အမႈကုိ အမွန္အတိုင္းပဲ ရင္ဆုိင္သြားမယ္ဆိုတဲ့ ေဝဠဳေက်ာ္

အမႈကုိ အမွန္အတိုင္းပဲ ရင္ဆုိင္သြားမယ္ဆိုတဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္နဲ႔ အလွမယ္သင္းသင္းနဲ႔အမႈဟာဆိုရင္ေတာ့ တစ္စထက္တစ္စ အရွိန္တက္လာျပီလို႔ဆိုရမွာပါ။ အလွမယ္သင္းသင္းက ေဝဠဳေက်ာ္ကုိ ကာမလိမ္လည္ရယူမႈနဲ႔တရားစြဲဆိုထားျပီး ျပီးခဲ့တဲ့ ပထမဆံုးအၾကိမ္ရံုးခ်ိန္းကုိ ဇန္နဝါရီလ (၂၂) ရက္ေန႔မွာစစ္ေဆးခဲ့တာျဖစ္ပါတယ္။ ဒုတိယေျမာက္ရံုးခ်ိန္းကိုေတာ့ ဒီေန႔ ေဖေဖာ္ဝါရီလ (၅) ရက္မွာ ဆက္လက္စစ္ေဆးသြားခဲ့ပါတယ္။ ဒုတိယရံုးခ်ိန္းမွာ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေဝဠဳေက်ာ္က အမႈနဲ႔ပရဟိတလုပ္ငန္းေတြနဲ႔မသက္ဆိုင္ေၾကာင္းနဲ႔အမႈကုိေတာ့အမွန္အတိုင္းပဲရင္ဆိုင္သြားမယ္ဆိုတဲ့အေၾကာင္းေတြေျဖၾကားသြားပါတယ္။

ေဝဠဳေက်ာ္က တရားရံုးထဲကထြက္လာတဲ့အခါ သတင္းတစ္ခုခုထူးလားဆိုတဲ့ေမးခြန္းကုိ “ဘာမွမရွိပါဘူးခင္ဗ်။ ကြ်န္ေတာ္တို႔ကုိ ေနာက္တစ္ခ်ိန္းျပန္ခ်ိန္းလိုက္တယ္။ တရားသူၾကီးကအေျပာင္းအေရႊ႕က်ေနလို႔”လုိ႔ေျပာျပထားျပီး အမႈနဲ႔ ပရဟိတလုပ္ငန္းေတြနဲ႔က သက္ဆိုင္မႈမရွိပါဘူးလို႔လည္း “အဲဒါေတြနဲ႔မဆိုင္ပါဘူးခင္ဗ်။ ဒါက ပါဆင္နယ္ကိစၥပါ။ ကြ်န္ေတာ့္အလုပ္ေတြကေတာ့ ကြ်န္ေတာ္ဒီတိုင္းပဲလုပ္ေနပါတယ္ခင္ဗ်”လို႔လည္းေျဖၾကားထားပါတယ္။

အမႈက ပရဟိတလုပ္ငန္းေတြကုိအေနွာက္အယွက္မျဖစ္ဘူးလို႔လည္း “မျဖစ္ပါဘူးခင္ဗ်။ အမႈကတရားရံုးေပၚေရာက္လာျပီျဖစ္တဲ့အတြက္ အခ်ိန္ေပၚမူတည္ျပီးအေျဖထြက္သြားမွာပါ”လို႔ ေျဖထားသလိုေဝဠဳေက်ာ္က အရင္ကတည္းက ေျဖခဲ့တဲ့စကားကုိမေျပာင္းမလဲပဲ အမႈကုိအမွန္အတိုင္းရင္ဆုိင္သြားမွာျဖစ္ေၾကာင္းလည္း “အမွန္အတိုင္းပဲရင္ဆုိင္သြားမွာပါ။ အားလံုးကုိေက်းဇူးတင္ပါတယ္”လို႔ေျပာျပသြားပါတယ္။

ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေန ဦးဖိုးျဖဴကေတာ့ ေဝဠဳေက်ာ္အတြက္ အမွန္တရားေပၚေပါက္ေအာင္ လိုက္ပါေဆာင္ရြက္ေပးသြားမွာျဖစ္ေၾကာင္း “ဒီအမွန္တရားအတြက္ တရားမွ်တမႈဟာ ကိုေဝဠဳနဲ႔ ကိုေဝဠဳပရိသတ္ေတြအတြက္ မလြဲမေသြရရွိရလိမ့္မယ္လို႔ ကြ်န္ေတာ္ေမွ်ာ္လင့္ရပါတယ္ဗ်ာ။ ကြ်န္ေတာ့္အေနနဲ႔ေတာ့ အစြမ္းကုန္ၾကိဳးစားေပးသြားမွာပါ။ လူတေယာက္ရဲ့ ဂုဏ္သိကၡာအတြက္ သူ႔ဘဝမွာ ရွိေနႏိုင္တဲ့ အတတ္အက်အနိမ့္အျမင့္ေတြတိုင္းမွာ အမွန္တရားနဲ႔ တရားမွ်တမႈအတြက္ အေကာင္းဆံုး ၾကိဳးစားေပးသြားမွာပါဗ်ာ။ ကြ်န္ေတာ္က အထက္တန္းေရွ႔ေန ကိုဖိုးျဖဴပါ။ ေနာက္ရံုးခ်ိန္းကေတာ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ကို ထပ္ျပီးေတာ့ ခ်ိန္းထားပါတယ္ဗ်ာ” လုိ႔ ေျပာထားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဦးဖိုးျဖဴေျပာသလိုပဲ  ေဝဠဳေက်ာ္ရဲ႕အမႈမွာအမွန္တရားရွိကိုရွိရမယ္လို႔ထင္လား။ ေဝဠဳေက်ာ္နဲ႔သင္းသင္းမွာ အမွန္တရားက ဘယ္သူ႔ဘက္မွာရွိေနမယ္ထင္လဲ။ေျပာခဲ့ၾကပါဦး။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

Can’t Wait To Say

[UNICODE FONT]

ဝေဠုကျော်နဲ့ အလှမယ်သင်းသင်းနဲ့အမှုဟာဆိုရင်တော့ တစ်စထက်တစ်စ အရှိန်တက်လာပြီလို့ဆိုရမှာပါ။ အလှမယ်သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုနဲ့တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ ပထမဆုံးအကြိမ်ရုံးချိန်းကို ဇန်နဝါရီလ (၂၂) ရက်နေ့မှာစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒုတိယမြောက်ရုံးချိန်းကိုတော့ ဒီနေ့ ဖေဖော်ဝါရီလ (၅) ရက်မှာ ဆက်လက်စစ်ဆေးသွားခဲ့ပါတယ်။ ဒုတိယရုံးချိန်းမှာ မီဒီယာတွေနဲ့အင်တာဗျူးမှာ ဝေဠုကျော်က အမှုနဲ့ပရဟိတလုပ်ငန်းတွေနဲ့မသက်ဆိုင်ကြောင်းနဲ့အမှုကိုတော့အမှန်အတိုင်းပဲရင်ဆိုင်သွားမယ်ဆိုတဲ့အကြောင်းတွေဖြေကြားသွားပါတယ်။

ဝေဠုကျော်က တရားရုံးထဲကထွက်လာတဲ့အခါ သတင်းတစ်ခုခုထူးလားဆိုတဲ့မေးခွန်းကို “ဘာမှမရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ကို နောက်တစ်ချိန်းပြန်ချိန်းလိုက်တယ်။ တရားသူကြီးကအပြောင်းအရွှေ့ကျနေလို့”လို့ပြောပြထားပြီး အမှုနဲ့ ပရဟိတလုပ်ငန်းတွေနဲ့က သက်ဆိုင်မှုမရှိပါဘူးလို့လည်း “အဲဒါတွေနဲ့မဆိုင်ပါဘူးခင်ဗျ။ ဒါက ပါဆင်နယ်ကိစ္စပါ။ ကျွန်တော့်အလုပ်တွေကတော့ ကျွန်တော်ဒီတိုင်းပဲလုပ်နေပါတယ်ခင်ဗျ”လို့လည်းဖြေကြားထားပါတယ်။

အမှုက ပရဟိတလုပ်ငန်းတွေကိုအနှောက်အယှက်မဖြစ်ဘူးလို့လည်း “မဖြစ်ပါဘူးခင်ဗျ။ အမှုကတရားရုံးပေါ်ရောက်လာပြီဖြစ်တဲ့အတွက် အချိန်ပေါ်မူတည်ပြီးအဖြေထွက်သွားမှာပါ”လို့ ဖြေထားသလိုဝေဠုကျော်က အရင်ကတည်းက ဖြေခဲ့တဲ့စကားကိုမပြောင်းမလဲပဲ အမှုကိုအမှန်အတိုင်းရင်ဆိုင်သွားမှာဖြစ်ကြောင်းလည်း “အမှန်အတိုင်းပဲရင်ဆိုင်သွားမှာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်”လို့ပြောပြသွားပါတယ်။

ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဖိုးဖြူကတော့ ဝေဠုကျော်အတွက် အမှန်တရားပေါ်ပေါက်အောင် လိုက်ပါဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း “ဒီအမှန်တရားအတွက် တရားမျှတမှုဟာ ကိုဝေဠုနဲ့ ကိုဝေဠုပရိသတ်တွေအတွက် မလွဲမသွေရရှိရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ရပါတယ်ဗျာ။ ကျွန်တော့်အနေနဲ့တော့ အစွမ်းကုန်ကြိုးစားပေးသွားမှာပါ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ရှိနေနိုင်တဲ့ အတတ်အကျအနိမ့်အမြင့်တွေတိုင်းမှာ အမှန်တရားနဲ့ တရားမျှတမှုအတွက် အကောင်းဆုံး ကြိုးစားပေးသွားမှာပါဗျာ။ ကျွန်တော်က အထက်တန်းရှေ့နေ ကိုဖိုးဖြူပါ။ နောက်ရုံးချိန်းကတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကို ထပ်ပြီးတော့ ချိန်းထားပါတယ်ဗျာ” လို့ ပြောထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဦးဖိုးဖြူပြောသလိုပဲ  ဝေဠုကျော်ရဲ့အမှုမှာအမှန်တရားရှိကိုရှိရမယ်လို့ထင်လား။ ဝေဠုကျော်နဲ့သင်းသင်းမှာ အမှန်တရားက ဘယ်သူ့ဘက်မှာရှိနေမယ်ထင်လဲ။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Can’t Wait To Say

Comments are closed.