နေခြည်ဦးက ငိုပြီဆို မရပ်တော့ဘူးလို့ ပြောပြတဲ့ ကျော်ထက်အောင်

နေခြည်ဦးက ငိုပြီဆို မရပ်တော့ဘူးလို့ ပြောပြတဲ့ ကျော်ထက်အောင်

အစီစဉ်တင်ဆက်သူအဖြစ်နဲ့နာမည်ရလာတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်း ကျော်ထက်အောင်က ကိုယ်ပွားရုပ်ရှင်ရိုက်ကူးပြီးစီးသွားချိန်ကအတွေ့အကြုံတွေနဲ့သူ့ရဲ့လတ်တလောလှုပ်ရှားမှုတွေအကြောင်းကို အင်တာဗျူးတစ်မှာပြောပြသွားခဲ့ပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ပြန်လည်ပြောပြပေးလိုက်ပါတယ်နော်။

ဇာတ်ကောင်စရိုက်ထဲမှာ စိတ်တော်တော်နှစ်ထားတော့ အဲ့ဒီစိတ်ကိုပြန်ချွတ်ရတာတော်တော်ခက်ပါတယ်။ ဆံပင်တွေတောင်ကျွတ်ပါတယ်။တွဲပြီးသရုပ်ဆောင်ရတဲ့သူတွေကလည်းအဆင်ပြေပါတယ်နေခြည်ဦးဆိုငိုရတဲ့အခန်းတွေမှာမငိုချင်ဘူးပြောပြီးငိုပြီဟေ့ဆိုရင်လည်းမရပ်တော့ဘူး ကျနော်တို့တော်တော်ထိန်းယူရတယ်။ အတွေ့အကြုံတွေအများကြီးတော့ရခဲ့ပါတယ်။များသောအားဖြင့်တော့ပျော်စရာတွေချည်းပါပဲ။

ဒီကိုယ်ပွားရုပ်ရှင်က ကျနော့်အတွက်မှတ်တိုင်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ကျနော့်အတွက်မှမဟုတ်ပါဘူး ပါဝင်သူအကုန်လုံးအတွက်လည်းဖြစ်သွားနိုင်တယ်လို့ပြောလို့ရပါတယ်။ကာရိုက်တာရွေးခြင်းမရွေးခြင်းကတော့ အောင်ခေတ်မင်းနဲ့ကျနော်က မိသားစုလိုဖြစ်နေတော့ တစ်ခုခုဆိုရင်ကိုယ်လုပ်နိုင်မလုပ်နိုင်ကိုကြည့်ပြီး စိမ်ခေါ်မှုတစ်ခုအနေနဲ့လုပ်ကြတာပါ။

အစီစဉ်တင်ဆက်သူအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ရောဆက်လက်လုပ်ကိုင်သွားမှာပါ။ပရိသတ်တွေကနှစ်ခုစလုံးကိုလက်ခံပါတယ် ချူဆီင်္ပြီးတော့ သရုပ်ဆောင်ဘက်ကိုလည်းပိုပြီးလက်ခံလာကြပါတယ်။ချစ်သူနေ့မှာအက ပရိသတ်တွေနဲ့တွေ့ဖို့လုပ်ထားတာ ဒါပေမယ့်အလုပ်ကလေးတွေပေါ်လာတာကြောင့်အခုတော့မတွေ့ဖြစ်တော့ဘူး ။လို့ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.