မင်္ဂလာဦးအလှူအဖြစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့သားဂန်းနဲ့ ဘေဘီမောင် ”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုထိရောက်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မော်ဒယ်လ် တစ်ဦးပါ။ မကြာသေးခင်ကအချိန်က နုိဝင်ဘာလ၁၄ရက်နေ့မှာ လက်ထပ်ပွဲကို ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပြီး အမိုက်စားPreWeddingပုံရိပ်တွေလည်း တင်ခဲ့ပါသေးတယ်။

ဒါ့အပြင် လက်ရှိမှာလည်း”မင်္ဂလာဦးအလှူလေး ကျောင်းတစ်ဆောင်လှူခွင့်ရတဲ့အတွက်ပီတိဖြစ်ရပါတယ်🥰🙏🏻🙏🏻🙏🏻”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ကြည်နူးဖွယ်အလှူပုံရိပ်လေးကိုတင်လာခဲ့တာပါ။ တကယ့်ကိုနေနဲ့လရွှေနဲ့မြလိုလိုက်ဖက်တဲ့ ဘေဘီမောင်​တို့ လက်ထပ်ပွဲကတော့ ပရိသတ်တော်တော်များများရဲ့ ပါးစပ်ဖျားမှာရေပန်းစားခဲ့တာပါ။

အခုချိန်မှာလည်းအလှူအတန်းတွေကိူကေ်တိုက်ပြုလုပ်နေလျက်ရှိတဲ့ဘေဘီမောင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာဦးအလှူလေးကို သာဓုခေါ်ခဲ့ကြ ပါ ဦး CeleGabarပရိသတ်ကြီးရေ။

Koe- CeleGabar

Advertisement

Source- ThandarZaw

Be the first to comment

Leave a Reply

Your email address will not be published.


*