အကယ်ဒမီပွဲကို ရှိတယ်လို့ကို မထင်ဘူးဆိုတဲ့ ဒါရိုက်တာမောင်မျိုးမင်း

အကယ်ဒမီပွဲကို ရှိတယ်လို့ကို မထင်ဘူးဆိုတဲ့ ဒါရိုက်တာမောင်မျိုးမင်း

ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးလာတဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကတော့ အကယ်ဒမီနဲ့ ပတ်သက်လာရင် သူ့ရဲ့ခံစားချက်က ဘာမှမရှိဘဲ ရင်လည်း မခုန်စိတ်လည်း မဝင်စားဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က “အရင်တုန်းကတော့ ရင်ခုန်စကာကောင်းတဲ့ ဟာတွေ အများကြီးရှိခဲ့တယ်။ အခုတော့ ဘယ်လိုပြောရမလဲ ကြာလာတော့ ထုံသွားတာလားမသိဘူး။ အကယ်ဒမီက သိပ်ရင်ခုန်စရာမကောင်းတော့သလိုပဲ။ အရင်မျှော်ခဲ့တဲ့ ဟာတွေရှိတယ်။ သူက ထုံးစံအတိုင်းပေါ့ နတ်ကြီးတယ် ဆိုတဲ့ အတိုင်း အကြောင်းအမျိုးမျိုး ညီညွတ်မှ ရတာ။ ညီညွတ်မှရတော့ ပင်ပန်းတယ် အဲ့တာကို ခေါင်းထဲလည်း သိပ်မထည့်တော့ဘူး။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်သွားရင် ပြီးသွားရော။ သူ့ဘာသာ ပေးချင်ပေးမှာပဲ မပေးချင် မပေးဘူး။ အဲ့အတွက် ရင်လည်း မခုန်ဘူး စိတ်လည်း မဝင်စားဘူး အဲ့လိုဖြစ်နေတယ်။ ဘယ်လိုမှကို မမြင်တာ စိတ်ထဲမှာ အကယ်ဒမီပွဲဆိုတာ ရှိတယ်လို့လည်း မထင်ဘူး။ အဲ့လိုဖြစ်နေတယ် ရှိတယ်လို့ကို မထင်တာ အဲ့လောက်အထိ စိတ်ဝင်စားတာ။”လို့ ပြောခဲ့ပါတယ်။

အကယ်ဒမီနဲ့ ပတ်သက်ပြီး ဂယက်တွေ ထနေကြတာနဲ့ ပတ်သက်ပြီးတော့လည်း “အဲ့တာတွေကလည်း ရိုးနေပြီ ရိုးနေတော့ အဲ့ဂယက်တွေကလည်း ရင်ခုန်စရာကို မကောင်းဘူး။ ဘာမှကို ရင်ခုန်စရာမကောင်းတာရင်းရော။ ဘာလို့လဲဆိုတော့ ပေးနေတဲ့ လူတွေကလည်း ရင်ခုန်စရာမကောင်းဘူး အဲ့လိုပဲ ထင်တယ်။”လို့ သူ့ရဲ့ အမြင်ကို ပြောသွားခဲ့ပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲက ပုံစံလေးနည်းနည်းလေးပြောင်းထားတာနဲ့ ပတ်သက်ပြီးတော့လည်း “နည်းနည်းလေးပြောင်းထားတယ်ဆိုတာ ဘာတွေပြောင်းထားလဲ တို့မှ မမြင်ရသေးတာ ဘယ်လိုလုပ်သိမှာလဲ။ အဲ့တော့ မသိသေးတဲ့ ကိစ္စတွေ အတွက်လည်း ဘာမှ မပြောလိုဘူး။ အဲ့တော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး လာမေးရင် ဘာဖြစ်လဲဆိုရင် ဘာမှမဖြစ်ဘူး။ ရင်ခုန်လားဆိုရင်လည်း ရင်လည်း မခုန်ဘူး။ ဘယ်လိုခံစားရလဲဆိုရင် ဘယ်လိုမှလည်း မခံစားရဘူး။”လို့ ပြောခဲ့ပါတယ်။

အကယ်ဒမီနဲ့ ပတ်သက်ပြီး ဘာတွေ ပြောင်းလဲရမလဲလို့ မေးမြန်းရာ “အကုန်ပြောင်းလဲရမယ် အကုန်လုံးပြောင်းလဲရမယ်။ ဥပမာ အကယ်ဒမီပွဲရဲ့ Presentation လိုဟာမျိုးလည်း ပါသလို အကယ်ဒမီရွေးချယ်ရေး ပုံစံလည်း ပါတယ်။ နောက် ရွေးသာရွေးနေကြတယ် အခုက ရွေးနေတဲ့ လူတွေပေါ့ တစ်ချို့ဆိုရင် အရမ်းကွာသွားပြီ။ ကွာသွားပြီဆိုတာ ခေတ်တွေရော အသုံးပြုတဲ့ ဟာတွေရော လူကြီးတွေ သိထားတဲ့ Film ဆိုတာ ဘယ်သူမှ မရိုက်ကြတော့ဘူး။ Digital တွေ ဖြစ်ကုန်ပြီ။ အဲ့ Digital ဖြစ်တဲ့ အချိန်မှာ အဆင့်တွေ ဖြတ်ရတာလည်း အများကြီး ပြောင်းလဲသွားတယ်။ အခုက အဲ့ Film ခေတ်က လူတွေကပဲ ပြန်ဖျက်နေတယ်ဆိုတော့ အဓိပ္ပါယ်သိပ်မရှိဘူး။ အဲ့တာကြောင့် ဦးတို့က ရန်မခုန်ဘူးလို့. ပြောတာ။ ဘာလို့လဲဆိုတော့ အခုဦးမျိုးတို့ သွားသင်လာတဲ့ဟာတောင်မှ ၂နှစ်ပဲ အာမခံတယ်။

၂နှစ်ပြီးသွားရင် အဲ့မှာ ပြန်ပြီးတော့ Upgrade လုပ်ရမယ်။ အဲ့လိုလုပ်နိုင်မှ မင်းဒီသင်တန်းကို တက်ပါလို့ပြောထားတယ်။ ဘာလို့လဲဆိုတော့ Technology ကပြောင်းတာက ၂နှစ်ဆိုရင် မင်းသိထားတာတွေ အကုန်လုံး မမှန်တော့ဘူးတဲ့။ အဲ့ခံဝန်ချက်နဲ့ သင်တန်းကို တက်ရတယ်။ အဲ့လိုကာလကြီးမှာ အဲ့လို Technology တေံအရမ်းပြောင်းလဲနေတဲ့ ကာလထဲမှာ ဟိုးတုန်းက နည်းပညာနဲ့ပဲ အကဲဖြတ်နေကြတယ်ဆိုတာက တော်တော်ကို ဆိုးတယ်။ တော်တော့ကို ဆိုးဝါးတယ် အဲ့တာကို လူငယ်တွေ အနေနဲ့ကလည်း ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။

ကားကောင်းတွေ ပါတယ်ဆိုတာတော့ ကောင်းပါတယ်။ ကောင်းတယ်ဆိုတာ ခုဏပြောပြီးပြီလေ ကြည့်တဲ့လူရဲ့ Skill က တော်ရုံတန်ရုံ Skill နဲ့မရဘူး။ ကြည့်တဲ့လူတွေအတွက်မရသလို ဖန်တီးတဲ့လူတွေအတွက်လည်း တော်ရုံတန်ရုံနဲ့ကို မရတော့ဘူး။ တကယ်ကောင်းအောင် ရိုက်နိုင်မှရတော့မယ်။ သစ်တာ ဟောင်းတာလည်း သိပ်အရေးမကြီးတော့ဘူး။ တကယ် Idea သစ်တွေနဲ့ အမြင်အသစ်တွေနဲ့ အဲ့လို ရိုက်နိုင်မှ ရတော့မယ်။

Comments are closed.