ခ်စ္သူမ်ားေန႕မွာ ဆင္တူဝတ္ၾကတဲ့ စံုတြဲတိုင္းကို အားက်ပါတယ္လို႔ဆိုလာတဲ႔မိစႏၵီ

ခ်စ္သူမ်ားေန႕မွာ ဆင္တူဝတ္ၾကတဲ့ စံုတြဲတိုင္းကို အားက်ပါတယ္လို႔ဆိုလာတဲ႔မိစႏၵီ

လူငယ္အဆိုေတာ္ ေကာင္မေလး မိစႏၵီက မၾကာခင္ က်ေရာက္မယ့္ ခ်စ္သူမ်ားေန႕ကို ဘယ္လိုျဖတ္သန္းသြားမလဲ ဆိုတာေလး ေျပာျပထားတယ္ေနာ္။

အဆုိေတာ္ မိစႏၵီက စံုတြဲေလးေတြကို ျမင္ရင္ အားက်မိတယ္လို႕ ဆိုပါတယ္။ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႕မွာ က်ေရာက္မယ့္ ခ်စ္သူမ်ားေန႕မွာလည္း သူမဘာလုပ္မလဲဆိုတာ ယခုလို ေျပာျပထားပါတယ္။

“မိစႏၵီကေတာ့ Single ပါ။ အဲ့ေတာ့ ဘာမွမလုပ္ပါဘူး။ အိမ္မွာေနမွာပါ။ခ်စ္သူမ်ားေန႕မွာ ဆင္တူဝတ္ၾကတဲ့ စံုတြဲတိုင္းကို အားက်ပါတယ္။ ခ်စ္စရာေလးေတြေပ့ါေနာ္။ ျမင္ရတာ။ မိစႏၵီတို႕အရြယ္က်ေတာ့ ဆင္တူႀကီးေတြ ဝတ္ၿပီးေလွ်ာက္သြားေနရင္ ဘယ္လိုႀကီးလဲမသိေတာ့ဘူး။ ငယ္ငယ္တုန္းကေတာ့ ဆင္တူဝတ္ၿပီး ေလွ်ာက္သြားဖူးပါတယ္။ ႀကီးလာေတာ့ အဲ့လိုႀကီး မလုပ္ခ်င္ဘူး။ “ဆိုၿပီး ဇန္နဝါရီ(၃၁) ရက္ေန႕က ျပဳလုပ္တဲ့ shake The World ပြဲမွာ မီဒီယာေတြကို ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။

မိစႏၵီက လက္ရွိမွာ နယ္ရိႈးေတြ ဆက္တိုုက္သြားေနရၿပီး သူမရဲ႕ တစ္ကိုယ္ေတာ္အေခြ အတြက္ ျပင္ဆင္လ်က္ရွိိတယ္လို႕ ဆုိပါတယ္။

“မိစႏၵီက အခုေလာေလာဆယ္အေခြထြက္ဖို႕ ႀကိဳးစားေနတယ္။ သီခ်င္းက လက္ရွိမွာအေခြက (၄၀) ရာခိုင္ႏႈန္းေလာက္ ၿပီးသြားၿပီ။ ပရိသတ္လက္ထဲကို မတ္လထဲအေရာက္ပို႕ေပးခ်င္တယ္။ ဒါေပမယ့္ ၾကားထဲမွာကလည္း လုပ္စရာေတြက မ်ားေနေတာ့ ထြက္မယ့္ေန႕ကို ေသေသခ်ာခ်ာမေျပာတတ္ဘူး ျဖစ္ေနတယ္။ အေခြကိုလည္း အေကာင္းဆံုး ျဖစ္ေအာင္ ျပင္ဆင္ခ်င္တယ္။” လို႕ သူမက ဆက္လက္ေျဖဆိုေပးထားပါတယ္။

အဆိုေတာ္ မိစႏၵီဟာ ဂီတဘက္မွာလည္း ႀကိဳးစားေနသလို စီးပြားေရးဘက္မွာလည္း ႀကိဳးစားေနသူ ျဖစ္ပါတယ္။ MY Boo အမွတ္တံဆိပ္နဲ႕ လူငယ္စတုိုင္ အဝတ္အထည္မ်ားကို အကန္႕အသတ္မ်ားနဲ႕ ေရာင္းခ်လ်က္ရွိၿပီး စားေသာက္ဆိုင္တစ္ခုကိုလည္း ကိုယ္တိုင္ဦးစီးၿပီး လုပ္ေဆာင္ေနတယ္လို႕ သိရပါတယ္။

လူငယ္ေတြၾကားထဲမွာ ေရပန္းစားေအာင္ျမင္ေနတဲ့လူငယ္အဆုိေတာ္မေလး မိစႏၵီဟာ မိုလိုပိုလီ၊ ပစ္တိုင္းေထာင္၊ အသဲေလး စတဲ့ စီးရီးေတြကို ထြက္ရွိထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

လူငယ်အဆိုတော် ကောင်မလေး မိစန္ဒီက မကြာခင် ကျရောက်မယ့် ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းသွားမလဲ ဆိုတာလေး ပြောပြထားတယ်နော်။

အဆိုတော် မိစန္ဒီက စုံတွဲလေးတွေကို မြင်ရင် အားကျမိတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ(၁၄) ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့မှာလည်း သူမဘာလုပ်မလဲဆိုတာ ယခုလို ပြောပြထားပါတယ်။

“မိစန္ဒီကတော့ Single ပါ။ အဲ့တော့ ဘာမှမလုပ်ပါဘူး။ အိမ်မှာနေမှာပါ။ချစ်သူများနေ့မှာ ဆင်တူဝတ်ကြတဲ့ စုံတွဲတိုင်းကို အားကျပါတယ်။ ချစ်စရာလေးတွေပေ့ါနော်။ မြင်ရတာ။ မိစန္ဒီတို့အရွယ်ကျတော့ ဆင်တူကြီးတွေ ဝတ်ပြီးလျှောက်သွားနေရင် ဘယ်လိုကြီးလဲမသိတော့ဘူး။ ငယ်ငယ်တုန်းကတော့ ဆင်တူဝတ်ပြီး လျှောက်သွားဖူးပါတယ်။ ကြီးလာတော့ အဲ့လိုကြီး မလုပ်ချင်ဘူး။ “ဆိုပြီး ဇန်နဝါရီ(၃၁) ရက်နေ့က ပြုလုပ်တဲ့ shake The World ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

မိစန္ဒီက လက်ရှိမှာ နယ်ရှိုးတွေ ဆက်တိုက်သွားနေရပြီး သူမရဲ့ တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်လျက်ရှိတယ်လို့ ဆိုပါတယ်။

“မိစန္ဒီက အခုလောလောဆယ်အခွေထွက်ဖို့ ကြိုးစားနေတယ်။ သီချင်းက လက်ရှိမှာအခွေက (၄၀) ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ ပရိသတ်လက်ထဲကို မတ်လထဲအရောက်ပို့ပေးချင်တယ်။ ဒါပေမယ့် ကြားထဲမှာကလည်း လုပ်စရာတွေက များနေတော့ ထွက်မယ့်နေ့ကို သေသေချာချာမပြောတတ်ဘူး ဖြစ်နေတယ်။ အခွေကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ချင်တယ်။” လို့ သူမက ဆက်လက်ဖြေဆိုပေးထားပါတယ်။

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.