ႏွစ္ (၃၀) ၾကာခဲ့ျပီျဖစ္တဲ့ သူတို႔ (၃) ေယာက္ရဲ႕ သံေယာဇဥ္ကိုေျပာျပလာတဲ့ စိုးျမတ္သူဇာ

ႏွစ္ (၃၀) ၾကာခဲ့ျပီျဖစ္တဲ့ သူတို႔ (၃) ေယာက္ရဲ႕ သံေယာဇဥ္ကိုေျပာျပလာတဲ့ စိုးျမတ္သူဇာ

ႏွစ္ ၃၀ အၾကာ အႏုပညာေလာကမွာ ေအာင္ေအာင္ျမင္ျမင္နဲ႔ ရပ္တည္ထားႏုိင္တဲ့ ရန္ေအာင္၊ ရဲေအာင္၊ စုိးျမတ္သူဇာ တို႔ရဲ႕ ရင္းႏွီးမႈေတြကုိ စုိးျမတ္သူဇာက ရင္ဖြင့္ထားပါတယ္။စုိးျမတ္သူဇာဟာ အႏုပညာအလုပ္ေတြ လုပ္ခဲ့တဲ့ ႏွစ္ ၃၀ အတြင္းမွာ ျဖဴျဖဴ စင္စင္ ရင္းရင္းႏွီးႏွီးရွိခဲ့ၾကတဲ့ အႏုပညာအစ္ကုိေတြနဲ႔ အမွတ္တရကုိေျပာျပလာပါတယ္။ ဒီ ရင္းႏွီးမႈက သူမအတြက္ေတာ့ ျဖဴစင္တယ္လုိ႔ ဆုိပါတယ္။

‘’အႏွစ္ ၃၀ အျဖဴေရာင္ သံေယာဇဥ္ က ကၽြန္မ အတြက္ေတာ့ တန္ဖိုး ရွိ လွ သည္’’ ဆုိၿပီးေတာ့ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ည ၁၁ နာရီခြဲက သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ရန္ေအာင္၊ ရဲေအာင္ တုိ႔နဲ႔ တြဲရုိက္ထားတဲ့ အမွတ္တရ ဓာတ္ပုံကုိလည္း တင္ခဲ့တာေတြ႔ရပါတယ္။စုိးျမတ္သူဇာဟာ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ တုန္းကလည္း အႏုပညာအစ္ကုိေတြျဖစ္ၾကတဲ့ ရန္ေအာင္နဲ႔ ရဲေအာင္တုိ႔ကုိ နာရီဆင္တူေလးေတြနဲ႔ ကန္ေတာ့ခဲ့တာကုိ ေတြ႔ရပါတယ္။ ႏွစ္စဥ္ႏွစ္တုိင္း ကန္ေတာ့ျဖစ္တယ္လို႔လည္း သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါတယ္။

ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္ခဲ့တဲ့ ရန္ေအာင္၊ ရဲေအာင္၊ စိုးျမတ္သူဇာတို႕ဟာ အခုခ်ိန္ထိ အႏုပညာနယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ သရုပ္ေဆာင္ႀကီးေတြပဲ ျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္ေတြကို ပီပီျပင္ျပင္ သရုပ္ေဆာင္ႏိုင္တဲ့ သူတို႕ဟာ အခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိေနသူေတြပါ။

သရုပ္ေဆာင္ ရဲေအာင္ဟာ ရုပ္ရွင္ကားေပါင္းမ်ားစြာမွာ ဇာတ္ေဆာင္၊ဇာတ္ပို႔ေနရာစံုမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သလို ခုခ်ိန္ထိလည္း အႏုပညာေလာကမွာပဲ ဆက္လက္ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ ရဲေအာင္က ၁၉၉၃ ခုႏွစ္မွာ “ျမစ္တို႔၏မာယာ” ဇာတ္ကားနဲ႔ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ၂ဝဝဂ ခုႏွစ္မွာ “အကယ္ဒမီေရွာ့ခ္” ဇာတ္ကားနဲ႔ အမ်ိဳးသားဇာတ္ပို႔ဆု အကယ္ဒမီမ်ား ရရွိခဲ့တဲ့ မင္းသား တစ္ေယာက္ ျဖစ္ပါတယ္။

မႀကီးစိုးလို႕အႏုပညာေလာကသားေတြရဲ႕ ခ်စ္စႏိုးေခၚျခင္းခံရတဲ့ စိုးျမတ္သူဇာဟာ ၁၉၉၄ခုႏွစ္ကေနာ္ရင္ေမႊး ၊ ၁၉၉၈ခုႏွစ္က ေရႊနံ႕သာစံအိမ္ ဇာတ္ကားတို႕နဲ႕ အကယ္ဒမီဆုေတြကိုရရွိခဲ့သူတစ္ဦးပါ။ကိုရန္ေလးလို႕ အႏုပညာေလာကသားေတြေရာ ပရိသတ္ေတြပါ ခ်စ္စႏိုးေခၚျခင္းကို ခံရတဲ့ ရန္ေအာင္ဟာ အကယ္ဒမီ ဆု (၆)ဆုကို ရရွိထားတဲ့ ဝါရင့္သရုပ္ေဆာင္တစ္ဦး ျဖစ္ပါတယ္။ ၁၉ ၉ ၁ ခုႏွစ္က မယ္သီတာလိုမိန္းကေလး ၊၁၉၉၅ ခုႏွစ္က ပုဂံမွာ သာတဲ့လ ၊၁၉၉၆ ခုႏွစ္က အလင္းေဖ်ာ့ေကာင္းကင္ ၊၁၉၉၈ ခုႏွစ္က ညမင္းသား ၊ ၂ဝဝဝ ခုႏွစ္က ေမာဟမ်ဥ္းၿပိဳင္မ်ား ႏွင့္ ၂ဝဝ၆ ခုႏွစ္က ဂုဏ္ရွိန္ျပင္းတဲ့ခ်စ္ျခင္းသိကၡာ ဇာတ္ကားမ်ားနဲ႔ ဇာတ္ေဆာင္အကယ္ဒမီမ်ား ရရွိထားသူ ျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

နှစ် ၃၀ အကြာ အနုပညာလောကမှာ အောင်အောင်မြင်မြင်နဲ့ ရပ်တည်ထားနိုင်တဲ့ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ တို့ရဲ့ ရင်းနှီးမှုတွေကို စိုးမြတ်သူဇာက ရင်ဖွင့်ထားပါတယ်။စိုးမြတ်သူဇာဟာ အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဖြူဖြူ စင်စင် ရင်းရင်းနှီးနှီးရှိခဲ့ကြတဲ့ အနုပညာအစ်ကိုတွေနဲ့ အမှတ်တရကိုပြောပြလာပါတယ်။ ဒီ ရင်းနှီးမှုက သူမအတွက်တော့ ဖြူစင်တယ်လို့ ဆိုပါတယ်။

‘’အနှစ် ၃၀ အဖြူရောင် သံယောဇဉ် က ကျွန်မ အတွက်တော့ တန်ဖိုး ရှိ လှ သည်’’ ဆိုပြီးတော့ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၁ နာရီခွဲက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ရန်အောင်၊ ရဲအောင် တို့နဲ့ တွဲရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာတွေ့ရပါတယ်။စိုးမြတ်သူဇာဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ တုန်းကလည်း အနုပညာအစ်ကိုတွေဖြစ်ကြတဲ့ ရန်အောင်နဲ့ ရဲအောင်တို့ကို နာရီဆင်တူလေးတွေနဲ့ ကန်တော့ခဲ့တာကို တွေ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ကန်တော့ဖြစ်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာတို့ဟာ အခုချိန်ထိ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ သရုပ်ဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူတို့ဟာ အခုချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူတွေပါ။

သရုပ်ဆောင် ရဲအောင်ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ဇာတ်ဆောင်၊ဇာတ်ပို့နေရာစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ခုချိန်ထိလည်း အနုပညာလောကမှာပဲ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ရဲအောင်က ၁၉၉၃ ခုနှစ်မှာ “မြစ်တို့၏မာယာ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ ၂ဝဝဂ ခုနှစ်မှာ “အကယ်ဒမီရှော့ခ်” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့တဲ့ မင်းသား တစ်ယောက် ဖြစ်ပါတယ်။

မကြီးစိုးလို့အနုပညာလောကသားတွေရဲ့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ စိုးမြတ်သူဇာဟာ ၁၉၉၄ခုနှစ်ကနော်ရင်မွှေး ၊ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ် ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကိုရရှိခဲ့သူတစ်ဦးပါ။ကိုရန်လေးလို့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.