နှစ်သစ်ကူးဆုတောင်းမှာ တွေ့လိုက်ရတဲ့ ဂျက်လီရဲ့ လက်ရှိပုံရိပ်ကြောင့် စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်များ

နှစ်သစ်ကူးဆုတောင်းမှာ တွေ့လိုက်ရတဲ့ ဂျက်လီရဲ့ လက်ရှိပုံရိပ်ကြောင့် စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်များ





[UNICODE FONT]

တစ်ချိန်က တရုတ်ရုတ်ရှင်လောကမှာသာမက၊ ဟောလိဝုဒ်မှာပါ နာမည်အလွန်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး ဂျက်လီနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်က ပရိသတ်တစ်ဦးတင်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့် အများပြည်သူ စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ပါတယ်။အကြောင်းကတော့ ဂျက်လီဟာ အဲဒီဓာတ်ပုံထဲမှာ လက်ရှိ အသက်အရွယ်ထက် (၂)ဆလောက် အိုစာနေပြီး၊ ထိုစဉ်ကလည်း ကျန်းမာရေးက အလွန်ချူခြာနေချိန် ဖြစ်ပါတယ်။ သို့သော်လည်း ဂျက်လီရဲ့ ကိုယ်ရေးအရာရှိလည်းဖြစ်၊ မန်နေဂျာလည်း လုပ်နေသူတစ်ဦးက အဲဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့ပါသေးတယ်။

ဓာတ်ပုံကင်မရာက သိပ်မကောင်းလို့ ဂျက်လီခမျာ အိုစာတဲ့ပုံ ပေါက်နေတာပါလို့ ပြောခဲ့တာပါ။ တကယ်တော့ ဂျက်လီဟာ ပြင်းထန်တဲ့ရောဂါကို ခံစားနေရပြီး၊ နဂိုကြည့်ကောင်းခဲ့တဲ့ ကလေးမျက်နှာလေးဟာ အတော်လေး အိုစာနေတာကို ငြင်းမရခဲ့ပါဘူး။အထက်ပါ ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာလည်း ဂျက်လီဟာ အတော်လေးကို မကျန်းမာတဲ့ပုံစံ ပေါက်နေပါတယ်။ မှတ်ချက်ရေးသူတစ်ဦးက ” ကျွန်မ ကြားတာကတော့ သူ တော်တော် နေမကောင်း ဖြစ်နေသတဲ့ “လို့ ရေးခဲ့ပြီး၊ အခြားတစ်ဦးက ” သူလည်း ကျန်းမာချမ်းသာပါစေ “လို့ ရေးခဲ့ပါတယ်။

ဂျက်လီဟာ သူရဲ့ပရိသတ်ကို တရုတ်နှစ်သစ်ကူးအတွက် ဆုတောင်းပေးခဲ့တာဖြစ်ပြီး၊ အားလုံး ကျန်းမာကြပါစေ၊ ကံကောင်းကြပါစေ စသဖြင့် ပါဝင်ပါတယ်။ တရုတ်လိုလည်း ဆုတောင်းပေးထားပါသေးတယ်။ မှတ်ချက်ရေးသားသူတစ်ဦးက ” လူပီသတဲ့သူ … သူ့ကို အသက်ရှည်စေချင်တယ် “လို့ ရေးခဲ့ပါသေးတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.