတိုလေးတွေတင်ရာကနေ တဖြည်းဖြည်းလူသိများကျော်ကြားလာတဲ့ ချစ်စဖွယ် အမျိုးသမီးလေးဖြစ်ပါတယ်။ အခုဆိုရင် မေနန္ဒက သူ့ရဲ့ တဲလန့်နဲ့ အနုပညာလုပ်ငန်းတွေကိုပါဝင်ရောက်လုပ်ကိုင်လာပြီဖြစ်ပါတယ်။ ချစ်စရာမျက်နှာလေးနဲ့ လွပ်လပ်ပွင့်လင်းတဲ့ဟန်အမူအရာလေးရှိတဲ့မေနန္ဒဟာ ပရိသတ်တော်တော်များများလည်းရနေပြီဖြစ်သလို လူမှုကွန်ယက်မှာလည်း ဆယ်လီဖြစ်လို့နေပါပြီ။ မေနန္ဒက အက video လေးတွေလုပ်ဖြစ်တဲ့အကြောင်းနဲ့ Tik Tok နဲ့ စီးပွားရေးမဆန်ချင်ဘူးလို့ မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောပြသွားပါတယ်။

မေနန္ဒက Tik Tok မပေါ်ခင်ကတည်းက Video တွေရိုက်ဖြစ်နေတာဖြစ်ကြောင်း “Tik Tok ကတော့ ပေါ့နော်။ ညီမ ဒီ Tik Tok မပေါ်ခင် Musically Software ပေါ်ကတည်းက 2015 လောက်ကတည်းက ရိုက်ဖြစ်တယ်။ ဒါပေမယ့် အဲဒီ ရိုက်တဲ့ account ကတော့ ပျက်သွားတယ်။ ညီမ ဒီ account အသစ်မှာပြန်တင်မယ်ပေါ့နော်။ 2015 လောက်ကတည်းက ရိုက်ဖြစ်တာအခုထိပါပဲ ဒါပေမယ့် အခုနောက်ပိုင်းကျတော့ ပိုပြီး လူသိများလာတာပေါ့။ Tik Tok နဲ့”လို့ ပြောပြထားပါတယ်။

Tik Tok မှာ အက video တွေရိုက်ဖြစ်နေတာ ဝါသနာကြီးလို့ဆိုတဲ့အကြောင်းလည်း “အကလည်းဟုတ်တယ်။ အက က ကျတော့လေ ညီမက ဝါသနာပါလို့ Youtube မှာ ကြည့်တယ်။ Tik Tok မှာကတယ်။ အဲ့လိုမျိုးပေ့ါ။ အပျော်ပေါ့နော်။ ကိုယ်လည်းဝါသနာပါတာနဲ့လေ။ Tik Tok မှာ တော်တော်များများတော့ ဆော့ဖြစ်တယ်”လို့ ပြောပြထားပါတယ်။

မေနန္ဒက အာပေးနေတဲ့ပရိသတ်ကြီးကိုကျေးဇူးတင်တဲ့အကြောင်း “ကြိုက်ပေးကြတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ အချို့ကကျတော့လည်း မကြိုက်တဲ့လူရှိသလို ကြိုက်တဲ့လူလည်းရှိတယ်ပေါ့နော်။ ဒါပေမယ့် ကြိုက်ပေးကြလို့ ကျေးဇူးတင်ပါတယ်လို့”ပြောထားပါတယ်။

အကနဲ့ ကြော်ငြာလုပ်ဖို့လက်ခံထားတာတွေရှိပေမယ့်စီးပွားရေးဆန်မှာစိုးလို့ အများကြီးလက်မခံဖြစ်ဘူးလု့ိလည်း “ညီမကိုလာပြီးတော့ အကလေးနဲ့ request လုပ်တာပေါ့နော်။ ဒီလိုဒီလိုလေးပေ့ါ ညီမ Talent နဲ့ ဒီလိုလေးလုပ်ပေးပါပေါ့။ ညီမကျတော့ အကပိုင်းက နှစ်ခါသုံးခါလောက်ကြည့်လိုက်ရင်ရပြီဆိုတော့ အကလေးနဲ့အလုပ်တွေအဲ့လိုမျိုးလုပ်ဖြစ်တယ်။ အများကြီးတော့မလုပ်ဖြစ်ပါဘူး။ ကိုယ်နဲ့အကနဲ့ပတ်သက်တာတော့ ဒီလိုမျိုးဟာတွေပဲလုပ်ဖြစ်တယ်။ ကျန်တာတွေတော့မလုပ်ဖြစ်ဘူး။ အရမ်း စီးပွားရေးဆန်မှာစိုးလို့ အများကြီးတော့မလုပ်ဖြစ်ဘူး သုံးလေးခုတော့လက်ခံဖြစ်တယ်”လို့ ဖြေကြားထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.