ပရိသတ္ကို အသိေပးစရာ အမ်ားၾကီးရွိတယ္ဆိုတဲ႔ ရဲေလး

ပရိသတ္ကို အသိေပးစရာ အမ်ားၾကီးရွိတယ္ဆိုတဲ႔ ရဲေလး

ရ ေကာက္ကို ေနာက္ပစ္နဲ႕ စခဲ့တဲ့ ရဲေလးကေတာ့ အႏုပညာ ေျပးလမ္းေပၚမွာ မေလ်ွာ့တဲ့ အားေတြနဲ႕ ေရွ႕ဆက္ေနပါတယ္။ ဂီတသံစဥ္သစ္ေတြကို ဖန္တီးျပီး သရုပ္ေဆာင္ဘက္ကို ေျခလွမ္းလာသလို ေနာက္ေပါက္ အဆိုေတာ္ အသစ္ေတြကိုလည္း ေျမေတာင္ေျမွာက္ကာ လက္တြဲေခၚေနပါတယ္။ အသက္ေတြ တျဖည္းျဖည္း ၾကီးလာေလ ေအာင္ျမင္မႈကို ဆက္လက္ထိန္းသိမ္းႏိုင္ေလ ျဖစ္တဲ့ ရဲေလးက music tour ေတြ ထြက္ရင္း အသစ္အသစ္ေတြ ဖန္တီးေနေၾကာင္း ခုလို သတင္းေကာင္း ေပးသြားပါတယ္။

“Valentine’s Day ထက္ေတာင္ ပိုရင္ခုန္ရမယ့္ ကိစၥေတြ အမ်ားၾကီး ရွိေနပါတယ္။ ပရိသတ္ေတြလည္း မၾကာခင္ သိရပါေတာ့မယ္။ music tour ေတြ အမ်ားၾကီး ထြက္ရင္း ဒီေန႔မွ ျပန္ေရာက္တာ။ ကၽြန္ေတာ္ client အသစ္တြနဲ႕ cooperate လုပ္ေနတယ္။ အကုန္လံုးနဲ႕ အတူ ပူးေပါင္းလႈပ္ရွားေနတယ္။ အခု ကၽြန္ေတာ့္ကို ပိုယံုၾကည္လာတဲ့လူေတြရွိတယ္။ သီခ်င္းဘက္မွာေရာ ကားရိုက္ဘက္မွာေရာ။ ကားရိုက္ကေတာ့ အကယ္ဒမီ ျပီးမွ ျပန္ရိုက္မယ္။” လို႕ ဆိုပါတယ္။

ေဖေဖာ္ဝါရီလထဲမွာ ရင္ခုန္စရာ အသစ္ေတြ လာမယ့္ အေၾကာင္း ရဲေလးက ခုလို ေျပာသြားပါတယ္။”အႏုပညာသမား တစ္ေယာက္ျဖစ္တဲ့အတြက္ အႏုပညာနဲ႕ ပတ္သက္တဲ့ အသစ္အဆန္းေတြကို တင္ဆက္သြားဖို႕ ရွိပါတယ္။ ၾကိဳေျပာရင္လည္း စကားေတြ ကၽြံသြားမွာဆိုေတာ့ ေဖေဖာ္ဝါရီလထဲမွာပဲ ပရိသတ္ေတြကို အသိေပးရမယ့္ ကိစၥေတြ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ ေသခ်ာသြားျပီ ဆိုေတာ့မွပဲ ေျပာေတာ့မယ္။” လို႕ ဆိုပါတယ္။

လိပ္ျပာစံအိမ္ ရုပ္ရွင္ကားၾကီးနဲ႕ ပတ္သက္ျပီး သံုးသပ္ခ်က္ကိုေတာ့ ရဲေလးက ခုလို ေျပာျပပါတယ္။

“မိသားစုဆန္ဆန္ေလးေတြေပါ့။ မိသားစုထဲမွာ ျဖစ္ပ်က္တဲ့ ဟာေလးေတြကို ပါးပါေလး ပုတ္ျပီးေတာ့ တင္ျပထားတာ။ အရမ္းၾကီးလည္း deep မဟုတ္ဘူးေပါ့။ အဓိကကေတာ့ သူက horror ကို အဓိက ျပခ်င္တာ။ sound effects ေတြ မိုက္တယ္။ အႏုပညာ တင္ဆက္မႈကို ျပခ်င္တာ ဒါပါပဲ။ entertainment ျဖစ္မယ့္ ကားေလးတစ္ကားလို႕ သတ္မွတ္လိုက္ျပီး ရိုးရိုးေလး လာၾကည့္လိုက္ရင္ အပန္းေျပပါတယ္။ အရမ္းၾကီး deep ခံစားရမယ္လို့ေတာ့ မဟုတ္ဘူး။ ပံုမွန္ေလးပဲ လာၾကည့္လိုက္။ ဗယ္လင္တိုင္း နီးျပီဆိုေတာ့ စံုတြဲေလးေတြ အတြက္ ပိုေကာင္းပါတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ရ ကောက်ကို နောက်ပစ်နဲ့ စခဲ့တဲ့ ရဲလေးကတော့ အနုပညာ ပြေးလမ်းပေါ်မှာ မလျှော့တဲ့ အားတွေနဲ့ ရှေ့ဆက်နေပါတယ်။ ဂီတသံစဉ်သစ်တွေကို ဖန်တီးပြီး သရုပ်ဆောင်ဘက်ကို ခြေလှမ်းလာသလို နောက်ပေါက် အဆိုတော် အသစ်တွေကိုလည်း မြေတောင်မြှောက်ကာ လက်တွဲခေါ်နေပါတယ်။ အသက်တွေ တဖြည်းဖြည်း ကြီးလာလေ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်လေ ဖြစ်တဲ့ ရဲလေးက music tour တွေ ထွက်ရင်း အသစ်အသစ်တွေ ဖန်တီးနေကြောင်း ခုလို သတင်းကောင်း ပေးသွားပါတယ်။

“Valentine’s Day ထက်တောင် ပိုရင်ခုန်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်။ ပရိသတ်တွေလည်း မကြာခင် သိရပါတော့မယ်။ music tour တွေ အများကြီး ထွက်ရင်း ဒီနေ့မှ ပြန်ရောက်တာ။ ကျွန်တော် client အသစ်တွနဲ့ cooperate လုပ်နေတယ်။ အကုန်လုံးနဲ့ အတူ ပူးပေါင်းလှုပ်ရှားနေတယ်။ အခု ကျွန်တော့်ကို ပိုယုံကြည်လာတဲ့လူတွေရှိတယ်။ သီချင်းဘက်မှာရော ကားရိုက်ဘက်မှာရော။ ကားရိုက်ကတော့ အကယ်ဒမီ ပြီးမှ ပြန်ရိုက်မယ်။” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလထဲမှာ ရင်ခုန်စရာ အသစ်တွေ လာမယ့် အကြောင်း ရဲလေးက ခုလို ပြောသွားပါတယ်။”အနုပညာသမား တစ်ယောက်ဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သက်တဲ့ အသစ်အဆန်းတွေကို တင်ဆက်သွားဖို့ ရှိပါတယ်။ ကြိုပြောရင်လည်း စကားတွေ ကျွံသွားမှာဆိုတော့ ဖေဖော်ဝါရီလထဲမှာပဲ ပရိသတ်တွေကို အသိပေးရမယ့် ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ သေချာသွားပြီ ဆိုတော့မှပဲ ပြောတော့မယ်။” လို့ ဆိုပါတယ်။

လိပ်ပြာစံအိမ် ရုပ်ရှင်ကားကြီးနဲ့ ပတ်သက်ပြီး သုံးသပ်ချက်ကိုတော့ ရဲလေးက ခုလို ပြောပြပါတယ်။

“မိသားစုဆန်ဆန်လေးတွေပေါ့။ မိသားစုထဲမှာ ဖြစ်ပျက်တဲ့ ဟာလေးတွေကို ပါးပါလေး ပုတ်ပြီးတော့ တင်ပြထားတာ။ အရမ်းကြီးလည်း deep မဟုတ်ဘူးပေါ့။ အဓိကကတော့ သူက horror ကို အဓိက ပြချင်တာ။ sound effects တွေ မိုက်တယ်။ အနုပညာ တင်ဆက်မှုကို ပြချင်တာ ဒါပါပဲ။ entertainment ဖြစ်မယ့် ကားလေးတစ်ကားလို့ သတ်မှတ်လိုက်ပြီး ရိုးရိုးလေး လာကြည့်လိုက်ရင် အပန်းပြေပါတယ်။ အရမ်းကြီး deep ခံစားရမယ်လို့တော့ မဟုတ်ဘူး။ ပုံမှန်လေးပဲ လာကြည့်လိုက်။ ဗယ်လင်တိုင်း နီးပြီဆိုတော့ စုံတွဲလေးတွေ အတွက် ပိုကောင်းပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.