အကယ္ဒမီမွန္းထားျပီး မရရင္ခံစားရတယ္ အရွက္လဲကြဲတယ္ဆိုတဲ့ ျမင့္ျမတ္

အကယ္ဒမီမွန္းထားျပီး မရရင္ခံစားရတယ္ အရွက္လဲကြဲတယ္ဆိုတဲ့ ျမင့္ျမတ္

ျပည္သူ႔အခ်စ္ေတာ္ မင္းသားၾကီး ျမင့္ျမတ္ကေတာ့ သူ႔အေနနဲ႔ ယခုႏွစ္ အကယ္ဒမီေပးပြဲမွာ သူ႔ရဲ့ ဇာတ္ကားေတြ ပါသလို သူကိုယ္တိုင္လည္း ရင္ခုန္ေၾကာင္း ေျပာၾကားလာခဲ့ပါတယ္။ ရင္ခုန္မိေပမယ့္လည္း အမ်ားၾကီး ေမ်ွာ္လင့္မထားပဲ ေပါ့ေပါ့ပါးပါးပါပဲလို႔ ေျပာၾကားသြားခဲ့ျပီး ၂၀၁၉ မွာေတာ့ ဟာသကားေတြ ရိုက္တာနည္းသြားမယ္လု႔ိ ေျပာၾကားသြားခဲ့ပါေသးတယ္။ မင္းသားျမင့္ျမတ္ကေတာ့ ျပီးခဲ့တဲ့ ၂၀၁၈ မွာ သူ႔ရဲ့ဟာသကားေတြကိုသာ ရံုတင္မ်ားခဲ့ျပီး အက္ရွင္ကားေတြ Drama ကားေတြ ရံုတင္ဖို႔ က်န္ေသးတာေၾကာင့္ Drama ကားေတြ မ်ားမ်ားတင္ေပးဖိ႔ုကိုလည္း အၾကံေပးခဲ့ပါတယ္။

ျမင့္ျမတ္ကေတာ့ The Radar နဲ႔ အင္တာဗ်ဴးမွာေတာ့ “က်ေနာ္က ရုပ္ရွင္ကားေတြက ရိုက္တယ္။ ဟာသကားလည္း ရိုက္တယ္။ အက္ရွင္ကားလည္း ရိုက္တယ္။ Drama လည္း ရိုက္တယ္။ ဒါေပမယ့္လည္း ခက္တာက ရံုေပၚေရာက္လာတဲ့ကားေတြက ရိုမန္ Drama တကားမွ မတက္လာဘူး။ ဟာသကားေတြ ၾကီးပဲ တက္လာတယ္။ ခေရဆိုလို႔ရွိရင္လည္း က်ေနာ္အရမ္း အားရတဲ့ကားထဲမွာ ပါတယ္။ ေနာက္ ေက်ာမွာဂဠဳန္ ရင္မွာနဂါးတို႔ အဲ့ကားဆိုရင္လည္း ေသခ်ာတယ္။ လံုးဝကို Drama ကားအစစ္ အဲ့ကားဆိုရင္ လံုးဝကို ရံုေပၚေရာက္မလာဘူးေလ။ ဇာတ္ကားေတြက ရိုက္တာက ရိုက္တယ္။ ေရာက္တာအကုန္လံုးက ဟာသကားေတြၾကီးပဲ”

“ဒီ ၂၀၁၉ ထဲမွာေတာ့ အဲ့လိုသိပ္မလုပ္ေတာ့ဘူးေပါ့ေနာ္။ ဟာသကားေတြ နည္းမယ္။ ပါေတာ့ပါမွာပါ။ အဲ့ဒီအျပင္ ပံုမွန္မဟုတ္တဲ့ ဇာတ္ကားေတြ ဇာတ္လမ္းေကာင္းတဲ့ ဇာတ္ကားေတြ ရိုက္ဖို႔ရွိပါတယ္။ ဒီ ၂ လပိုင္းမွာဆိုလည္း ေရခဲေတာင္မွာ သြားျပီးေတာ့ ရိုက္ဖို႔ ရွိတယ္။ ကြ်န္ေတာ္တုိ႔ကေတာ ့အျမဲတမ္း ၾကိဳးစားေနတယ္။ ဆက္ျပီးေတ့ာ အားေပးၾကပါလို႔ ေျပာခ်င္ပါတယ္။ ရံုတင္ရင္လည္း Drama ကားေလးေတြ တင္ေပးပါလို႔ ေျပာခ်င္ပါတယ္”

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ပြည်သူ့အချစ်တော် မင်းသားကြီး မြင့်မြတ်ကတော့ သူ့အနေနဲ့ ယခုနှစ် အကယ်ဒမီပေးပွဲမှာ သူ့ရဲ့ ဇာတ်ကားတွေ ပါသလို သူကိုယ်တိုင်လည်း ရင်ခုန်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ရင်ခုန်မိပေမယ့်လည်း အများကြီး မျှော်လင့်မထားပဲ ပေါ့ပေါ့ပါးပါးပါပဲလို့ ပြောကြားသွားခဲ့ပြီး ၂၀၁၉ မှာတော့ ဟာသကားတွေ ရိုက်တာနည်းသွားမယ်လု့ိ ပြောကြားသွားခဲ့ပါသေးတယ်။ မင်းသားမြင့်မြတ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ မှာ သူ့ရဲ့ဟာသကားတွေကိုသာ ရုံတင်များခဲ့ပြီး အက်ရှင်ကားတွေ Drama ကားတွေ ရုံတင်ဖို့ ကျန်သေးတာကြောင့် Drama ကားတွေ များများတင်ပေးဖိ့ုကိုလည်း အကြံပေးခဲ့ပါတယ်။

မြင့်မြတ်ကတော့ The Radar နဲ့ အင်တာဗျူးမှာတော့ “ကျနော်က ရုပ်ရှင်ကားတွေက ရိုက်တယ်။ ဟာသကားလည်း ရိုက်တယ်။ အက်ရှင်ကားလည်း ရိုက်တယ်။ Drama လည်း ရိုက်တယ်။ ဒါပေမယ့်လည်း ခက်တာက ရုံပေါ်ရောက်လာတဲ့ကားတွေက ရိုမန် Drama တကားမှ မတက်လာဘူး။ ဟာသကားတွေ ကြီးပဲ တက်လာတယ်။ ခရေဆိုလို့ရှိရင်လည်း ကျနော်အရမ်း အားရတဲ့ကားထဲမှာ ပါတယ်။ နောက် ကျောမှာဂဠုန် ရင်မှာနဂါးတို့ အဲ့ကားဆိုရင်လည်း သေချာတယ်။ လုံးဝကို Drama ကားအစစ် အဲ့ကားဆိုရင် လုံးဝကို ရုံပေါ်ရောက်မလာဘူးလေ။ ဇာတ်ကားတွေက ရိုက်တာက ရိုက်တယ်။ ရောက်တာအကုန်လုံးက ဟာသကားတွေကြီးပဲ”

“ဒီ ၂၀၁၉ ထဲမှာတော့ အဲ့လိုသိပ်မလုပ်တော့ဘူးပေါ့နော်။ ဟာသကားတွေ နည်းမယ်။ ပါတော့ပါမှာပါ။ အဲ့ဒီအပြင် ပုံမှန်မဟုတ်တဲ့ ဇာတ်ကားတွေ ဇာတ်လမ်းကောင်းတဲ့ ဇာတ်ကားတွေ ရိုက်ဖို့ရှိပါတယ်။ ဒီ ၂ လပိုင်းမှာဆိုလည်း ရေခဲတောင်မှာ သွားပြီးတော့ ရိုက်ဖို့ ရှိတယ်။ ကျွန်တော်တို့ကတော့အမြဲတမ်း ကြိုးစားနေတယ်။ ဆက်ပြီးတေ့ာ အားပေးကြပါလို့ ပြောချင်ပါတယ်။ ရုံတင်ရင်လည်း Drama ကားလေးတွေ တင်ပေးပါလို့ ပြောချင်ပါတယ်”

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.