၂၀၁၉ မွာ Sexy ဆန္တဲ့ပံုေတြ သိပ္မရိုက္ေတာ့ဘူးဆိုတဲ့ ႏြယ္ႏြယ္ထြန္း

၂၀၁၉ မွာ Sexy ဆန္တဲ့ပံုေတြ သိပ္မရိုက္ေတာ့ဘူးဆိုတဲ့ ႏြယ္ႏြယ္ထြန္း

ခ်စ္စရာမ်က္ႏွာေပါက္ေလးနဲ႔ ဆြဲေဆာင္မႈရွိတဲ့ ခႏၶာကိုယ္ေၾကာင့္ ပရိသတ္ေတြၾကားမွာ နာမည္ရလာတ့ဲ ႏြယ္ႏြယ္ထြန္းကိုေတာ့ သူ႔ရဲ့ ဓါတ္ပံုေလးေတြေၾကာင့္ သတိထားမိၾကမွာပါ။ Sexy ဆန္ဆန္ ဓါတ္ပံုေလးေတြ ရိုက္တတ္ျပီး ေကာက္ေၾကာင္းေပၚတဲ့အလွေတြေၾကာင့္ ႏြယ္ႏြယ္ထြန္းကို အားေပးတဲ့ ပရိသတ္ေတြရွိသလို ေဝဖန္တဲ့ ပရိသတ္ေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ႏြယ္ႏြယ္ထြန္းကေတာ့ ဒီ ၂၀၁၉ မွာေတာ့ သူ႔အေနနဲ႔ Sexy ဝတ္တာေတြကို ေလ်ာ့ခ်သြားမွာ ျဖစ္ျပီး ကိုယ့္ကို ေအးေဆးပဲေနေတာ့မယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

ႏြယ္ႏြယ္ထြန္းကေတာ့ Myanmarload နဲ႔ အင္တာဗ်ဴးမွာေတာ့ ၂၀၁၉ မွာ ပရိသတ္ေတြကို ဘာေတြ ခ်ျပဖို႔ရွိလဲဆိုတဲ့ အေပၚမွာေတာ့ “ညီမနဲနဲ ေလ်ာ့လိုက္ျပီ ဓါတ္ပံုေတြေတာင္ သိပ္ျပီးေတာ့ ရိုက္ျဖစ္ဖို႔အစီအစဥ္မရွိဘူး။ ခရီးေတြကေတာ့ ဝါသနာအရ သြားခ်င္တဲ့ေနရာေတြ ရွိရင္ေတာ့ သြားမွာပါ”

ေလ်ာ့ျဖစ္လိုက္တဲ့ အပိုင္းေတြက ဘယ္လိုေၾကာင့္လဲဆိုတဲ့ အေပၚမွာေတာ့ “ျပီးခဲ့တ့ဲ ႏွစ္ကေတာ့ နည္းနည္းေဟာ့ေရွာ႔ရိုက္ထားတာေတြ ရွိတယ္။ ဒီႏွစ္ထဲမွာေတာ့ ထပ္ျပီးေတာ့ ရိုက္စရာမရွိေတာ့ဘူး။ ကိုယ့္ဘာကုိယ္ပဲ ေအးေအးခ်မ္းခ်မ္းေလးေနေတာ့မယ္။ ကိုယ္ေတြးမိတာကေတာ့ ကိုယ္ဓါတ္ပံုေတြတင္လည္း သူမ်ားတကာက ကိုယ့္ကိုလာဆဲေနတာ ဘာလုပ္မွာလဲ။ ဆဲခံေနရမယ့္အတူတူေတာ့။ ညီမလည္း ကိုယ့္ဘာကိုယ္ အျပင္မွာ ပံုမွန္ေနရင္ သူမ်ားလည္း လာဆဲေတာ့မွာ မဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ ေလ်ာ့လိုက္ပါျပီ။ နည္းနည္း Sexy ျဖစ္တဲ့ ပံုမ်ိဳးေတြကို ရိုက္တာမ်ိဳးေတြကိုေပါ့”

ခရီးသြားျဖစ္ရင္ ဘယ္ေနရာေတြကို သြားျဖစ္လဲဆိုတဲ့ အေပၚမွာေတာ့ “ခရီးသြားတာကေတာ့ ငယ္တုန္းသြားရတာေကာင္းပါတယ္။ တျခားလူေတြကိုလည္းသြားဖို႔ တိုက္တြန္းပါတယ္။ ေတာ္ေတာ္မ်ားမ်ားကို သြားခဲ့ျပီးပါျပီ။ ထပ္ျပီးေတာ့ သြားရဦးမယ့္ ေနရာေတြ ရွိတယ္။ သြားဦးမွာပါ။ အိမ္မွာပဲေနတာထက္ကို ခရီးသြားရတာကုိပဲ ႏွစ္သက္ပါတယ္။ အေတြ႔အၾကံဳသစ္ေတြလည္း ရတယ္”

ေနာက္ပိုင္း ခရီးသြားရင္ ဓါတ္ပံုေတြ ရိုက္ဖို႔ရွိလားဆိုတဲ့ အေပၚမွာေတာ့ “ပံုမွန္ဆိုရင္ေတာ့ ခရီးသြားရင္ ဓါတ္ပံုဆရာေတြကိုေတာ့ ေခၚသြားေလ့မရွိဘူး။ ဒါေပမယ့္ ဓါတ္ပံုေတြရိုက္တယ္ဆိုတာက ကိုယ့္ဝါသနာေပါ့။ ျပီးရင္ သူငယ္ခ်င္းေတြနဲ႔အတူ တေယာက္တလွည့္ရိုက္ေပးျဖစ္တာ။ ဓါတ္ပံုဆရာေတာ့ သီးသန္႔ေခၚသြားေလ့မရွိပါဘူး။ သြားျဖစ္တဲ့ေနရာေရာက္ရင္ေတာ့ ေရာက္တဲ့ေနရာမွာ ဓါတ္ပံုေတြ ရိုက္ျဖစ္မွာပါ။ အရမ္းၾကီး အသစ္အဆန္းေတြေတာ့ မရိုက္ျဖစ္ေလာက္ေတာ့ပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ချစ်စရာမျက်နှာပေါက်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေကြားမှာ နာမည်ရလာတဲ့ နွယ်နွယ်ထွန်းကိုတော့ သူ့ရဲ့ ဓါတ်ပုံလေးတွေကြောင့် သတိထားမိကြမှာပါ။ Sexy ဆန်ဆန် ဓါတ်ပုံလေးတွေ ရိုက်တတ်ပြီး ကောက်ကြောင်းပေါ်တဲ့အလှတွေကြောင့် နွယ်နွယ်ထွန်းကို အားပေးတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒါကြောင့် နွယ်နွယ်ထွန်းကတော့ ဒီ ၂၀၁၉ မှာတော့ သူ့အနေနဲ့ Sexy ဝတ်တာတွေကို လျော့ချသွားမှာ ဖြစ်ပြီး ကိုယ့်ကို အေးဆေးပဲနေတော့မယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

နွယ်နွယ်ထွန်းကတော့ Myanmarload နဲ့ အင်တာဗျူးမှာတော့ ၂၀၁၉ မှာ ပရိသတ်တွေကို ဘာတွေ ချပြဖို့ရှိလဲဆိုတဲ့ အပေါ်မှာတော့ “ညီမနဲနဲ လျော့လိုက်ပြီ ဓါတ်ပုံတွေတောင် သိပ်ပြီးတော့ ရိုက်ဖြစ်ဖို့အစီအစဉ်မရှိဘူး။ ခရီးတွေကတော့ ဝါသနာအရ သွားချင်တဲ့နေရာတွေ ရှိရင်တော့ သွားမှာပါ”

လျော့ဖြစ်လိုက်တဲ့ အပိုင်းတွေက ဘယ်လိုကြောင့်လဲဆိုတဲ့ အပေါ်မှာတော့ “ပြီးခဲ့တဲ့ နှစ်ကတော့ နည်းနည်းဟော့ရှော့ရိုက်ထားတာတွေ ရှိတယ်။ ဒီနှစ်ထဲမှာတော့ ထပ်ပြီးတော့ ရိုက်စရာမရှိတော့ဘူး။ ကိုယ့်ဘာကိုယ်ပဲ အေးအေးချမ်းချမ်းလေးနေတော့မယ်။ ကိုယ်တွေးမိတာကတော့ ကိုယ်ဓါတ်ပုံတွေတင်လည်း သူများတကာက ကိုယ့်ကိုလာဆဲနေတာ ဘာလုပ်မှာလဲ။ ဆဲခံနေရမယ့်အတူတူတော့။ ညီမလည်း ကိုယ့်ဘာကိုယ် အပြင်မှာ ပုံမှန်နေရင် သူများလည်း လာဆဲတော့မှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် လျော့လိုက်ပါပြီ။ နည်းနည်း Sexy ဖြစ်တဲ့ ပုံမျိုးတွေကို ရိုက်တာမျိုးတွေကိုပေါ့”

ခရီးသွားဖြစ်ရင် ဘယ်နေရာတွေကို သွားဖြစ်လဲဆိုတဲ့ အပေါ်မှာတော့ “ခရီးသွားတာကတော့ ငယ်တုန်းသွားရတာကောင်းပါတယ်။ တခြားလူတွေကိုလည်းသွားဖို့ တိုက်တွန်းပါတယ်။ တော်တော်များများကို သွားခဲ့ပြီးပါပြီ။ ထပ်ပြီးတော့ သွားရဦးမယ့် နေရာတွေ ရှိတယ်။ သွားဦးမှာပါ။ အိမ်မှာပဲနေတာထက်ကို ခရီးသွားရတာကိုပဲ နှစ်သက်ပါတယ်။ အတွေ့အကြုံသစ်တွေလည်း ရတယ်”

နောက်ပိုင်း ခရီးသွားရင် ဓါတ်ပုံတွေ ရိုက်ဖို့ရှိလားဆိုတဲ့ အပေါ်မှာတော့ “ပုံမှန်ဆိုရင်တော့ ခရီးသွားရင် ဓါတ်ပုံဆရာတွေကိုတော့ ခေါ်သွားလေ့မရှိဘူး။ ဒါပေမယ့် ဓါတ်ပုံတွေရိုက်တယ်ဆိုတာက ကိုယ့်ဝါသနာပေါ့။ ပြီးရင် သူငယ်ချင်းတွေနဲ့အတူ တယောက်တလှည့်ရိုက်ပေးဖြစ်တာ။ ဓါတ်ပုံဆရာတော့ သီးသန့်ခေါ်သွားလေ့မရှိပါဘူး။ သွားဖြစ်တဲ့နေရာရောက်ရင်တော့ ရောက်တဲ့နေရာမှာ ဓါတ်ပုံတွေ ရိုက်ဖြစ်မှာပါ။ အရမ်းကြီး အသစ်အဆန်းတွေတော့ မရိုက်ဖြစ်လောက်တော့ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.