နေမင်းကို ငယ်ချစ်ဦးလို့ရေးလိုက်တဲ့ကိစ္စကိုရှင်းလာတဲ့ အေးမြတ်သူ
နေမင်းကို ငယ်ချစ်ဦးလို့ရေးလိုက်တဲ့ကိစ္စကိုရှင်းလာတဲ့ အေးမြတ်သူ
[UNICODE FONT]
အေးမြတ်သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အနုပညာလောကမှာ နာမည်ကြီးလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပွင့်လင်းရိုးသားတဲ့ဟန်နဲ့ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေကြောင့်လည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက မမြတ်လေးမမြတ်လေးဆိုပြီး သည်းသည်းလှုပ်ချစ်ရတဲ့မင်းသမီးအဖြစ်နှစ်တွေအကြာကြီးရပ်တည်နေခဲ့တာဖြစ်ပါတယ်။ အေးမြတ်သူက နာမည်ကြီးမင်းသားနေမင်းနဲ့ရင်းနှီးသူတွေဖြစ်ပြီး မကြာသေးမီကလူမှုကွန်ယက်မှာ နေမင်းကို ငယ်ချစ်ဦးလို့ ရေးလိုက်တဲ့ကိစ္စကို မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေရှင်းလာခဲ့ပါတယ်။
နေမင်းနဲ့က ငယ်ချစ်ဦးမဟုတ်ပဲ ငယ်ချဉ်ဦးလို့လည်း “သူနဲ့ကအမြဲတမ်းမတည့်ဘူး။ အမှန်တော့ ငယ်ချစ်ဦးမဟုတ်ဘူး။ ငယ်ချဉ်ဦး။ သူနဲ့ကသူငယ်ချင်းတွေ။ အေးမြတ်သူတို့ မင်းသမီးစလုပ်ခါစကတည်းက ခင်ခဲ့တာလေ။ သူနဲ့ကအမြဲတမ်းဘယ်တော့မှမတည့်ဘူး။ ကင်မရာရှေ့ဆိုအမြဲရန်ဖြစ်တယ်။ သူကလည်း စိတ်မရှည်၊ကိုယ်ကလည်းစိတ်မရှည်။ သူကပဲများတယ် နည်းနည်းကြာတတ်တယ်။ ကိုယ်ကလည်း စိတ်မရှည်ဘူး။ သူကလည်းပြောပါတယ်။ ငါ့ကိုခံပြောလို့ကျန်တာ နင်ပဲရှိတော့တယ်တဲ့။ ဟုတ်တယ်။ ငယ်ချစ်ဦးမဟုတ်ဘူး။ ငယ်ချဉ်ဦး။မေ့သွားလို့” လို့ ရယ်မောပြီးဖြေကြားထားပါတယ်။
ခရီးသွားရတာကြိုက်တဲ့အေးမြတ်သူကနောက်ပိုင်းမှာ သူ့ရဲ့ခရီးသွားရတဲ့ ရည်ရွယ်ချက်ပြောင်းလဲလာခဲ့ပုံကို “ခရီးသွားရတာကြိုက်တယ်ရှင့်။အရင်ကတော့ ခရီးသွားရတာကိုယ့်စိတ်ပျော်ရွှင်မှုအတွက်သွားတာပေါ့နော်။ အခုတော့ အဲ့ုလိုမဟုတ်တော့ဘူး။ မြန်မာပြည်တွင်းက တိုင်းရင်းသားတွေက လမ်းပမ်းဆက်သွယ်ရေးခက်ခဲတယ်ဆိုရင်သူတို့က ဗဟုသုတပါနည်းသွားတာဆိုတော့အဲဒါတွေကိုသူတို့ကို ပိုပြီးတော့သိအောင်လုပ်ပေးချင်လာတယ်။ ပြောချင်တာက ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့နေရာကနေတစ်ဆင့် သဘာဝတရားရယ် ပတ်ဝန်းကျင်ရယ် ပတ်ဝန်းကျင်ကလူတွေကိုပိုပြီးချစ်တတ်လာတယ်”လို့လည်းပြောထားခဲ့ပါတယ်။
အေးမြတ်သူက ခရီးသွားတဲ့အခါ အလှအပကိုသိပ်ပြီးကြည့်နေလို့မရတော့ကြောင်းလည်း “တကယ့်တကယ်ခရီးသွားရင်မိတ်ကပ်ကိုအဲ့လောက်ကြီးလိမ်းဖို့အချိန်မရဘူး။ ကိုယ်ကသွားချင်တဲ့နေရာတွေကများတာကိုး။ မိတ်ကပ်တွေပြင်ဖို့အတွက်အချိန်မရဘူး။ နောက်ပြီး အေးမြတ်သူသွားတဲ့နေရာတော်တော်များများက Luxury ရှားတယ်။ ကိုယ့်ကိုချစ်တဲ့သူတွေကိုယ့်ကိုကြည့်တဲ့သူတွေလိုက်သွားနိုင်လောက်တဲ့ခရီးမျိုးအမြဲတမ်းရွေးချယ်တယ်။ Oversea သွားရင်တောင်မှ Oversea မှာ Budget အနည်းဆုံးပေ့ါနော်။အနည်းဆုံးနဲ့ဖြစ်တဲ့ဟာမျိုးသွားတယ်”လို့လည်း ရင်ဖွင့်ထားခဲ့ပါတယ်။
ပရိသတ်ကြီးရော အေးမြတ်သူကိုချစ်ကြလား။ အေးမြတ်သူရဲ့ခရီးသွားတဲ့အစီအစဉ်တွေထုတ်လွှင့်လာခဲ့ရင်ရောကြည့်ကြမှာလား။ အေးမြတ်သူရဲ့ ဇာတ်ကားအသစ်တွေကိုရောမျှော်နေကြပြီလား။ပြောခဲ့ကြပါဦး။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.